Zawgyi
လူကြမ်းလေးများ ဝင်မပြိုင်မှုကြောင့် Boss Down Count Down တွင် Dire Wolf မှ ဗိုလ်စွဲသွားပေ၏။ Player အတော်များများကတော့ အချောလေးသည် ဝံပုလွေပေါက်စတစ်ကောင်ကြောင့် တမင်ဝင်မပြိုင်တာဟု ဆိုကြသည့်အပြင် အချောလေးနှင့်ဝံပုလွေပေါက်စကြားတွင် ပတ်သက်မှုတစ်စုံတစ်ရာရှိလိမ့်မည်ဟု ပြောနေကြသည်။
"ဟယ်.. ဟယ် .. ငါ့ကိုကိုက သူ့အချစ်ကလေးကို အလျှော့ပေးတာပေါ့..."
"မနှစ်တုန်းက နင်ပဲသူ့ကိုကြိုက်တယ်ဆို..."
"တိတ်စမ်း! အခုက သူတို့က ငါ့သဘောင်္ပဲ..."
မိန်းကလေးများ၏ ပြောဆိုနေမှုနှင့်ပတ်သက်ပြီး လင်းယုဝေတစ်ယောက်စိတ်မကြည်ချင်တော့။ သူ့ ညီငယ်လေးကို နည်းနည်းလေးမှ အတိမ်းအစောင်း မခံနိုင်ပါချေ။
"ကဲကဲ... battle ground ကို တတ်နိုင်သလောက်ပဲကြိုးစားကြပါ..."
ဟန်မင်းပိုင်စကားကြောင့် တဖွဲ့လုံး၏ အကြည့်က သူ့ထံရောက်လာလေသည်။ ထုံးစံအတိုင်း ပါးချိုင့်များလေး ပေါ်အောင်ရယ်ရင်း...
"ရှုံးတော့လည်း ဘာဖြစ်လဲ အဓိကက ငါတို့ဘာသာ အကောင်းဆုံးလုပ်ခဲ့ရင်ပြီးတာပဲမဟုတ်လား..."
Dire Wolf Guild သည် သိပ်ပြီးကျော်ကြားလှသည့် Guild မဟုတ်သည်မို့ သူတို့ရှုံးခြင်းနိုင်ခြင်းက သိပ်လည်း ပြဿနာမဟုတ်။ သူတို့သည် သာမန်ကျောင်းသားဂိမ်းဆော့ကြသည့် ကောင်လေးများပေမို့ ဂိမ်းအရှုံးအနိုင်နှင့် ပတ်သက်ပြီး သိပ်လည်း လေးနက်မနေ။
သူတို့အသင်းသည် သူတို့ကဲ့သို့ အမည်သိပ်မကျော်ကြားသည့် အသင်းတစ်ခုနှင့်အတူ ယှဉ်ပြိုင်ရပေသည်။ လက်ရည်ခြင်းယှဉ်မည်ဆိုလျှင်တော့ Dire Wolf အသင်းက သာသည်ဟု ဆို၍ရ၏။ ရှင်းသန့်မောင်ကိုပဲ တစ်နှစ်ပတ်လုံးလိုက်သတ် လူကြမ်းလေးများဂိုဏ်းကို တစ်နှစ်ပတ်လုံး ပြဿနာရှာကာ ထိပ်တိုက်တွေ့နေ၍ပဲလားတော့ မသိ။ အခြားသော အသင်းများသည် သူတို့အတွက် ခက်ခဲမှုရှိမနေခဲ့။
"အဲ... ဝံပုလွေပေါက်စက လက်မတရားတက်နေပါလား ဒီပွဲသူတို့နိုင်မယ်ထင်တယ်..."
ပွဲစဉ်ရေးဆွဲမှုတွင် ချန်ပီယံအသင်းသည် ဖိုင်နယ်ရောက်မှသာ ဝင်ရောက်ယှဉ်ပြိုင်ရမည်မို့ ပြီးခဲ့သည့်နှစ်ချန်ပီယံများဖြစ်သည့် လူကြမ်းလေးများသည် Projector မှတစ်ဆင့် ဖော်ပြနေသည့် ရုပ်ပုံများကို အေးအေးဆေးဆေးကြည့်နေရုံသာ။
YOU ARE READING
The Little straight guy is so cute that I can't help but bent him. [OwnCreation]
RomanceA straight guy being bent by a gay he met on online game. #This Story is my own creation...