အပိုင်း - ၃၃ : တစ်ယောက်ကနေနောက်တစ်ယောက်ကို ပြောင်းချစ်ဖို့မလွယ်ဘူး။ (Z+U)

5.1K 862 95
                                    

Zawgyi

"ကြည့်မနေနဲ့... သူတို့ထွက်သွားပြီးကတည်းက ပြန်သွားပြီ..."

ထုံးစံအတိုင်း ချန်ပီယံနှစ်ထပ်ကွမ်းဆုကို သိမ်းပိုက်ပြီးနောက် ဆုကြေးကို လက်ခံပြီးနောက် ရှင်းသန့်မောင်၏ အကြည့်တို့က ဟိုဟိုသည်သည်။ သူရှာဖွေနေသည်ကို သိသည့် အာကာမိုးထက်တစ်ယောက် ရှင်းသန့်မောင်ကို အနားကပ်ကာပြောသည်။ ပြောရင်းဖြင့်လည်း သူ့ကိုယ်သူ မအီမလည်ခံစားနေရသည်။ သူက ရှင်းသန့်မောင်၏ မိန်းမလား၊ အမေလား။ ဘာကိစ္စမဆို ဒီကောင့်ရဲ့ အမူအရာလေးတွေကို ကြည့်လိုက်ရုံနဲ့သိနေရအောင်။

"ငါတို့ အောင်ပွဲသွားခံရအောင်..."

ပွဲပြီးချိန်က ထုံးစံအတိုင်း အရမ်းနောက်မကျသေးသည်မို့ ရှင်းသန့်မောင် ဆို၏။ သူ့ဘေးတွင်တော့ ပန်းကလေးဆိုသည့် ကောင်ကလေးသည် ရှိနေသည်။

"ငါတို့ရဲ့ မန်ဘာအသစ်လေးကိုလည်း ကြိုဆိုရတာပေါ့..."

သူ ပန်းကလေးကို ကြည့်ပြီးပြော၏။ အကုန်လုံး၏ အကြည့်များက ပန်းကလေးထံရောက်သွားသည်။ သူတို့၏ ခေါင်းဆောင်က အပြောင်းအလဲမြန်နေတာလား။ သူတို့ခေါင်းဆောင်၏ အချစ်ကလေးက အဖက်မလုပ်ဘဲ ပြန်သွားသည်မို့ ဘေးကတစ်ယောက်ကို ဆွဲစားဖို့ကြံနေတာလား။ ခေါင်းဆောင်... ခေါင်းဆောင်ဟာ အတော်မကောင်းတာပဲ။

အသင်းသားများ၏ အကြည့်ကြောင့် ရှင်းသန့်မောင် စားပွဲဝိုင်းတွင်ထိုင်ရမည်ကိုတောင် ရွံ့တွန့်တွန့်ဖြစ်သွား၏။ ဒီကောင်တွေက သူ့ကို မိတ်လိုက်ချိန်ရောက်နေတဲ့ ခွေးထီးတစ်ကောင်၊ ကြောင်ထီးတစ်ကောင်လို ထင်နေကြတာလား! သူက အရမ်းကိုရိုးသားပါတယ်နော်! သူ့ စိတ်ထဲမှာ ဟန်မင်းပိုင်တစ်ယောက်ပဲ အခုလောလောဆယ်ရှိသေးတာပါ! ပန်းကလေးကို သူလုံးဝ စိတ်မဝင်စားသေးပါဘူး! ပန်းကလေးက ကြည့်ကောင်းပြီး ဝံပုလွေပေါက်လေးလို အဆစ်အပေါက်သေးသေးနဲ့ ကောင်သေးသေးလေးဖြစ်ပေမဲ့ သူ့ရဲ့ ဝံပုလွေပေါက်စလေးက အပုံကြီးချစ်ဖို့ပိုကောင်းပါတယ်။ သူ့ဘာသာ ညိုချောချောရင် ဖြူချောမမှီဘူးပြောလည်း သူ ဖြူချောလေးကိုပဲ စိတ်ထဲရှိပါသေးတယ်။ အချစ်က အဲ့လိုကြီး ဝုန်းဒိုင်းဆိုပြီးပြောင်းရွှေ့လွယ်တာမှ မဟုတ်တာပဲ။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now