🍁

3 1 0
                                    

ကျ​နော့်​ရဲ့ ရူး​ကြောင်​​ကြောင်​ခံစားချက်​​တေကို
ရင်​ဖွင့်​ချင်​တယ်​ Joon.......

နား​ထောင်​​ပေးမယ်​ မဟုတ်​လား ~~

သူများတကာလို လှလှပပ​ဖွဲ့နွဲ့​ရေးပီး ​ပြောပြ
ချင်​​ပေမဲ့ ဆယ်​တန်းကတည်းက စာစီစာကုံး
ဖြေတိုင်း 5 မှတ်​ အထက်​ကို ​ယောင်​လို့​တောင်
တက်​မလာရှာတဲ့ အ​ရေးအသားစွမ်းရည်​နဲ့ 
ပေါက်​ကရပဲထွက်​တတ်​တဲ့ ​သောက်​ကျိုးနည်း
ဦး​နှောက်​​ကြောင့်​ မ​နေနိုင်​လို့် ကမြင်းပီး​ရေးတဲ့
စာ​တွေထဲမှာ ​ထော်​​လော်​ကန့်​လန့်​နဲ့ 
ပေါ​ကြောင်​​ကြောင်​နိုင်​တာ​တွေ ပါလာရင်​လဲ
အာပြဲကြီးနဲ့​တော့ ​အော်​မရယ်​ပါနဲ့.....

" my oxyJOON " လို့​တော့ နာမည်​ ​ပေးထား
တာပဲ။ ဒါ​ပေမယ့်​ ခင်​ဗျားအ​ကြောင်းထက်
ကျ​နော့်​အ​ကြောင်းက 70% ​လောက်​ ပါမယ်
ဆိုတာ​တော့ ကြို​ပြောထားပါရ​စေ။

ဘာလို့ဆို ခင်​ဗျားအ​ကြောင်း
တော်​​တော်​များများကို သိသင့်​သ​လောက်
ကျ​နော်​ သိထားပီမို့ ခင်​ဗျားဘာမှ မသိ​သေးတဲ့
ကျ​နော့်​အ​ကြောင်း​ကို ​ဖောက်​သည်​ချမယ်​လို့
Plan ဆွဲထားလို့ပဲ 😊

စိတ်​ဝင်​စားစရာ​ကောင်းသည်​ဖြစ်​​စေ ၊ ပျင်းစရာ
ကောင်းသည်​ဖြစ်​​စေ ခင်​ဗျားနား​ထောင်​​ပေးပါ..

ပြောချင်​တာ​တေက​တော့ အများကြီးပဲ...
ခင်​ဗျားမကြားနိုင်​တာ သိ​ပေမဲ့ ​လေ​​ပြေလေး
အဖြစ်​ပဲဖြစ်​ဖြစ်​ ခင်​ဗျားအိမ်​မက်​​တေထဲကို​​တော့
အလည်​ဝင်​​ရောက်​ခွင့်​​ပေး....

" အာ...စိတ်​ရှုပ်​လိုက်​တာ အိပ်​​ရေးပျက်​တယ်​ "

လို့​တော့ မ​ပြောလိုက်​ပါနဲ့ Joon ​ရေ....

ကျ​နော့်​မှာ ရင်​ဖွင့်​စရာဆိုလို့ ခင်​ဗျားနဲ့
ကျ​နော့်​ရဲ့ အမြဲတမ်းလိုလိုမှုန်​​တေ​နေတတ်​တဲ့
ကြောင်​ပဲရှိတာ...

ပြောမဲ့သာ ​ပြောရတာ သူကလဲ အားကိုးလို့
မရပါဘူးဗျာ...အမြဲတမ်း အိပ်​ချင်​​နေပီး
အပျင်းကြီးလိုက်​တာကလဲ လွန်​ပါ​ရော....

ကျ​နော့်​ စာကြည့်​စားပွဲ​ပေါ် အမြဲလာ​ခွေ​နေ
တတ်​တဲ့ အဲ့​ကောင်​ကို တစ်​ခါတစ်​​လေ ပျင်းလို့
ခင်​ဗျားအ​ကြောင်း​လေး ​ပြောမိပါတယ်​..
မှေးစင်း​နေတဲ့မျက်​လုံး​တေနဲ့ သူ့အကျင့်​အတိုင်း
တစ်​​နေရာရာကိုပဲ စိုက်​ကြည့်​​နေပီး ကျ​နော့်​ကို
ဖုတ်​​လေတဲ့ငပိ ရှိတယ်​လို့ကို မထင်​တာ
လူလို​ပြောမယ်​ဆို ​သောက်​​ကြောတင်းရုပ်​နဲ့..

ဘယ်​ရမလဲ...အဲ့လိုအခါမျိုးဆို ကျ​နော်​ကလဲ
" ​သောက်​ငပျင်း " လို့ ခပ်​တိုးတိုး ဆဲ​ရေးပီး
စားပွဲခုံ​ပေါ်က​နေ လွှတ်​ချပီးသားပဲ...

sorry....လိုရင်းမ​ရောက်​​တော့ဘူး ။

အဓိက​ပြောချင်​တာက​တော့ ခင်​ဗျားကို
ရှေ့​လျှောက်​ နားပူနားဆာလုပ်​​တော့မယ်​လို့
လာ​ပြောတာ.......

ဒီ​နေ့​တော့ ဒီ​လောက်​ပဲ...ပါးချိုင့်​ကြီး​ရေ
ချစ်​တယ်​​နော့........!💋

23,5,2019#

You've reached the end of published parts.

⏰ Last updated: May 23, 2019 ⏰

Add this story to your Library to get notified about new parts!

my oxyJOONWhere stories live. Discover now