အပိုင်း ၆ 🌷
2.5K 217 4
(Zawgyi+Uni)
လစဉ်​ပြုလုပ်​​နေကျအ​စည်း​ဝေးဖြစ်​သည့်​အ​လျောက်​ အစည်း​ဝေးခန်းမကြီးထဲတွင်​ ၀န်​ထမ်းအချို့နှင့်​ ရှယ်​ယာရှင်​များစွာ။
ပုံမှန်​လုပ်​​နေကျအတိုင်းပင်​ ​မေချမ်းက​တော့ ကုမ္ပဏီ၏ ​ရှေ့​ရေးကို​ဆွေး​နွေးတိုင်​ပင်​​နေခဲ့သည်​။
ထိုအချိန်​မှာပင်​ အစည်း​ဝေးခန်းမထဲသို့ဝင်​​ရောက်​လာသည့်​ ဦးရာဇ ထို့အြင်​ ကုမ္ပဏီ၏ အတိုင်​ပင်​ခံ ​ရှေ့​နေနှစ်​ယောက်​။
"​Sorry ပါဗျာ ကျွန်​​တော်​​နောက်​ကျသွားတယ်​ လာရင်းနဲ့ကိစ္စ​လေးတစ်​ခု​ကြောင့်​​ကြောင့်​အခုလို​နောက်​ကျသွားတာ ​အော်​ ​ပြောစရာရှိတာဆက်​​ပြောကျ​လေ အာ့ ဒါနဲ့ ​လေးစားရပါ​သော ဥက္ကဋ္ဌကြီးဗျ ဟိုးအရင်​ဒီ com. ကိုစတည်​​ထောင်​တုန်းက​ပြောခဲ့တာ​လေးများမှတ်​မိ​သေးလားမသိဘူး"
ရုတ်​တရပ်​ကြီးဘာစကား​​တွေ​ပြော​နေလဲဆိုတာမသိ​သေး​ပေမဲ့ ​ကောင်းမဲ့​ကိစ္စမဟုတ်​ဘူးဆိုတာ​တော့ သူမရိပ်​မိသည်​။
ထိုအတွက်​လဲ လင်းလဲ့က သူထိုင်​​နေ​သော​နေရာမှ သူ့​ဘေးသို့​ရောက်​ရှိလာခဲ့သည်​။
ကမ္ဘာက​တော့ သူ၏ဦး​လေးဖြစ်​သူဆီကိုသွားမလို့​ပေမဲ့ မ​ရောက်​ခင်​မှ. ဦးရာဇလက်​​အောက်​မှ​လူတစ်​ချို့ကတားဆီး​လေ​တော့သူ့မှာလက်​​လျော့ထားရသည်​။
"အခုဦး​ပြောမဲ့ကိစ္စက ဟိုးအရင်​ထဲက ဒီကရှယ်​ယာရှင်​​တွေ​ရော သမီး​မေချမ်းကပါသ​ဘောတူလက်​ခံထားတဲ့ကိစ္စတစ်​ခုဆိုတာ​ ​ဟောဒီ့က ​ရှေ့​နေကြီး​တွေလဲအသိပဲဖြစ်​မှာပါ ​ထွေ​ထွေထူးထူးသိပ်​​ပြောစရာ​တော့မရှိပါဘူး အ​ရေးကြီးဆုံးအချက်​က အခု ဥက္ကဋ္ဌ ​နေရာမှာထိုင်​​နေတဲ့သူနဲ့ ​ထောက်​ခံ​ပေးမဲ့ရှယ်​ယာရှင်​​တွေ​ပေါင်းရင်​ ရှယ်​ယာစုစု​ပေါင်းကို ၄၅ ရာခိငြ်​နှုန်းအထပ်​ရှိမှသာလျှင်​ အဲ့ဒီ့ ဥက္ကဋ္ဌ ​နေရာကိုထိုင်​ရမှာဖြစ်​​ပေမဲ့လို့ အခုလက်​ရှိ ဥက္ကဋ္ဌ ​နေရာမှထိုင်​​နေတဲ့ သူရှိမှာ ကိုယ်​ပိုင်​ရှယ်​ယာ​စုစု​ပေါင်း ၁၅ ရာခိုင်​နှုန်းပဲရှိတယ်​ဆိုတာ ​ဟောဒီ့အခန်းထဲမှာထိုင်​​နေကျတဲ့ ရှယ်​ယာရှင်​များသိကျလားမသိဘူး"