Zawgyi + Uni
'၁၉၉၇ ခုနှစ် သြဂုတ်လ ၁၄ ရက် ကြာသပတေးနေ့ မေချမ်းမြေ့ကို ဟုခေါ်သောကောင်မလေးတစ်ယောက်၏ မိဘများ ကားအက်စီးဒင့်ကြောင့် ဆုံးပါးသွားတာ တစ်ပတ်ပြည့်တဲ့နေ့'
မိုးတွင်းဖြစ်၍မိုးရွာခြင်းပဲလား...ဒါမှမဟုတ် အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို သူ့မိဘတွေ၏ခွဲခွာသွားခြင်းကို သနားလို့ပဲလား ကောင်းကင်တစ်ခွင်လုံးမိုးအုံ့မိုင်းနေခဲ့သည်။
ထို့အတူကောင်းကင်နဲ့အတူ စိတ်ထိုင်းမှိုင်းနေသည့် ကောင်မလေးတစ်ယောက်လဲရှိသဘ် ထိုသူကား ပန်းမြတ်ဖြိုးသွင်။
ရန်ကုန်ကနေ မှော်ဘီမိဘမဲ့ကျောင်းရောက်တဲ့အထိ ဘာစကားတစ်ခွန်းမှမပြော ဒီအချိန်မှာထပ် လွန်ခဲ့တဲ့တစ်ပတ်ခန့်ထဲက စကားမပြောပဲ ထိုကောင်မလေး၏မျက်ဝန်းထဲမှာ ငိုကြွေးနေတာကို အနားမှာရှိတဲ့ သူတွေသိကောင်းသိနိုင်ပါလိမ့်မည်။
"သမီးလေးချမ်းမြေ့...အခုဦးလေးတို့သွားနေတာ သမီးမိဘတွေ အမြဲသွားနေကျ မိဘမဲ့ကျောင်းလေးကွဲ့ သမီးမိဘနှစ်ပါးလုံးက ဒီကျောင်းလေးကိုလစဉ်အလျှူငွေထောက်ပံ့နေကျလေ အခုသူတို့ဆုံးပါးသွားတာ တစ်ပတ်ပြည့်သွားပြီဆိုတော့ သူတို့ရဲ့သေတမ်းစာထဲမှာပါတဲ့အတိုင်း ဒီကျောင်းလေးမှာ အလျှူလာလုပ်တာ ဟိုရောက်ရင် သမီးနားလည်မှာပါ"
ကားနောက်ခန်းမှာ ဘေးက ဦးလေးအရွယ် မေချမ်း၏အဖေဖြစ်သူ ယုံကြည်ရသောဦးဝေလွင်မှာ စကားပြောလာပေမဲ့ မေချမ်းကတော့
ကားပြတင်းပေါက်ကနေသာအပြင်ကိုသာ ငေးကြည့်နေမိသည်။ထိုခလေးရဲ့မိဘတွေဆုံးပါးသွားမှုပေါ်မှာ သူကိုယ်တိုင်လဲစိတ်မကောင်းပါသည် သူဋ္ဌေးက ကို့ရဲ့အကိုကို့ရဲ့ဆရာကို့ရဲ့ကျေးဇူးရှင်ဆိုတာလဲမမှားပါ ထို့ကြောင့် သူဋ္ဌေးဖြစ်တဲ့ ထိုခလေးမလေး၏ မိဘနှစ်ပါးမရှိတော့သည့်နောက်ပိုင်း ထိုခလေးကိုစောင့်ရှောက်ရန်သူမှာတာဝန်အပြည့်အ၀ရှိသည်ဟုသူထင်မိသည်။
ESTÁS LEYENDO
RomanceG x G (OC) -Drama x Romance- About-I always forgive to you! Z+U