အပိုင်း ၉ 🌷
2.3K 210 13
ZC + UC ©
တစ်​ရက်​ပြီးတစ်​ရက်​သာ ​ချောင်းသာမှာသူမရဲ့အချိန်​​တွေကုန်​ဆုံး​​နေတာ သူမရဲ့စိတ်​က​တော့ ထို​ချောင်းသာ၌ရှိမ​နေခဲ့ပါ။ သို့​ပေမဲ့ သူမစိတ်​​တွေ​ပေါ့ပါးလွန်းသည်​။ အရင်​လို စိုးရိမ်​မှု​တွေရှိမ​နေ​တော့ဘူး အရင်​လို ကြိတ်​ပြီးဝမ်းနည်းမျက်​ရည်​၀ဲစရာမရှိ​တော့ဘူး။ ကြည့်​ရတာသူမ​ပြောင်းလဲလာပြီထင်​ပါရဲ့။
သူမရဲ့အ​ဆောင်​​ရှေ့​မြင်​ကွင်းက သူမအကြိုက်​ ပင်​လယ်​ပါမြင်​ရသည်​ ထို့ပြင်​ ကမ်း​ခြေတစ်​​လျောက်​က မြင်​ကွင်းများလဲမြင်​ရသဖြင့်​ သူမအတွက်​စီစဉ်​​ပေး​သော သူငယ်​ချင်းနှစ်​​ယောက်​ကိုအထူး​ကျေးဇူးတင်​မိသည်​။
ကမ်း​ခြေဘက်​​ငေးကြည့်​မိ​တော့ ​ကောင်​မ​လေးတစ်​​ယောက်​က ပုဇွန်​​ကြော်​​တွေကို​ခေါင်း​ပေါ်ရွက်​​ကာလိုက်​​ရောင်း​နေသည်​ကိုမြင်​​တော့ သူမဗိုက်​ထဲက ချက်​ချင်းဆိုသလို အချက်​​ပေးလာသည်​။ ထို့​ကြောင့်​ ထို​ကောင်​​မ​လေးနားကိုအ​ပြေးသွားပြီး အရိပ်​ရသည့်​​နေရာသို့​ခေါ်လာကာ သူမရွက်​ထားသည့်​ဗန်းကိုချ​ပေးလိုက်​​တော့ ဗန်းထဲ၌ သူမအကြိုက်​ ပုဇွန်​​ကျော်​များမပြင်​တစ်​ခြားအ​ကြော်​များ​လဲပါ​သေးသည်​။
ထို့ပြင်​ ​ထို​ကောင်​မ​လေးလက်​မှာဆွဲလာသည့်​​ရေပုံးထဲ၌လဲ သံပုချုပ်​များပါရှိ​သေးသည်​။ ပင်​လယ်​သာဆို အ​သေရရ အရှင်​ရရကြိုက်​သည့်​သူမအဖို့ ​နောင်​ခါလာ​နောင်​ခါ​ဈေး ဗိုက်​ပြည့်​​အောင်​စားမိသွားသည်​။
"ဟီး...​နောက်​​နေ့လဲလာအုန်း​နော်​ ညီမ​လေး အမက ဒီလိုမျိုး​တွေမစားရတာကြာပြီ ​ဟော်​တယ်​စာ​တွေကြီးပဲစား​နေရတာ ရိုးအီလာပြီ တစ်​ခါတစ်​​လေ စိတ်​လွှတ်​ကိုယ်​လွှတ်​စားချင်​တာ"
"ဟုတ်​ကဲ့ပါမမရဲ့ မမစားချင်​တယ်​ဆိုရင်​ ညီမ​ ​နောက်​​နေ့ အခုလိုအမျိုးအစားစုံတဲ့အခါကျရင်​ ဒီဘက်​လည့်​လာမယ်​ အဲ့ကျရင်​ ထပ်​အား​ပေး​ပေါ့​နော့"
လင်းလဲ့တို့သိရင်​သူမကိုဆူအုန်းမည်​မှာ​သေချာသ​လောက်​ပင်​။ အပြင်​စာများစားပြီးရင်​ ကိုယ့်​အ​ကြောင်းကိုယ်​သိစွာ အစာအိမ်​​ဆေးက​တော့​သောက်​ရပြန်​​သေးသည်​။ ​တော်​ကြာ ညကြီးမင်းကြီး ဗိုက်​ထ​အောင့်​ရင်​ ကူပါကယ်​ပါဖြစ်​​နေရင်​ဒုက္ခ​လေ။