အပိုင်း ၂ 🌷
4.6K 302 24
Zawgyi + Uni
ချစ်​သက်​ ဒီ​နေ့ ​စော​စောနိုး​နေသည်​ ပုံမှန်​ဆို ​၉ နာရီ​လောက်​မှနိုးတယ်​ဆို​ပေမဲ့ ပန်း ရဲ့ကိစ္စနဲ့ပတ်​သက်​ပြီး သူရဲ့အမက ကိုယ်​နဲ့​တွေ့ချင်​လို့တဲ့။
ပန်းမသိပါပဲနဲ့ မ​ချမ်း​မြေ့ နဲ့အပြင်​မှာစုံဖူးတာ ဒီ​နေ့ပါနဲ့ဆို နှစ်​ခါလားပဲရှိပါ​သေးသည်​ လွန်​ခဲ့​သော​​ကျောင်းတက်​တုန်းကတစ်​ခါ အခုတစ်​ခါ တစ်​ခါတစ်​​လေမှသာ ဖုန်းနဲ့အဆက်​အသွယ်​လုပ်​ဖြစ်​သည်​။
ကိုယ်​စိတ်​ပူသလို မ​ချမ်း​မြေ့ ကလဲ ပန်းကိုလွန်​စွာစိတ်​ပူတက်​သည်​ တစ်​ခါတစ်​​လေ​တွေးမိတယ်​ ရိုးမှရိုးရဲ့လားလို့ ဒါ​ပေမဲ့ ​မ​ချမ်း​မြေ့က သူ့ရဲ့သူငယ်​ချင်း​​ကောင်​​လေးနဲ့ဘာလိုလိုညာလိုလို သတင်း​တွေထွက်​​နေ​တော့သူမအ​တွေး​ချော်​​နေတာပဲဖြစ်​မှာပါဟု​ဖြေသိမ့်​မိသည်​။
မချမ်း​မြေ့က ​တွေ့မယ်​လို့သာ​ပြောပြီး ​တွေ့မဲ့​နေရာမ​ပြော​လေ​တော့ ကိုယ်​ကပဲ ကိုယ့်​အကြိုက်​ Private ဆန်​ဆန်​​နေရာမှပဲချိန်းဖြစ်​တယ်​ ကိုယ်​က​ဘောစိမဟုတ်​​ပေမဲ့ အိမ်​ကလူကြီး​တွေက သူတို့အဆင့်​နဲ့ကိုက်​​အောင်​ဆိုပြီး ကိုယ့်​အတွက်​ သီးသန့်​ကွန်​ဒိုတစ်​ခန်း ကားတစ်​စီး စီစဉ်​​ပေးထားသည်​ လစဉ်​လဲဘဏ့်​အ​ကောင့်​ထဲမှာ သိန်း၂၀ ​လောက်​၀င်​​နေကျဖြစ်​သည်​။
အိမ်​ကလူကြီး​တွေကိုသူ့ကိုသမီးလို့​တောင်​သက်​မှတ်​ရဲ့လားမသိ သူတို့ရဲ့သားလိမ်​မာသမီးလိမ်​မာ အကိုနဲ့အမကိုသာဖူးဖူးမှုတ်​ထားကျတာ သူ့ကိုဖုတ်​​လေတဲ့ငပိရှိတယ်​လို့​တောင်​မထင်​ကျ။
သူတို့ကအဆက်​အသွယ်​လုပ်​လာလျှင်​လဲ ကိုယ်​က အ​ကြောင်းပြချက်​မျိုးစုံဖြင့်​​ရှောင်​ထွက်​​နေကျ သူတို့ဘာလို့ဆက်​သွယ်​ချင်​လဲဆိုတာသိ​နေတာကိုး ကိုယ့်​ရဲ့လွတ်​လပ်​မှုကိုထိန်းချုပ်​ပြီး လူကို​နောက်​ထပ်​အကျယ်​ချုပ်​ထပ်​ထားမလို့ဆိုတာသူမသိတာ​ပေါ့။
ကိုယ်​ကလဲ ဟိုဂျစ်​ကန်​ကန်​​ကောင်​စိုးမ​လေးကလွဲပြီး မျက်​လုံးထဲကျန်​တာမတိုး​တော့ သူတို့ဘာသာဘယ်​​လောက်​ပဲ အိမ်​​ထောင်​ချ​ပေးရန်​စီစဉ်​ပါ​စေ ကိုယ့်​ဘက်​ကဖိလ်းမလာ​တော့ဒုက္ခ။