Z.C + U.C ©
'ခွမ်း...´ ခတ်ဆက်ဆက် အသံတစ်သံနှင့် ပျံကျဲနေသော ဖန်ကွဲစများက ဦးရာဇ၏ အိမ်ရှေ့ဧည့်ခန်း၌ ပြန့်ကျဲနေလျှက်။ ဘာကြောင့်လဲဆိုတာ မေးကြည့်ရန်မလို တွေးကြည့်တာနှင့်တင်သိနိုင်လောက်ပါသည်။
ဒီရက်ပိုင်းအလုပ်လုပ်ရတာအဆင်မပြေ အဆိုးဆုံးက သူကိုယ်တိုင်လှုပ်ရှားတာတောင် မီးခိုးကြွက်လျောက် တောက်လျောက်လိုက်ခံနေရသည်။ ထို့်ပြင် အိမ်အနီးနားပတ်ဝန်းကျင်၌လဲ မျက်စိဒေါက်ထောက်ကြည့်ခံနေရသည့်ခံစားချက်မျိုးဖြင့် တနေရာရာက သို့မဟုတ် သူ့မျက်ကွယ်နေရာကနေ သူ့ကိုတစ်စုံတစ်ယောက်ကြည့်နေသလို ခံစားနေရသည့် ခံစားချက်က ဒီရက်ပိုင်းပိုပိုဆိုးလာသည်။
"ဟင်း...နောက်ဆုံဇာက်သိမ်းကဒီလိုတွေဖြစ်မယ်မှန်းသိရဲ့နဲ့ ပိုးဖလံမျိုးမီးကိုတိုးဆိုတဲ့ စကားပုံးအတိုင်း ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာတာပဲ အဟက်..."
လူကြီးတစ်ယောက်ပီပီကို ငိုချင်စိတ်ကိုတင်းလို့ လက်သီးဆုတ်ကာ မျိုသိပ်ထားတဲ့ခံစားမှုတွေနဲ့အတူပြောမိတော့ မျက်ရည်လေးက၀ဲချင်နေတုန်းပဲ။ ငယ်ငယ်ကထဲက မိဘတွေနဲ့အနေမနီးခဲ့လို့ စိတ်အားငယ်မှုများနှင့်အတိုက်အခံလုပ်ကာ ကိုယ့်ခံယူချက်အတိုင်းလိုက်ပေမဲ့လို့ နောက်ဆုံးရလဒ်ကအမှောင်ထဲကလူသားသာဖြစ်နေပြန်သည်။
တစ်ယောက်ထဲ အတွေးများနေတဲ့ ဦးရာဇကို သက်ပိုင်ကနောက်ကကြည့်ရင်း စိတ်မကောင်းဖြစ်ရသည်။ သူနဲ့သိကျွမ်းခဲ့တဲ့တစ်လျောက်မှာ ဦးရာဇကို တဖြည်းဖြည်းနာလည်လာတယ်ပဲပြောရမလား။ ကိုယ့်စိတ်ကလုပ်ချင်စိတ်မရှိပါပဲ လုပ်မှဖြစ်မယ်ဆိုတဲ့ တိုက်တွန်းမှုပယောဂကြောင့် တဖြည်းဖြည်း အမှောင်နွံမှာကျရှုံးနေသလိုမျိုးပေါ့။
သူ့လို တစ်ကောင်ကြွက်အဖို့ သေမြေကြီးရှင်ရွှေထီးဆိုကာ မိမိ၏ မိုက်ပြစ်ဆိုးပေမှုများကြောင့် ဤလုပ်ငန်းများလုပ်ကိုင်နေပါသော်လဲ ဦးရာဇက ထိုသို့မဟုတ်ခဲ့ဘူးဆိုတာ တဖြည်းဖြည်းသိလာခဲ့သည်။ ထို့ကြောင့် ဦးရာဇရင်ဆိုင်ရမည့် တစ်ချို့သော ဥပဒေလမ်းပေါ်ပြေးနေရသည့်အလုပ်များကို သူကိုယ်တိုင်လုပ်ခဲ့ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/170639947-288-k891493.jpg)
BẠN ĐANG ĐỌC
Lãng mạnG x G (OC) -Drama x Romance- About-I always forgive to you! Z+U