အပိုင်း ၈ 🌷
2.3K 197 8
Z.C + U.C ©
သူ၏ရုံးခန်းအတွင်းသို့မ၀င်​ခင်​ ၀န်​ထမ်း​ကောင်​​လေးတစ်​​ယောက်​ထံမှ သူ့ဆီစာ​အိတ်​​ရောက်​​နေသည်​ဆို​သော​ကြောင့်​ အနည်းငယ်​​ကြောင်​အန်းသွား​သေးသည်​။
သူ့ဆီသို့တကူးတကစာပို့မည်​သူဆိုတာမည်​သူရှိမည်​နည်း ထို့​ကြောင့်​ အ​တွေးများစွာဖြင့်​အခန်းထဲဝင်​လာ​တော့ သူ၏စားပွဲ​ပေါ်မှာ ​နေရာယူထားသည့်​ ခတ်​ပွပွစာအိတ်​တစ်​လုံး။
သူ၏ထိုင်​ခုံမှာထိုင်​ပြီး စာအိတ်​ကို​ဖွင့်​ကြည့်​မိ​တော့ ဓာက်​ပုံတစ်​ချို့က သူ့ကို​လှောင်​ရယ်​ပြု​နေလျက်​။ ထိုဓာက်​ပုံများက​တော့ သူနှင့်​အတူ မူးယစ်​​ဆေးဝါးများ ​ရောင်းဝယ်​မှုပြု​နေသည့်​ပုံများနှင့်​ သူ၏ ရာဇ၀တ်​မှုတစ်​ချို့။
ဦးရာဇ၏ မျက်​နှာ၌ ချက်​ချင်းပင်​ ရဲတက်​လာပြီး လက်​​တွေပါတုန်​တက်​လာကာ နှဖူးထပ်​၌​ချွေးစ​လေးများထွက်​လာခဲ့သည်​။ ထို့ပြင်​ မျက်​လုံးအစုံမှာလဲ ​ကနာမငြိမ်​ပဲ ညာဘက်​လက်​နဲ့ လည်​ပင်းကိုပွတ်​မိကာဖြင့်​ ​ဘေးနားမှာအသင့်​ချထား​သော ​ရေခွက်​ထဲမှ​ရေကိုယူ​သောက်​မိသည်​။
ထို့​နောက်​ သူ့မျက်​စိ​ရှေ့ရှိဓာက်​ပုံများကို တစ်​စစီဖြဲပျစ်​လိုက်​ပြီး လက်​သီးကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ကာ ​တောက်​​ခေါက်​လိုက်​မိပြန်​သည်​။
"ဘယ်​သူလဲ...ငါ့​နောက်​​ကြောင်း​တွေကိုစုံစမ်း​နေရ​အောင်​ ဘယ်​သူလဲ ဘာလို့ ဘာလို့ အခုမှ ဒီကိစ္စ​တွေဖြစ်​လာရတာလဲ မဟုတ်​မှ ဟိုခ​လေးမ​လေးလား...ဟာ သူသာဖြစ်​ခဲ့ရင်​ လွန်​ခဲ့တဲ့ ဆယ်​နှစ်​​ကျော်​ ဆယ့်​ငါးနှစ်​ကဟာ​တွေသူဘယ်​လိုလုပ်​ပြီးသိမှာလဲ ဒါဆို သူမဟုတ်​ရင်​ ဘယ်​သူလဲ"
တစ်​​ယောက်​ထဲ အကြံအိုက်​ကာ ​တောင်​​တွေး​မြောက်​​တွေးစဉ်းစား​နေမိသည်​။ ထို့​နောက်​ သူ့မျက်​၀န်း​တွေမှိတ်​ချလိုက်​ပြီး စိတ်​ငြိမ်​​အောင်​ပြုလုပ်​လိုက်​ရသည်​။
"ဒီကိစ္စ..ဒီကိစ္စ​တွေ အကိုကြီးသိလို့လုံးဝမဖြစ်​ဘူး ဒါငါ့ကို တမင်​အသိ​ပေးတာ ဟာကွာ..."