အပိုင်း - ၂၂ : ငါတို့ ပြန်တွေ့ကြရင် မင်းငါ့ကို မသိချင်ယောင်ဆောင်နေမှာလား...

5.2K 817 85
                                    

-Zawgyi

အပိုင်း - ၂၂ : ငါတို့ ပြန်တွေ့ကြရင် မင်းငါ့ကို မသိချင်ယောင်ဆောင်နေမှာလား...

"ဒီနှစ် tournament အတွက် အချိန်ဇယားထွက်ပြီ..."

"အင်..."

ယနေ့ညတွင် စာမေးပွဲလည်းနီးပြီမို့ ရှင်းသန့်မောင်တစ်ယောက် အာကာမိုးထက်အိမ်သို့ဝင်ရ၏။ အာ... နောက်တစ်နှစ်ရဲ့ tournament တောင်ရောက်လာပြီပေါ့။ အတွေးဖြင့် သူ့နှုတ်ခမ်းသည် ကော့ညွှတ်သွားသည်။ သို့သော် သူ့အပြုံးသည် မပီပြင်။

"ပြိုင်မဲ့ guild တွေစာရင်းပေးနေကြတယ်..."

ခုတင်ပေါ်တွင် မှောက်လျက်ဖုန်းသုံးနေရာမှ ကြမ်းပြင်တွင် စားပွဲဝိုင်းချကာ စာတွက်နေသည့် အာကာမိုးထက်ကို ရှင်းသန့်မောင်ကြည့်သည်။ အာကာမိုးထက်က စာလုပ်နေပြီး၊ သူကဖုန်းသုံးနေသော်လည်း tournament အကြောင်းကို ပြောလာသူက အာကာမိုးထက်ဖြစ်နေခြင်းက တစ်မျိုးတော့တစ်မျိုးကြီးဖြစ်နေသည်ဟု ထင်ရသော်လည်း သူနှင့်အာကာမိုးထက်သည် အမြဲတမ်း တစ်မျိုးကြီးဆိုသည့် အနေအထားမျိုးကို မရေတွက်နိုင်အောင် ကြုံကြိုက်ဖူးကြသူများဖြစ်သည်။

"မင်းက ဘာကိုပြောချင်နေတာလဲ..."

"အဲ့ဒီထဲမှာ Dire Wolf Guild ပါတယ်..."

"အိုး..."

အာကာမိုးထက်စကားကို ရှင်းသန့်မောင် ခေါင်းညိတ်၏။ သူ့မျက်လုံးထဲသည် တခဏ ဖျတ်ခနဲလက်ပြီး ပုံမှန်ပြန်ဖြစ်သွားတော့သည်။ လာတော့လည်းလာပေါ့ ဒါ သူ့ကိစ္စမှမဟုတ်ဘဲ။

"မင်း ပြိုင်မှာလား..."

"ဆုကြေးက ဘယ်လောက်လဲ... first ရတဲ့ team က ငါးသိန်းလား..."

"အင်း..."

"နိုင်ရင် တစ်ယောက်မှ ငါးသောင်းပဲရမှာ... သိပ်တော့မတန်ပေမဲ့လည်း ငါတို့ ကောင်းကောင်းသောက်စားလို့ရတာပဲ... မဆိုးပါဘူး... ငါ ပါရင် ငါတို့ guild က မနိုင်စရာမရှိပါဘူး..."

"မင်းကို local server ကိုယ်စားလှယ်က မ ban တာ အံ့အားသင့်စရာကိုကောင်းတယ်..."

"ဟွန့်... ငါ့ကို ban ရင် ငါ world server မှာပဲဆော့နေတော့မှာပေါ့..."

ရှင်းသန့်မောင်စကားကြောင့် အာကာမိုးထက် စိတ်မပါစွာရယ်ပြီး...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now