Plan~သားလေး Tin ရေ မပြေးနဲ့တော့ကွ ဦးဦး
လိုက်ရတာမောနေပြီ
Tin~ဟား ဟား ဦးဦး Plan က တားတားကို လဲမိအောင်မဖမ်းနိုင်ဘူး ဟား ဟား ဦးဦး Plan မြန်မြန် တားတားကိုလာဖမ်းနော် တားတားကိုမိတဲ့သူကို
တားတားက စုပ်လုံးကျွေးမှာ
Plan~Aww အဲ့လိုလား ရတယ်လေ သားသား Tin
ရေပြေးပေတော့ ဦးဦး Planလာပြီနော်Plan သည်ကျောင်းကပြန်ရောက်သည်နှင့် Titleတို့အိမ်
၌Tin နှင့်ဆော့နေခြင်း Hong Kongကိုရောက်နေတာ
တစ်လပင်ပြည့်တော့မည် ဒီတစ်လအတွင်း ကျောင်းသွား
လိုက် ကျောင်းကပြန်ရောက်ရင်Titleတို့အိမ်၌သာ Tinလေးနဲ့ဆော့နေလိုက် Meanအလုပ်ပြန်ချိန်
်လာခေါ်မှပြန်လိုက်နှင့်ပင် အချိန်ကုန်လာခဲ့သည် မှာ ခုဆို
Planသည် Tinလေးနှင့်အတော်ပင် ရင်းနှီးနေပြီဖြစ်သည်
Tinလေးကိုကိုယ့်မွေးစားချင်လောက်အောင်ကိုပင် ချစ်နေမိသည် သူကလည်းကိုယ့်လိုKoreaပိုး ပါတာကြောင့်
လည်းပါသည် နှစ်ယောက်ကအလွန်ပင်အတွဲညီနေကြသည်Meanကအိမ်မှာတစ်ယောက်ထဲထားခဲ့ရမှာစိတ်မချဘူး
ဟုဆိုကာ ကျောင်းမှပြန်တိုင်း Titleတို့အိမ်၌သာ ဝင်နေခိုင်း
ပြီး သူအလုပ်ပြန်ချိန်မှသာသူနဲ့အတူအိမ်ပြန်ရသည်
Meanရဲ့ Daddyနဲ့ လည်း Plan တစ်လနီးပါးတွင်
မင်္ဂလာပါ Uncleထက်ပိုမပြောခဲ့ဖူးသေး Joyကလွဲလို့
ကျန်တဲ့သူတွေဆိုခုထိ စကားတစ်ခွန်းမှမပြောဖူးသေးပေ
Meanက သူ့အိမ်ကလူတွေနဲ့ ပက်သက်တာမျိုး မကြိုက်ဘူး
လေ သူကိုယ်တိုင်လဲ အိမ်ကလူတွေနဲ့ လိုတာပိုပြီး စကား
မပြောဖူးပါEarth~ကဲ ကဲ အမွှေစိန်နှစ်ယောက် ပြေးဆော့မနေကြနဲ့
တော့ ငါ့ပန်းအိုးတွေလဲထိမိဦးမယ် လာကြ ထမင်းစားမယ်
Earth လာခေါ်တော့မှ ခြံထဲတွင်ပြေးဆော့ နေသော
Tin နှင့် Plan အိမ်ထဲဝင်ဖို့ပြင်လိုက်သည်
Tin~ဦးဦး Plan ဆော့တာ ခဏရပ် ထား တယ်နော်
တားတားကိုဖမ်းလို့ရဝူး
Plan~အေးပါကွ လာထမင်းသွားစားမယ်
Tinလေးက Planခေါ်လိုက်တာနဲ့ လုံးလုံးလေးပြေးလာ
ကာ Planရဲ့ပွေ့ချီခြင်းကို ခံယူလိုက်သည်
ထမင်းစားခန်း၌Sonကို ကျောပိုးလျက် ထမင်းပွဲပြင်နေတဲ့
Earthကိုတွေ့တော့ နှစ်ယောက်သား တစ်ယောက်ကို
တစ်ယောက်ကြည့်ကာခေါင်းငြိမ့်ပြလိုက်ပြီး
Tin~Pa Pa!!!…………
Plan~P'earth!!!………
Earth~အောင်မလေး ဟဲ့ ပလုတ်တုပ်…
Planနဲ့Tinရဲ့ ပြိုင်တူအော်ခေါ်မှုကြောင့် Earth ခမျာ
လန့်ပြီး ထအော်မိတော့သည် ဒါကို Planနဲ့ Tinကအား
ရပါးရ ရယ်နေကာ Sonကပါ Planတို့ရယ်တာကို အစစ်
လိုက်ရယ်နေသေး
Plan~ဟား ဟား P'earth လန့်တာကို Sonလေး
တောင်ရဟ်နေတယ် ဟား ဟား လန့်တဲ့ပုံကြီးကလည်း
အောင်မလေး ဟဲ့ ပလုတ်တုပ် ဟား ဟား
Planက Earth လန့်တဲ့ပုံစံကိုပြန်လုပ်ပြကာ ဗိုက်နှိပ်ပြီး
ကိုရယ်နေကြတာ မပြီးနိုင်တော့
Earth~ကဲ ဟျောင့်တွေတော်တော့ ထမင်းစားဖို့လုပ်ကြ
ရယ်စရာလဲမပါဘဲလာရယ်နေကြတယ် သွား ခြေလက်တွေ
ဆေးလိုက်ဦး ထမင်းစားဖို့ကို
Plan~ဟုတ်ကဲ့ပါ P'ပလုတ်တုပ် အဲ မဟုတ်ပါဘူး
P'earth ဟဲ ဟဲ
Planတစ်ယောက် Earth ကိုနောက်ကာ Tinကိုချီအမြန်ပြေးထွက်ရသည် မဟုတ်ရင် P'earthရှဲ့
လက်သံပြောင်မှုများကနှဖူးပေါ်လာသက်ရောက်နေဦးမည်
YOU ARE READING
ကျွန်တော့်ချစ်သူ k-popper လေး(completed)
Fanfictionတည်ငြိမ်အေးဆေးစွာနေတတ်လွန်းသော Mean တစ်ယောက် စပ်စလူးစိန်kpopperလေး planနက်တွေ့ဆုံခြင်းကသူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သောအခါ