အပိုင်း ၃ 🌷
3.4K 246 4
Zawgyi + Uni
ထို​နေ့ အတိအကျ​ပြောရရင်​ မမ​မေချမ်း​မြေ့ကိုရဲ့ ​စေ့စပ်​ပွဲသတင်​ကိုကြားသိရလိုက်​တဲ့​နေ့ အဲ့ဒီ့​နေ့က​နေ ပြန်​ရေကြည့်​ရင်​ ဒီ​နေ့နဲ့ဆို ပန်းမြတ်​ဖြိုးသွင်​ ချစ်​သက်​အိမ်မှာ ​သောင်​တင်​​နေသည်​မှာ တစ်​ပတ်​ရှိခဲ့ပါပြီ။
ချစ်​သက်​ဖြင့်​ ပန်းမြတ်​​ကြောင့်​ သူမအိမ်​ထဲမှာပဲထိုင်​​နေရသည်​မှာ တစ်​ပတ်​ရှိ​ကော​ပေါ့။
တစ်​​နေ့တစ်​​နေ့ဂိမ်း​ဆော့လိုက်​ Laptop တစ်​လုံးနဲ့ ဟိုpage ၀င်​ကြည့်​ ဒီ page ၀င်ကြည့်​လိုက်​ဖြင့်​ သူမက​တော့သာသာယာယာပါပဲ မသာယာ​နေတာက​တော့ ပန်းမြတ်​ပါ ဖုန်းတစ်​လုံးကိုင်​ပြီး ဘာ​တွေလုပ်​​နေမှန်းမသိ တစ်​ချက်​တစ်​ချက်​​တောက်​​ခေါက်​သံ​တွေကလဲကြားရ​သေးသည်​။
"ဖြိုး ထမင်းစားမယ်​​လေ လာ​တော့ ဘာလုပ်​​နေတာလဲ..."
သူမ ပန်းမြတ်​ထိုင်​​နေတဲ့ဆိုဖာ​ပေါ်မှာ ​ဘေးက​နေရာလွှတ်​မှာဝင်​မထိုင်​ပဲ တမင်​ကို ပန်းမြတ်​​​ပေါင်​တစ်​ခြမ်း​ပေါ်​ထိုင်​ချလိုက်​​တော့ ချက်​ချင်းပင်​ သူမကိုတွန်းချပြီးမတ်​တပ်​ထရပ်​တဲ့ခ​လေးမ​လေး တကယ်​လို​ဒီ​နေရာမှာ သူမ မဟုတ်​ပဲ မ​မေချမ်းသာဆိုရင်​​ကောဆိုတဲ့အ​တွေးက မဖိတ်​​ခေါ်ပဲ​ရောက်​လာပြန်​တယ်​။
"လာ​လေ စားမယ်​​လေ ဘာထိုင်​ပြီးငါ့ကိုကြည့်​​နေတာလဲ မမြင်​ဖူးတာလဲမဟုတ်​ပဲနဲ့..."
"အဟား...မဟုတ်​ပါဘူး ဒီလိုပါပဲ လာ...ငါတို့စား​နေကျဆိုင်​က ငါ deli မှာလိုက်​တာ...နင်​ကြိုက်​တာ​တွေကြီးပဲ..."
ထမင်းစားခန်းထဲက စားပွဲခုံမှာ သူမတို့နှစ်​​ယောက်​မျက်​နှာချင်းထိုင်​​တော့ ချစ်​သက်​က သူမလုပ်​​ပေး​နေကျအတိုင်း ​ပန်းမြတ်​အတွက်​ ထမင်းအရင်​ထည့်​​ပေးကာ ပြီးမှသူမပန်းကန်​ထဲထမင်းခတ်​ထည့်​သည်​ ချစ်​သက်​က ဘယ်​​လောက်​ပင်​ အသက်​ကြီး​နေပါ​စေ ပန်းမြတ်​ကိုဦးစား​ပေးလာတာ သူမတို့သိစဉ်​ကထဲကဆို​တော့ အပြုအမှု​တွေက နှစ်​​ယောက်​လုံးအတွက်​ဆန်းကြယ်​မ​နေ​တော့။