မနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် Meanတစ်ယောက်
သူ့ဘေးကအိပ်နေတဲ့ပုစိကိုရင်ခွင်ထဲထည့်ထား
လျက် ကြည့်ရတာကအလုပ်တစ်လုပ် အိပ်နေရင်းကိုပဲ
ထော်နေသောနှုတ်ခမ်းဖူးလေးနှင့်ဖောင်းတက်နေသော
ပါးလေးများသည် ဖြူစင်လွန်းလှသည် ကျွန်တော်လဲ
ဘယ်ချိန်ကတည်းကများဒီလိုကြည့်ရတာကိုကြိုက်မိသွားလဲ
မသိတော့ဘူး ခုလဲနိုးတာနက် သူ့မျက်နှာလေးကိုပဲ
တစိမ့်စိမ့် ကြည့်နေပြီး တစ်ယောက်ထဲပြုံးနေသည့်
ကျွန်တော့်ကို တခြားသူတွေမြင်ရင်အရူးလို့ပဲမြင်ကြမှာ
သေချာသည် ဘယ်လိုမြင်မြင်ကျွန်တော်ဂရုမစိုက်ပါ
အရေးကြီးတာကလေးအမြဲကျနော့်ဘေးမှာရှိနေဖို့သာPlan နိုးလာတော့ Meanများအိပ်နေသေးလား
ဟုဘေးကိုလှည့်ကြည့်မိတော့ ဘေးကနေသူ့ကို
မိန့်မိန့်ကြီးထိုင်ကြည့်နေတဲ့Mean
Plan~ဘာတွေကြည့်နေတာလဲ
Mean~ကိုယ့်ကလေးလေးကိုကြည့်နေတာ ချစ်ဖို့
ကောင်းလွန်းနေလို့
Plan~ဟီး အင်းပါ အာ့ဆိုကျနော်မျက်နှာသစ်တော့မယ်ပြီးရင်ပြန်ကြမယ်နော်
Mean~Maeတို့ကရော ကိုယ်တို့နက်အတူတူ
မပြန်ဘူးလား
Plan~Maeတို့ကသူတို့ဘာသာ ပြန်လာလိမ့်မယ်
Mean~အင်းပါဗျာ ဒါမဲ့ကလေးကိုယ်တို့N'gunကို
တော့ခေါ်သွားမှဖြစ်မယ် မဟုတ်ရင်ဟိုကောင်ကြီးMarkရင်ကွဲနာကျနေလိမ့်မယ်
Plan~ဟင် ဘာလို့Markကရင်ကွဲနာကျမှာလဲ
Mean~ကလေးကလဲ အဲ့ကောင်ကGunကိုကြိတ်ကြိုက်နေတာမသိဘူးလား
Plan~ဟင် တကယ်ကြီးလား
Mean~ဟုတ်တယ် တကယ်ကြီး
Plan~အင်းအာ့ဆိုလဲP'gunကိုပါ တပါထဲခေါ်သွားပေး
ရတာပေါ့လေ
Mean~ဒါပေါ့ ဒါပေါ့
Plan~ဒါနက်ကိုကိုမျက်နှာမသစ်ပေးတော့ဘူးလား
Mean~သစ်ပေးမယ် သစ်ပေးမယ်
Plan~အာ့ဆို မြန်မြန်လာ လေဗျာ
Meanရေချိုးခန်းလေးထဲသို့Planနောက်ကမြန်မြန်လိုက်ဝင်သွားလိုက်တယ်
နှစ်ယောက်အတူရှိတဲ့မနက်တိုင်းကသာယာမှု
အပြည့်နှင့် ပျော်ရွှင်စရာပင်ဒီလိုပျော်ရွှင်မှုတွေရဲ့
နောက်ကွယ်မှာ နာကျင်မှုဆိုသည့်အရာက
ပါလာတတ်သည်ဆိုတာကို Meanသာ
သတိထားမိခဲ့မယ်ဆိုလျှင်Gunစောစောထကာ Planရဲ့Maeနက်အတူ
မနက်စာကူပြင်ပေးနေသည် သူများအိမ်တည်းရင်
ဒီလောက်တော့လုပ်ပေးရမည်မလား
Planတို့အတွဲကတော့ အကုန်ပြင်ဆင်ပြီးမှသာဆင်းလာကြသည်
Plan~ဝိုး P'gunကဝင်ချက်ပေးနေတာလား သွားပါ
ပြီဗျာ စားလို့တောင်ရပါ့မလား မသိဘူး
Gun~စားကြည့်လိုက်ဦး ဟျောင့်ပြီးမှ P'gunလက်ရာတစ်သက်လုံးစားချင်ပါတယ် ဖြစ်သွားမယ်
Mean~ဟေ့ ဟေ့ အဲ့လိုတော့ ဖြစ်လာမှာမဟုတ်တာ P'အာမခံတယ်နော် အဲ့လိုဖြစ်နေတဲ့သူကသက်
သက်ရှိပြီးသားမို့
Gun~ဖြစ်လာရင်လဲ ချက်မကျွေးနိုင်ဘူးလို့ပြောဖို့
ပါနော် P'ရဲ့ ဟား ဟား
MeanကMarkကိုပြောနေမှန်းသိပါသော်လည်း
Gunမသိချင်ယောင်ဆောင်လိုက်သည်
Plan~ကိုကိုရေ အဲ့လောက်တောင်လေကျယ်နေတာ ဘယ်လောက်ကောင်းလဲစားကြည့်ကြတာပေါ့
Gun~စားကြည့်ပေါ့
Mean~ဒါနက် Gunမင်း P'တို့နက်လိုက်ပြန်မလား
Gun~P'တို့ကဘယ်ချန်ပြန်မှာမို့လဲ
Mean~ခဏနေ ကျရင်ပြန်မှာ
Gun~P'တို့ကိုယ့်ဘာသာပြန်လိုက်ပါကျနော်မလိုက်
တော့ဘူး
Mean~အောင်းဘာဖြစ်လို့လဲကွတူတူပြန်လဲ
ရတာကို
Plan~အင်းလေ ဟုတ်သားပဲ ကျနော်တို့နက်တူတူ
ပြန်ပါနော် P'gun နော် နော်လို့
Planပါဝင်ပြောနေတာကြောင့်Gunလဲဆက်ငြင်းမနေတော့
Gun~ဟုတ်ကဲ့ အာ့ဆိုလဲကျနော်တူတူလိုက်ပြန်မယ်နော်P'
Plan~ရေး အာ့မှ လူများပြီးပျော်ဖို့ကောင်းမှာ
YOU ARE READING
ကျွန်တော့်ချစ်သူ k-popper လေး(completed)
Hayran Kurguတည်ငြိမ်အေးဆေးစွာနေတတ်လွန်းသော Mean တစ်ယောက် စပ်စလူးစိန်kpopperလေး planနက်တွေ့ဆုံခြင်းကသူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သောအခါ