Markတစ်ယောက်ဒီနေ့မိုးမိကာတစ်ကိုယ်လုံးစိုရွဲ၍အိမ်ပြန်လာရတယ် အိမ်ရောက်တော့ရေမိုးချိုးအဝတ်အစားလဲပြီးခေါင်းရေသုတ်ရင်းဒေါသတွေကအတိုင်းအဆမရှိထွက်နေရသည် ဒေါသထွက်ရတာကလည်းမိုးစိုလာတာကိုမဟုတ်ဘဲမိမိရဲ့အကိုတော်ကိုဒေါသထွက်မိခြင်းပင် အမြဲလိုလိုထီးမေ့တတ်တဲ့Markအတွက်မိုးရေထဲကနေပြန်လာရတာမထူးဆန်းသလိုမိုးကလည်းမိုးတွင်းမို့ရွာတာမထူးဆန်းပေ သို့ပေမဲ့မိမိရဲ့အကိုတော်P'Meanကတော့အမြဲအလုပ်ချိန်ဆိုအပြင်ထွက်လေ့မရှိသူဖြစ်ပြီးမိမိကိုလည်းမိုးရွာနေလျှင်တောင်ကျောင်းလာမကြိုတတ်သူကခုတော့မနက်ကလေးတင်တွေ့တဲ့p'planကိုကျောင်းလာကြိုနေသည်လေ Markအနောက်ကနေပဲမြင်လိုက်ရတာဆိုပေမဲ့သေချာပါသည်
P'MeanကP'planကိုလာကြိုတာကိုယ့်ညီကိုတောင်မမြင်နိုင်လောက်အောင်ဖြစ်နေသောမိမိ၏အကို
ုဖြစ်သူကိုပြန်လာမှကောင်းကောင်းကိုပြောပစ်ဦးမယ်ဟုတွေးလိုက်ကာခုတော့မိမိရဲ့နှလုံးသားရေးရာကိစ္စလေးကိုဖြေရှင်းရဦးမည်
Markဖုန်းလေးကိုကိုင်ကာGunဆီကိုmessageပို့ဖို့ပြင်လိုက်တယ်✉Hi p'gun
Gunရဲ့replyကMarkမျှော်နေမိကာရင်ဘက်ထဲကအကောင်လေးကလည်းအငြိမ်မနေခုန်ပေါက်နေလေရဲ့ Markရင်ဘတ်လေးကိုလက်နက်ဖိကာ
Mark~မင်းငြိမ်ငြိမ်လေးနေစမ်းပါကွာ
ခနနေတော့ဖုန်းလေးကmessageဝင်သံလေးမြည်လာသည်Markဖုန်းကိုအလျင်အမြန်ကောက်ယူလိုက်ကာကြည့်လိုက်တော့
📩Hi ပါ
Gunဆီကhiဆိုတဲ့replyလေးကိုကြည့်ကာMarkကုတင်ပေါ်မှာထခုန်လေရဲ့
Mark~yes...ဒါပဲကွp'gunကငါ့ကိုပြန်hiတယ်ပျော်လိုက်တာ oh ငါနောက်ထပ်ဘာပို့ရင်ကောင်းမလဲ ရင်တေခုန်ပြီးဘာထပ်ပို့ရမှန်မသိတော့ဘူး လုပ်ကြပါဦး ဟုတ်ပြီ အကြံရပြီ
ကုတင်ပေါ်ခုန်ပေါက်ရင်းတစ်ယောက်ထဲစကားပြောနေတဲ့Markကိုတခြားသူတေသာမြင်ရင်ရူးနေလို့ထင်ကြမှာပဲ ဟုတ်ပါတယ်ကျနော်အချစ်ရူးဖြစ်နေပြီဗျာဆေးမမီလောက်အောင်ရူးခါနေပြီ
✉p'gun ကျနော့်ကိုမှတ်မိလားဗျ နေ့လယ်စာဝယ်ကျွေးတဲ့N'လေ
YOU ARE READING
ကျွန်တော့်ချစ်သူ k-popper လေး(completed)
Fanfictionတည်ငြိမ်အေးဆေးစွာနေတတ်လွန်းသော Mean တစ်ယောက် စပ်စလူးစိန်kpopperလေး planနက်တွေ့ဆုံခြင်းကသူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သောအခါ