ကျနော်ဘာလုပ်ရမလဲ မသိတော့ဘူးသူ့ရဲ့ ထွက်သွားဖို့
ကြိုးစားနေတာ ကိုရပ်တန့်သွားအောင်လုပ်ချင်မိတယ်
ဒါမဲ့ ကျနော်မလုပ်နိုင်ခဲ့ဘူး ကျနော်…..ကျနော်
သူပျော်ရွှင်စေဖို့အတွက် သူ့ကိုထွက်သွားခွင့် ပေးလိုက်ရ
တော့မှာလား
Mean တစ်ယောက်ထဲ ထမင်းစားပွဲမှာ ကျောက်ရုပ်ကြီးလို
ငြိမ်သက်စွာ ထိုင်စဉ်းစားနေသည် ရင်ထဲက နာကျင်မှုတွေ
ကို ဘယ်သူမှ မမြင်နိုင်အောင် မျက်လုံးအိမ်ထဲမှ အတင်း
တိုးထွက်နေတဲ့ မျက်ရည်စက်များအား ထိန်းလျက်ဖြင့်
Mean သူ့ကို ချောင်းကြည့်နေတဲ့ မာယာဆန်တဲ့ မျက်လုံး
တစ်စုံကိုတော့ မမြင်နိုင်ခဲ့………
Nancy~ဟ…ဟ Plan နင်က သိပ်ကိုလွယ်နေပါလား
ငါတစ်ချက်လေးချော်လဲချင်ယောင်ဆောင်ရုံနဲ့တင် နင့်ကို
ရှင်းထုတ်လိုက်နိုင်တယ် ငါတောင်ဘာမှသိပ်အားမစိုက်လိုက်ရပါလားနော်Plan အခန်းထဲတွင် အဝတ်အစားများကို ထုတ်ပိုးကာ
နေသည် ကျနော် တကယ်ထွက်သွားမှာ ကိုကို အနားမှာနေ
ပြီး မခံစားနေချင်ဖူးကိုကို ကိုကို့နဲ့ P'nancyနဲ့ကပို
လိုက်ဖက်တာပဲဟာ ကျနော်ထွက်သွားပေးရမှာပေါ့
အဝတ်အစားတွေကို ခရီးဆောင်အိတ်ထဲသေချာ စီရီထည့်
ရင်း Plan တစ်ယောက်အတွေးကမ္ဘာထဲမျောနေမိတော့
သည် ကျနော်က Babyလေးကိုမွေးပြီး ကိုကိုလိုချင်တဲ့
မိသားစုဘဝလေးကိုပေးချင်ခဲ့ရုံပါ
ထိုအချိန် Mean အခန်းတံခါးဖွင့်ကာ ဝင်လာသည်
Mean~ကလေး ဒါဘာလုပ်နေတာလဲ ဘာလို့အဝတ်အစား
တွေထုပ်ပိုးနေရတာလဲ
Plan လက်ထဲကိုင်ထားတဲ့အဝတ်တွေMean ဆွဲလုကာ
ကုတင်ပေါ်ပစ်ချလိုက်သည်
Plan~ကျနော်ပြောပြီးပြီလေ မနက်ဖြန်ပြန်ပါမယ်ဆို
ကြိုပြီး အဝတ်တွေသိမ်းနေတာပေါ့ ဟိုမှာ အကျီ င်္အပွတွေမရှိ
လို့ တော်ကြာ ဗိုက်နဲ့ ဝတ်မရဖြစ်နေမှာစိုးလို့
Mean~မဟုတ်ဘူး ကလေးကိုယ်ပြောတာက ကိုယ့်အလုပ်
တွေပြီးမှ.....
Plan~ခင်ဗျား အလုပ်တွေကဘယ်တော့ပြီးမှာမို့လို့လဲ ဘာလဲ နောက်နှစ် 100မှလား ခင်ဗျားရဲ့သေတောင်ပြီး
မှာမဟုတ်တဲ့အလုပ်တွေနဲ့အတူ ခင်ဗျားရဲ့ဘာမှမတော်တဲ့
ညီမနဲ့ အတူနေခဲ့လိုက်စမ်းပါ
Mean~ကလေး အဲ့ကိစ္စကြောင့် ပြန်ဖို့လုပ်နေတာဆို
ကိုယ်ပြောလိုက်မယ် Nancyနဲ့ကိုယ်နဲ့က ဘာမမပက်သက်
ဘူး ဒီအတိုင်းအလုပ်ကိစ္စပြောနေကြရင်းက သူကချော်လဲ
မလိုဖြစ်သွားလို့ကိုယ်ကထိန်းပေးရုံပါ ကျန်တာဘာမှမရှိဘူး
Plan~ဒါက ခင်ဗျား အပြောလေ တကယ်ဟုတ်လား
မဟုတ်လား ကျနော်ဘယ်လိုသိနိုင်မလဲ ထားပါလေ သိစရာ
လဲမလိုပါဘူး ခင်ဗျားဘာသာ ဘယ်သူနဲ့ရှိ နေနေကျနော်နဲ့မှ မဆိုင်ပဲဟာ
Mean~မဟုတ်သေးဘူး ကလေး သေချာစဉ်းစား
ဦးကွာ ကိုယ်ကလေးကို ဘယ်လောက်ချစ်လဲ
ကလေးသိပါတယ် ကိုယ့်အနားမှာပဲနေပါကွာ
ကိုယ်တကယ် ကလေးနဲ့ခွဲမနေနိုင်လို့ပါ
Plan~ခဏလေးပဲသွားမှာပါ Maeတို့ကိုအရမ်းသတိရလို့ ကိုကိုအလုပ်ကိစ္စတွေပြီးရင် လိုက်လာ
ခဲ့လေနော်
Mean~အင်းပါ မနက်ဖြန် ကိုယ်လေယာဉ်အသင့်
ပြင်ခိုင်းထားလိုက်မယ်နော် မနက်ဖြန်မနက်ကျရင်
လေဆိပ်ကို ကိုယ်လိုက်ပို့ပေးမယ်နော်
Plan~ဟုတ်ကဲ့ ကိုကို
Plan မျက်နှာလေးပြုံးရွှင်ကာ နေတော့ Mean လဲ
ရင်ထဲကနာကျင်မှုတွေကို ဖုံးကွယ်လျက် အားတင်း
ကာပြန်ပြုံးပြရင်းဖြင့်
Mean(pov)~ကလေးစိတ်ချမ်းသာရင် ကိုယ်ကျေ
နပ်ပါတယ်ကွာ....
YOU ARE READING
ကျွန်တော့်ချစ်သူ k-popper လေး(completed)
Fanficတည်ငြိမ်အေးဆေးစွာနေတတ်လွန်းသော Mean တစ်ယောက် စပ်စလူးစိန်kpopperလေး planနက်တွေ့ဆုံခြင်းကသူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သောအခါ