အပိုင်း ၇ 🌷
2.8K 205 3
[Zawgyi+Uni]
သူမကမ္ဘာကဘာလဲလို့​မေးရင်​ သူ့မှာ​ဖြေစရာရယ်​လို့​ရေ​ရေရာရာမရှိ သို့​ပေမဲ့ လူတစ်​​ယောက်​နှင့်​​တွေ့ဆုံခဲ့ရသည့်​အချိန်​ကာလတစ်​ခုမှာ​တော့ သူမကမ္ဘာဟာဘာလဲဆိုသည့်​အ​ဖြေတစ်​ခုရလာခဲ့သည်​။
မိဘမဲ့​ကျောင်းဆိုတာ သူမလူမှန်သိတဲ့စအရွယ်​ထဲကရင်းနှီးလာသည့်​​နေရာတစ်​ခု အချိန်​နဲ့ထတယ်​ အချိန်​နဲ့စားရတယ်​ လူကြီး​တွေ​ပြောသလို သူမဟာ ကျစ်​ကန်​ကန်​မိန်းမ​ဆိုး​လေတစ်​​ယောက်​ ဒါ့အပြင်​ ခတ်​ဆိုးဆိုးလူကြီးမိဘ...သူတို့​ပြောသလိုမိဘမဲ့မို့ဆိုဆုံးမမည့်​သူမရှိသည့်​ ​ခ​လေးတစ်​​ယောက်​။
သူများနည်းတူ သူမသည်​လဲ ဒီမိဘမဲ့​ကျောင်းမှာ မိဘမဲ့တစ်​​ယောက်​ဖြစ်​ပါလျပ်​နှင့်​ သူမကိုပဲ ဘာလို့မိဘမဲ့ဆိုပြီးဝိုင်းပစ်​ပယ်​ခြင်းခံ​နေရတာလဲ။
တစ်​ရက်​ မထင်​မှတ်​ပဲကြားလိုက်​တာ သူမအ​မေကိုသူမအ​ဖေက မူးမူးရူးရူးနှင့်​သက်​ခဲ့တာဖြစ်​​ကြောင်း ဒီအ​ကြောင်း​တွေကို သူတစ်​​ယောက်​ထဲမသိ​သေးပဲ ကျန်​တဲ့သူ​တွေကသိ​နေတယ်​ဆိုတာမတရားဘူးပဲ။
နောက်​မှသိလိုက်​ရတာ လူ​တွေဆိုတာ ကိုယ့်​အ​ကြောင်းထပ်​ သူများအ​ကြောင်းကိုပိုစိတ်​၀င်​စားပြီး ပိုအတင်း​ပြောတက်​​ကြောင်းကို။
ထိုကိစ္စ​ကြောင့်​ပဲ လူ​တွေနဲ့ပို​ဝေးကွာသလိုခံစားရတယ်​ ခ​လေးပီပီ သူများတကာနှင့်​ တွဲဖတ်​​ဆော့ကစား​လေ့မရှိ​တော့ သူမစိတ်​ထင်​ရာသာသူမလုပ်​​နေပြီး ပတ်​၀န်းကျင်​ကိုလျစ်​လျူရှုဖို့အ​ကြောင်းဖန်​လာတယ်​။
ဒါ​ပေမဲ့ သူမဘ၀ထဲကို သူမ၏ ကမ္ဘာရယ်​လို့သက်​မှတ်​ရမဲ့လူတစ်​​ယောက်​က မထင်​မှတ်​ပဲဝင်​လာခဲ့ချိန်​မှာ​တော့အရာရာက​ပြောင်းလဲနှင့်​​နေပြီဖြစ်​တယ်​။
တ​နေ့ သူမမထင်​မှတ်​ပဲ သူမထပ်​အသက်​အနည်းငယ်​ကြီးမည့်​ မိန်းခ​လေးတစ်​ဦးနှင့်​​တွေ့ဆုံခဲ့သည်​နယ်​ သူမဘ၀မယ်​ မထင်​မှတ်​တာ​တွေစတင်​ကြုံ​တွေ့လာရတယ်​။