Party ပွဲထဲ၌သီချင်းသံများသည် သာယာစွာပျံ့လွင့်နေကာ
ပွဲအတွင်းရှိလူအပေါင်းတို့သည်လည်းစတိတ်စင်ပေါ်က
ဖျော်ဖြေမှုတွေကို သာအာရုံစိုက်နေကြချိန်
တစ်ယောက်တည်းဗျာများနေရသည်မှာ Mean သာ
ဗျာများနေရတဲ့အကြောင်းမှာတော့ Planကြောင့်ပင်
သူလေးကိုစိတ်ပူလွန်းလို့ရယ်ပါ် မိမိမှာParty ကို ပျော်စေချင်လို့ခေါ်လာမိပါတယ်ခုတော့သူလေးကိုရန်သူတွေ
ွဝိုင်းနေလေသည် သူကတော့မသိရှာ အစတည်းကအပြတ်ရှင်းခဲ့ရမှာကို တုံ့ဆိုင်းနေခဲ့တဲ့
မိမိကိုယ်ကို သာအပြစ်တင်မိတော့သည်Mean~ကိုယ်တို့ပြန်ကြရအောင်ကလေး
Plan~ဟာ ကိုကိုကလဲ Suzyကိုတောင်မတွေ့ရသေးတတဲ့ဟာကို
ဖျော်ဖြေအစီအစဉ်ကအခုမှစကာရှိသေးပြန်ဖို့ပြောနေတာ
ကြောင့် Plan အသဲအသန်ကိုငြင်းနေမိသည် ဒါကို
Tinလေးကလည်း အမြန်အဆန်ပင်ဝင်ထောက်ခံလေသည်
Tin~ဟုတ်တယ်လေ ဦးဦး Meanကလည်း တားတား
တို့ကို ဆူစီနဲ့ Nct ရို့ကျောထားတယ်လေ မကြန်သေးဘူး
ကြည့်အူးမှာ
Mean~အောဟော ဒီကောင်ကတစ်မျိုး မပီကလာနဲ့ဝင်ပြော
နေတယ် ပါးစပ်ပိတ်ထားလူကြီးတွေစကားပြောနေတာကို
Plan~ကလေးကို အဲ့လိုပြောရလားကလေးကအမှန်တွေ
ပြောနေတာကို Tinလေးပြောတဲ့အတိုင်းပဲနော် မပြန်သေးဘူး ကြည့်ဦးမှာ
Mean မှာပြောမရတဲ့အဆုံးလက်မြောက်လိုက်ရကာ
စိတ်မချစွာနှင့်ပင် Pin မက်တပ်ရပ်နေရာကိုကြည့်လိုက်
Planတို့ကိုပြန်ကြည့်လိုက်နှင့်ဖြစ်နေတော့သည်
Ring……Ring……Ring……
ထိုအချိန် ဖုန်းသံထမြည်လာတာကြောင့် နာမည်ကိုကြည့်လိုက်တော့ Titleပဲ ဒီကောင် သူ့သားကို
စိတ်မချဖြစ်ပြီး လှမ်းဆက်တာဖြစ်မယ် အတော်ပဲ ဆိုပြီး အမြန်
ကောက်ကိုင်လိုက်ကာ
Mean~Hello Title ပြော…ဘာ!!!!Meanရဲ့အော်သံကြောင့် Partyပွဲမှလူအများသည်
Meanတို့ထိုင်ရာသို့လှမ်းကြည့်နေကြကာ Planနှင့်
Tinတို့မှာလည်းအလန့်တကြားနဲ့ Meanအားလှည့်
ကြည့်လာကြသည်
Plan~ကိုကို ဘာဖြစ်တာလဲ
Mean~ကိုယ်တို့ခုအိမ်ပြန်မှဖြစ်မယ်Plan
Mean ကအလွန်အရေးကြီးတဲ့ပုံမျိုးနဲ့ အလန့်တကြားပြော
နေတာကြောင့် Planတို့လဲဆက်မငြင်းနေတော့ပဲ မပြန်ချင်
ပြန်ချင်နှင့်သာ အိမ်ပြန်ခဲ့လိုက်ရတော့တယ်Tinလေးကို
တောင်အိမ်အရင်ဝင်မပို့ပဲ အိမ်တော်ထဲသို့တန်းထွေမာင်းလာ
သော Mean ပုံကိုကြည့်လျှင် သူဘယ်လောက်အလျင်
လိုနေမှန်းသိသာ သည် အိမ်မှာ ဘာများဖြစ်နေပါလိမ့်ဟုသာ
Plan လမ်းတစ်လျှောက်လုံးတွေးနေမိတော့သည်
YOU ARE READING
ကျွန်တော့်ချစ်သူ k-popper လေး(completed)
Fanfictionတည်ငြိမ်အေးဆေးစွာနေတတ်လွန်းသော Mean တစ်ယောက် စပ်စလူးစိန်kpopperလေး planနက်တွေ့ဆုံခြင်းကသူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သောအခါ