ည9နာရီလောက်ကျတော့planနိုးလာသည် ညနေကအရှိန်ကြောင့်လူကခေါင်းသိပ်မကြည်ချင်သလိုဖြစ်နေကာ ဗိုက်ကလဲဆာလာတာကြောင့်အောက်ဆင်းပြီးရေခဲသေတ္တာကိုမွှေနှောက်ဖို့လုပ်လိုက်တယ်
Planအောက်ကိုဆင်းလာတော့အောက်ကကြားရတဲ့အသံတေကြောင့်planတစ်ယောက်လန့်သွားကာအခန်းထဲမှာဖွက်ထားတဲ့မေမေ့ရဲ့ကြိမ်လုံးကိုပြန်ယူပြီးမှအောက်ကိုတိုးတိုးလေးဆင်းလာလိုက်သည်
Planအသံလာရာထမင်းစားခန်းနားကိုတဖြည်းဖြည်းချဉ်းကပ်လာကာမီးဖိုချောင်ထဲအိုးခွက်တွေနက်အလုပ်ရှုပ်နေတဲ့Meanရဲ့နောက်ကျောကိုမြင်တော့သူခိုးထင်ကာလက်ကရိုက်ဖို့ရွယ်လိုက်ပြီးPlan~ဟေ့ လူ ခင်ဗျားဘာတွေခိုးနေတာလဲ
Planရဲ့အသံကြားတော့Meanတစ်ယောက်ထိန်းမနိုင်သိမ်းမနိုင်ရယ်ကာနောက်လှည့်လာသည်
Mean~ဟား ဟား ကလေးကို ဟော့ဒီက ကလေးလေးကိုခိုးဖို့လာတာပါဗျ
Meanကပြောလဲပြောလက်ကလဲplanရဲ့ပါးနှစ်ဖက်ကိုဆွဲလိုက်တော့
Plan~အောင်း နာတယ်ဗျ ခင်ဗျားကဒီမှာဘာလုပ်နေတာလဲ
Mean~ဘာလုပ်နေတယ်လို့ထင်လဲ ဟင်
Meanရှေ့ကိုတိုးလိုက်ကာplanမျက်နှာနားကိုကပ်ပြီးပြောလိုက်တော့ထိုပုစိတစ်ယောက်မျက်နှာလေးနီရဲလာကာ
Plan~ဟို...ဟို ခင်ဗျားဘာ့သာဘာလုပ်လုပ်မသိချင်ဘူး အိမ်မှာMaeတို့မရှိဘူးအဲ့တော့ခင်ဗျားပြန်လိုက်တော့ok
Mean~မပြန်ပါဘူး Maeတို့မရှိမှန်းသိလို့ကိုလာတာကိုယ့်ကလေးလေးကိုစောင့်ရှောက်ပေးဖို့
Plan~မလိုပါဘူးကျနော်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေပြီကျနော်ကိုယ်ကို ကာကွယ်နိုင်တယ်
Mean~ဟ ဟဟုတ်လို့လားကွ ကိုယ်ထင်တာတော့ဒီနေ့ကိုယ်သာရောက်မလာရင်မင်းတော့ဒီညလမ်းမမှာပဲအိပ်နေရမှာ
Plan~ဟုတ်လား ဘယ်သူပြောလဲp'gunတို့ perthတို့ရှိတာပဲ သူတို့ကျနော့်ကိုအခန်းထဲလိုက်ပို့ပေးမှာပေါ့ခင်ဗျားမလိုပါဘူးခုတောင်သူတို့ပို့ပေးထားလို့ကျနော်အခန်းထဲရောက်နေသားပဲ
Mean~အို့ဟို မင်းကအဲ့လိုထင်လို့လား မင်းကိုမချီပြီးအိပ်ရာပေါ်ထိတင်ပေးခဲ့တဲ့သူကိုမမှတ်မိဘူးပေါ့ အာ့ဆိုမင်း....ဟိုကိစ္စတွေကိုလဲမှတ်မိမှာမဟုတ်ဘူးနက်တူတယ်
Meanပြောစကားကိုကြားတော့planက ပြာပြာသလဲဖြင့်မေးလာသည်
Plan~ဘာကိစ္စလဲ ဟမ် ဘာကိစ္စလဲပြောလေဗျာ
Mean~ဟိုကိစ္စလေကွာ
Meanကိုplanရဲ့အောက်ဘက်ပိုင်းကိုကြည့်ပြီးပြောလိုက်သည်(ခြေထောက်ကိုပြောတာပါနော်😂😊)
Plan~ခင် ခင်ဗျား ကျနော့်ကို ဘာတွေ မဟုတ်တာ လုပ်ထားလဲ
Mean~ဟာ ကိုယ်ပြောတာကမင်းမူးပြီးလမ်းမမှာလှဲအိပ်နေတာကိုပြောတာမင်းကဘာတွေးနေတာလဲကလေးလေးရဲ့
Plan~ဘာ....ဘာမှ မတွေးပါဘူး
Mean~အင်းဟုတ်ပါပြီ အခုခေါင်းမူးနေသေးလား
Plan~အင်းနဲနဲ မူးတယ်
Mean~ရော့ဒီမှာ သံပုရာရည်ဖျော်ထားတယ်သောက်လိုက်
Plan~အင်း ကျေးဇူးပဲ
Mean~နောက်ဆိုမသောက်နိုင်ရင်လုံးဝမသောက်နက်ကြားလား spyလေးသောက်ပြီးမူးတယ်ဆိုတော့ကျန်တာဆိုပိုဆိုးမယ်လုံးဝမသောက်နက်တော့နော်
Meanကအမေကြီးလိုမှာနေတာကြောင့်planနားပါပူလာရသည်
Plan~ခင်ဗျားကြီးကလဲအဖွားကြီးကျနေတာပဲပွစိပွစိနက် နားတေပူလာပြီ
Mean~ဟာ ပြောသင့်လို့ပြောနေတာကွ မင်းမူးတာ
ပြသနာမရှိဘူးကိုယ်ထိန်းနိုင်တယ် တဂယ်လို့မင်းဘေးမှာကိုယ်မရှိတဲ့ချိန်မှာမင်းကမူးနေမယ်ဆိုရင်
တော့ကိုယ်လဲလာမထိန်းနိုင်သလိုမင်းအတွက်လဲအန္တရာယ်ရှိတယ်လေ ကိုယ်ကမင်းကိုစိတ်ပူလို့
့ပြောနေရတာ
Plan~အင်းပါဗျာ ကျနော်နားလည်ပါပြီအာ့ကြောင့်မို့ ကျနော့်ကိုသံပုရာရည်လေးတော့အေးဆေးသောက်ခွင့်ပေးပါခင်ဗျာ
Mean~အင်းပါကွာ သောက် သောက် ဒီမှာကိုယ်ညစာချက်ပေးထားတယ်သောက်ပြီးစားဖို့
Plan~ဝိုး ဟိုရွှေမင်းသားလေးကားထဲကပုံစံလုပ်ထားတာပဲ မိုက်တယ်
Planတစ်ယောက်မျက်လုံးများကိုအရောင်တောက်လျက်ဖြင့်ပြောလာသည် Meanသိတယ်လေဒီကလေးအသေတွေကြွေသွားပြီဆိုတာကို တမင်ကိုအဲ့လိုကြွေသွားအောင်လုပ်ထားတာပါ ထမင်းကြော်ကို
မှကြက်ဥကြော်လေးထဲထည့်ကာလိပ်ထားရုံလေးပေ
မဲ့ထိုကလေးစုတ်လေးကတော့အရမ်းတွေသဘောကျနေတယ်လေ ညစာလေးကိုဒီလိုလေးလုပ်ကျွေးဖို့ဖုန်းဆက်ကာအကြံပေးတဲ့planရဲ့ညီမလေးlayကို
ကျေးဇူးတွေထပ်ထပ်သလဲလဲတင်နေမိသည်
Mean~ကြိုက်ရဲ့လားကလေးလေး
Plan~ကြိုက်တာပေါ့ဗျ အရမ်းကြိုက်တယ် အဲ့လိုလေးစားချင်လို့Maeကိုလုပ်ခိုင်းနေတာကြာပြီ Maeကမလုပ်ပေးဘူး
Mean~အင်းပါ ခုကိုယ်လုပ်ကျွေးတယ် စားလိုက်နော်ရော့
Meanကplanခေါင်းလေးကိုခပ်ဖွဖွလေးပွတ်လိုက်
ပြီးထမင်းကြော်ပန်းကန်လေးကိုplanရှေ့ချပေးလိုက်ပြီးကိုယ်ပါplanရှေ့ကခုံမှာဝင်ထိုင်လိုက်သည်
Plan~အောင်း ခင်ဗျားရောမစားဘူးလား
Mean~အင်းမစားတော့ဘူး မင်းစားနေတာလေးထိုင်ကြည့်နေရရင်ကိုဗိုက်ဝတယ်
Meanစကားကြောင့်plan စားနေသောထမင်းပင်သီးသွားရသည်
Plan~အဟွတ်......အဟွတ်
Mean~ရရဲ့လား ရော့ရေသောက်လိုက်ရော့
Planသီးသွားတော့mean ပြာပြာသလဲဖြစ်သွားပြီး
ရေထခပ်ပေးသည် planလဲmeanပေးတဲ့ရေကိုသောက်လိုက်ကာ
Plan~ခင်ဗျားအပိုတွေမပြောပါနက်ဗျာ နှစ်ယောက်စာချက်ရမှာပျင်းလို့မှတ်လား လာကျနော်နက်အတူစား
Mean~ဟင့်အင်းရတယ် မင်းကွကိုယ်စားပါ
Plan~လာပါဗျာမူမနေနက်ခင်ဗျားစားချင်နေမှန်း
ကျနော်သိတယ်လာဒီနားလာထိုင်
Planကသူ့ဘေးနားခုံလေးကိုပုတ်ပြကာmeanကိုခေါ်လိုက်သည် Meanလဲမငြင်းဘဲသူပြောတဲ့အတိုင်းသာသွားထိုင်လိုက်တော့
Plan~ရော့ ပါးစပ်ဟ
Planကဇွန်းလေးကိုင်ကာMeanပါးစပ်နားကိုတေ့ပေးလိုက်တော့ Meanတစ်ယောက်planရဲ့မျက်နှာလေးကိုကြည့်ကာပါးစပ်ဟပေးဖို့သတိမရဘဲရင်ခုန်
ခြင်းများကရင်ဘတ်တစ်ခုလုံးကိုပြည့်နှက်လျက်ပင်
Plan~ဟိတု လူကြီးပါးစပ်ဟလေဗျာ ကျနော်လက်
ညောင်းလာပြီ
Mean~aww အင်း အာ.....
Meanပါးစပ်လေးဟပေးလိုက်တော့planကခွံ့ကျွေးလိုက်
Plan~ကောင်းတယ်မလား
Mean~အင်း ကောင်းတယ် planဟိုကိုယ်ဒီနေ့မနက်ကိစ္စကိုကိုယ်မင်းကိုသေချာပြန်ရှင်းပြချင်တယ်
Plan~မလိုဘူး ရှင်းပြမနေနက်ရှင်းပြနေလဲအိပုပဲ ကျနော်လက်မခံနိုင်ဘူး
Mean~ကိုယ်ပြောတာကိုအရင်နားထောင်ကြည့်ပါဦးလား
Plan~ကောင်းပြီလေ ပြောကြည့်ပေါ့
Mean~ကိုယ်ကမနက်ကအရမ်းစိတ်လောသွား
တယ်အမှန်တော့ကိုယ်ကမင်းကိုတစ်ယောက်ထဲမထားခဲ့နိုင်လို့ပါ ကိုယ့်အဖေရဲ့ကျန်းမာရေးအခြေအနေကြောင့်နှစ်နှစ်လောက်အနားယူဖို့လိုနေလို့ အဲ့အတောအတွင်းမှာကိုယ်ကကိုယ်တို့ရဲ့မိသားစုပိုင်လုပ်ငန်းတွေအားလုံးကိုစောင့်ကြည့်ပေးဖို့တာဝန်ယူထားလိုက်တယ် အာ့ကြောင့်ကိုယ်နောက်လသွားတဲ့အခါကျရင်မင်းကိုလဲမထားခဲ့နိုင် ဟိုကိုလဲမသွားလို့မဖြစ်ဖြစ်နေလို့ကိုယ်ဒီလိုအလောတကြီးပြောမိသွားတာ
ကိုယ်စောင့်ပေးမှာပါမင်းသာတဂယ်လို့ကျောင်းကအဲ့danceပြိုင်ပွဲပြီးမှလိုက်မယ်ဆိုလဲကိုယ်မင်းကိုစောင့်ပြီးခေါ်သွားမှာ
Plan~ဟမ် ခင်ဗျားကဘယ်လိုသိလဲ ကျနော်တို့ကျောင်းမှာdanceပြိုင်ပွဲရှိတာကို
Mean~မင်းသူငယ်ချင်းပြောပြတာလေ
Plan~အောင်းအဲ့p'gunနက် ဂျပုကတော့တွေ့သမျှသူနက်ရှိသမျှအကြောင်းအကုန်ကိုလိုက်ပြောနေတော့တာပဲ
Mean~အဟား သူငယ်ချင်းကိုဒေါသထွက်မနေပါနက်ကွာ ကိုယ့်ကိုအဖြေပြန်ပေးဦးလေ
Plan~ဘာအဖြေလဲဗျ ခင်ဗျားကလေ တွေ့လိုက်တာအဖြေဆိုတာလိုက်တောင်းနေတာပဲ
Mean~ကိုယ်ကမင်းတစ်ယောက်ထဲကိုပဲအဖြေတောင်းတာပါ
Plan~အင်းပါဗျာ ဒါနက်ကျနော်ကခင်ဗျားနက်လိုက်ခဲ့ရအောင်ခင်ဗျားနက်ကျနော်ကဘာဆိုင်လို့လဲ
Mean~ကိုယ်တို့တွေကချစ်သူတွေလေ
Plan~အောင်း အာ့ခင်ဗျားရဲ့တစ်ဖက်သတ်အယူလေ
Planပြောလိုက်တော့မှMeanမျက်နှာလေးငယ်သွားကာ
Mean~အာ့ လဲဟုတ်သားပဲနော်ကိုယ်ကသာမင်းကိုချစ်တယ်ပြောပြီးမင်းကိုလိုက်ကပ်နေတာမင်းက
ကိုယ့်ကိုတခါမှချစ်တယ်မပြောဖူးသေးဘူးပဲဟာ
Meanကမျက်နှာကြီးအောက်စိုက်ကာပြောနေပုံကစောနကတက်တက်ကြွကြွဖြစ်နေတဲ့Meanနက်တခြားစီကွဲထွက်နေသည်
Plan~ဟာ ဟေ့လူ ခင်ဗျားကိုကျနော်ပြောတာကအဲ့သဘောမျိုးမဟုတ်ဘူးလေ
Mean~ကလေးက အဲ့သဘောမျိုး မဟုတ်ပေမဲ့အာ့ကအမှန်တရားပဲဟာ
Meanဖြစ်နေတဲ့ပုံကြီးကိုဖြစ်ပြီးplanပါနေရခက်လာသည်
Plan~တော်ပါတော့ဗျာခင်ဗျားကလဲအဲ့လိုကြီးလုပ်မနေပါနက်တော့ အမှန်တော့ကျနော်လဲ ခင်ဗျားကို
ချစ်.....ချစ်ပါတယ်.........
YOU ARE READING
ကျွန်တော့်ချစ်သူ k-popper လေး(completed)
Fanfictionတည်ငြိမ်အေးဆေးစွာနေတတ်လွန်းသော Mean တစ်ယောက် စပ်စလူးစိန်kpopperလေး planနက်တွေ့ဆုံခြင်းကသူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သောအခါ