ဒီနေ့တော့Plan တစ်ယောက်ထဲအိမ်ကိုပြန်လာခဲ့
တယ် နေ့လည်ပိုင်းအချိန်မရှိတော့တာကို Mean
ကိုမပြောပြထားတာကြောင့် လာကြိုတဲ့သူလဲမရှိပေ
P'earthတို့အိမ်ကိုပြန်ရမှာဖြစ်ပေမဲ့ တမင်ကိုအိမ်
ပြန်လာခြင်း Planခြံတံခါးအားလက်နဲ့ ထုကာ
လာဖွင့်ပေးဖို့ အော်လိုက်တော့ ခြံထဲမှအလုပ်သမား
များကကြောင်တောင်တောင်နဲ့ဝိုင်းကြည့်နေကြသည်
ထိုစဉ် Nancyမှ Planကိုခြံတံခါးလာဖွင့်ပေးနေသော အလုပ်သမားလေးကိုထွက်သွားခိုင်းလိုက်ပြီး
သူကိုယ်တိုင်တံခါးဖွင့်ပေးသည်Nancy~Plan နင်ဒီနေ့ကျောင်းမသွားဘူးလား
Plan~ဗျာ ကျောင်းကညနေပိုင်းအချိန်မရှိလို့ပါ
Nancy~အင်း နင်အိမ်ပြန်လာတာ P'mean
သိလား
Plan~မ...မသိပါဘူး
Nancy~ဟုတ်လား P'meanသိရင်တော့စိတ်တိုနေ
တော့မှာပဲနော် ဟက်...
Planမှာ ကျောင်းမှအိမ်ပြန်လာမိတာကိုအပြစ်သားလိုပြောခံနေရသဖြင့်စိတ်ထဲသိပ်မကြည် အမှန်တော့
ကျနော်အိမ်ပြန်လာတာအကြောင်းရှိတယ်ဗျ ဒီနေ့က
ကျနော်တို့ရဲ့1 month ani dayလေ ဒါကြောင့်
ဟိုလူကြီးကိုsuprise လုပ်ချင်လို့ သူကတော့ဒါကို
မှတ်မိပုံမပေါ်ပါဘူးNancyပြောတာကိုPlanဂရုစိုက်မနေပဲ
အိမ်ပေါ်သို့သာပြေးတက်လာခဲ့သည်
အခန်းထဲရောက်တော့ လွယ်အိတ်ထဲအသင့်ဝယ်လာတဲ့ ပူဖောင်းလေးများကိုမှုတ်ကာ
အခန်းတွင်းလိုက်ချိတ်လိုက်ပြီး မှ
အိမ်အောက်ထပ်က မီးဖိုချောင်သို့သွားကာအလုပ်
သမားတွေကိုအကူညီတောင်းပြီးချောကလက်
ကိတ်မုန့်ကို ကိုယ်တိုင်ဖုတ်လိုက်သည်
Plan~ကဲ အားလုံးready ဖြစ်ပြီPlanကိုယ်တိုင်ဖုတ်ထားတဲ့ ကိတ်မုန့်လေးကိုစားပွဲခုံပေါ်တင်လိုက်ကာ ဖုန်းလေးကိုထုတ်ပြီး Mean
ဆီဖုန်းခေါ်လိုက်သည် လူကြီးမင်းနဲ့ပဲတိုးနေတာ
ကြောင့် Planလဲ ငါပြင်ဆင်တာစောသွားတာပဲဆို
ပြီးပဲ တွေးလိုက်ကာ Tvသာထိုင်ကြည့်နေလိုက်သည် အချိန်တွေတဖြည်းဖြည်းကုန်လာကာ
ညနေစောင်းလာသည် Planနာရီကိုလှမ်းကြည့်
လိုက်တော့ 6နာရီပင်ထိုးနေပြီ ပုံမှန်ဆိုMeanက
ညနေ5နာရီလောက်ကျောင်းလာကြို နေကျ Plan
ကိုကျောင်းမှာမတွေ့ရင် သေချာပေါက်စိတ်ပူပြီး
ဖုန်းဆက်မှာ မလွဲပေ ခုတော့ ဖုန်းမဆက်တဲ့ အပြင်
Plan ဖုန်းဆက်တာတောင် မကိုင်ပေ
Plan~အလုပ်တွေများအရမ်းရှုပ်နေလို့လား
YOU ARE READING
ကျွန်တော့်ချစ်သူ k-popper လေး(completed)
Fanfictionတည်ငြိမ်အေးဆေးစွာနေတတ်လွန်းသော Mean တစ်ယောက် စပ်စလူးစိန်kpopperလေး planနက်တွေ့ဆုံခြင်းကသူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သောအခါ