အပိုင်း ၄ 🌷
2.7K 200 8
Zawgyi ကော Unicode ကောရေးပေးထားပါကြောင်း။
🌷🌷🌷
မနတ်​ ၆ နာရီထိုးသည်​နှင့်​ သူမ၏မျက်​၀န်းကအလိုလိုပွင့်​​နေပြီးသား ဖြင့်​လင့်​ကစား တ​နေ့တာအတွက်​သူမလုပ်​ရမည့်​အလုပ်​ ၀တ္တရား တာဝန်​များက ​ဦး​နှောက်​အသိဥာဏ်​ထဲမှာ အလိုလို​နေရာယူပြီးပြီဖြစ်​သည်​။
"ဟူး...လင်းလဲ့ကိုအကျိုးအ​ကြောင်းပြန်​ရှင်းပြရအုန်းမှာပဲ ညကငါ့ကို​တော်​​တော်​စိတ်​ဆိုးသွားလားမသိဘူး..."
မနတ်​​စောစာစီးစီးမှာပင်​ သက်​ပြင်းချသံနှင့်​အတူ ​မေချမ်း​မြေ့ကို၏ တ​နေ့တာကိုစတင်​ရပြန်​သည်​။
မ​နေ့ညက ပန်းမြတ်​ဖြိုးသွင်​၏ ​တောင်းဆိုမှု​ကြောင့်​ လင်းလဲ့​ကို အကူအညီလှမ်း​တောင်းရ​သော်​လဲ ထိုလင်းလဲ့နှင့်​ သူနှင့်​အဆင်​မ​ပြေတာပဲအဖတ်​တင်​သည်​။
ဒါ့​ကြောင့်​ ဒီ​နေ့ရုံး​ရောက်​လျှင်​ သူမတို့သူငယ်​ချင်းနှစ်​​ယောက်​ အဆင်​​ပြေ​အောင်​ညှိရ​ပေအုန်းမည်​။
သူမ​ရေမိုးချိုးအ၀တ်​အစားလဲလှယ်​ပြီးကာ အလုပ်​သွားရန်​ပြင်​ဆင်​​တော့ မနတ်​စာစားပွဲဝိုင်းမှာ ​ဒေါ်​လေးနန်းနှင့်​ဇူးဇူးက အပြုံးဖြင့်​ကြိုဆို​သော်​လဲ သူမ​မျှော်​လင့်​ရသူမဟုတ်​သည့်​အတွက်​​ကြောင့်​ အနည်းငယ်​မျှ​တော့စိတ်​မ​ကောင်း​ချေ။
အမြဲတမ်းလိုလို ထိုထမင်းစားပွဲဝိုင်းမှာ သူမတစ်​​ယောက်​ထဲထိုင်​ကာစားရ​ပေမဲ့ တစ်​​ခါတစ်​​လေများဆိုသည့်​အသိစိတ်​နှင့်​​မျှော်​လင့်​ခဲ့ရတာ အချိန်​မည်​မျှပင်​ကြာ​နေပါ​စေ သူမဆက်​လက်​၍​မျှော်​လင့်​​နေတုန်းပင်​။
ထမင်းစားရင်​ အသံတိတ်​ကာတစ်​​ယောက်​ထဲစား​နေကျဖြစ်​သည့်​အတွက်​​ကြောင့်​ ဇူးဇူးက​ဘေးက​နေသူမလိုတာရှိရင်​လုပ်​ကိုင်​​ပေးဖို့အသင့်​ဖြစ်​​နေ​သော်​လဲ သူမက​တော့မနတ်​စာစားရတာ ဟိုနဲနဲဒီနဲနဲသာ။
"သမီး...စားမ​ကောင်းဘူးလား ​ဒေါ်​ဒေါ်နန်းဘာလုပ်​​ပေးရမလဲ ဒီရက်​ပိုင်း သမီးမျက်​နှာလဲမ​ကောင်းဘူး​နော်​ မျက်​နှာ​လေး​တောင်​​ချောင်​ကျသွားတယ်​..."
"မဟုတ်​ပါဘူး​...စားလို့​ကောင်းပါတယ်​ သမီးကသာ စားချင်​စိတ်​မရှိဖြစ်​​နေတာ ညကအိပ်​​ရေးပျက်​သွားလို့ဖြစ်​မယ်​ အခုသမီး​လဲစားသငွသ​လောက်​စားပြီးသွားပြီဆို​တော့ သမီးအလုပ်​သွားလိုက်​အုန်းမယ်​​နော်​ ​ဒေါ်​​လေး​နန်း..."