မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးလေးက
အခန်းပြတင်းပေါက်ရဲ့လိုက်ကာလေးကိုဖြတ်ကျော်
ကာအခန်းတွင်းသို့ကျရောက်လာသည်နှင့်တစ်ပြိုင်နက်Meanလဲနိုးထလာခဲ့တယ် နိုးနိုးချင်းမြင်လိုက်ရတဲ့မြင်ကွင်းကစိတ်ကိုပျော်ရွှင်စေသည် ကိုယ့်ဘေးနားမှာကွေးကွေးလေးအိပ်နေတဲ့ကိုယ့်ရဲ့အပြစ်ကင်းလှတဲ့ကလေးလေး
ညကသူလေးရှက်ပြီးအခန်းထဲဝင်သွားတာပြန်မထွက်လာတော့ ကိုယ်လဲသူ့တစ်ယောက်ထဲဖြစ်နေမှာစိုးလို့ဆိုပြီးအလုပ်တွေမပြီးသေးပဲထွက်လာတာကြောင့်ကျန်ရှိနေသေးတဲ့အလုပ်တွေကိုလက်စသတ်ပြီးမှသူ့အခန်းထဲလိုက်လာခဲ့လိုက်တယ် အခန်းထဲရောက်တော့ကလေးစုတ်လေးကအိပ်ပျော်နေပြီလေ နားကြပ်ကြီးတပ်လျက်အိပ်ပျော်နေသောပုစိကြောင့်
သူ့နားထဲကနားကြပ်လေးကိုယူကာနားထောင်ကြည့်တော့korea သီချင်းပဲ ဟင်းတကယ်မလွယ်တဲ့ဟာလေး အိပ်တာတောင်koreaမပါရင်မဖြစ် သူ့မျက်နှာလေးကိုကြည့်ကာအတွေးနယ်ချဲ့မိနေတုန်းလှုပ်လှုပ်ရွရွဖြစ်ကာနိုးလာတဲ့ကလေးလေး
Mean~နိုးပြီလား ကလေး
Meanအသံကြားတော့အိပ်ချင်မူးတူး မျက်လုံးမပွင့်တပွင့်ဖြင့်Meanကိုလှမ်းကြည့်လာတဲ့plan ပြီးမှတစ်ခုခုကိုလန့်သွားဟန်ဖြင့်
Plan~အောင်း Mean ခင်ဗျားဒီမှာဘာလုပ်နေတာလဲ ခင်ဗျားညကဒီမှာအိပ်တာလို့တော့မပြောနက်နော်
Mean~ကိုယ်ညက ဒီမှာအိပ်တာကလေးဘယ်လိုသိလဲ
Plan~ဗျာ ခင်ဗျား ကျနော့် ကို ဘာ ....ဘာလုပ်လိုက်သေးလဲ
အော်ဟစ်ပြီးမေးနေတဲ့planကိုMeanစချင်တာနဲ့
စောင်ကြီးကိုအတင်းဆုတ်ကိုင်ထားကာကိုယ်လုံးနစ်အောင်ပင်အုပ်ထားတဲ့planပေါ်သို့Meanကိုယ်လုံးလေးဖြင့်အုပ်မိုးလိုက်ပြီး
Mean~ဘာ လုပ်လိုက်တယ်လို့ ကလေး ထင်လဲ
Plan~ဟာ ခင်ဗျား တော်တော် ယုတ်မာတာပဲ နှာဘူးကြီး
Mean~အိုဟိုး ကလေးလေးအတွေးတွေလွန်မနေနက်ဦးလေကွာ စကားကိုဆုံးအောင်နားထောင်
ထိုတော့မှMeanရဲ့နောက်ဆက်တွဲစကားကို
အူကြောင်ကြောင်မျက်လုံးလေးပြူးပြီးနားထောင်နေတဲ့plan
Mean~ကိုယ်က ကလေးကိုအေးနေမှာစိုးလို့ဟော့ဒီ့လိုလေးဖက်ပေးထားရုံလေးပါ ကျန်တာဘာမှထွေထွေထူးထူးမလုပ်ရသေးပါဘူး ဘာလဲလုပ်စေချင်လို့လား ဟဲ ဟဲ
Plan~ဘာကိုလုပ်စေချင်ရမှာလဲ ခင်ဗျားကြီးလူကိုအသားယူပြီးလာမပြောနက်နော် ဆွဲထိုးလိုက်မယ် ဘာမှတ်နေလဲ
Mean~အား ကြောက်ပါတယ်ကွာ ကဲ ကဲထ မျက်နှာသစ်မယ်လာ
Plan~မထချင်သေးဘူးပြန်အိပ်မှာသွားခင်ဗျားသွားတော့
Mean~ဟိတ် မေ့သွားတာလား ကလေးလေး ညကပြောထားတယ်လေကိုယ့်ကိုဘယ်လိုခေါ်ရမှာလို့ပြောထားလဲ
Plan~ဘယ်လိုခေါ်ရမှာလဲ မသိဘူး ဟား ဟား
Mean~aww တကယ်မမှတ်မိဘူးလား
Plan~အင်း မမှတ်မိဘူး
Mean~အာ့ဆိုကိုယ်မှတ်မိအောင်လုပ်ပေးရမှာပေါ့လေ
Plan~အောင်း မ မလုပ်နက် မှတ်မိတယ် မှတ်မိတယ်လို့
Mean~အင်းမှတ်မိရင်ခေါ်ကြည့်လေ
Plan~မခေါ်ချင်ပါဘူး
Mean~ခေါ်ပါကွာ နော် နော်
Plan~ကိုကို ကိုကို ကိုကို ဗျာ ရပြီလား
Mean~အင်းရပြီ လာကိုယ်တို့တူတူမျက်နှာသွား
သစ်မယ်
Mean ပြောလဲပြောလက်ကလဲPlanရဲ့ကိုယ်လေးကိုမချီကာရေချိုးခန်းထဲကိုဝင်သွားလေရဲ့ planကတော့ယက်ကန် ယက်ကန်နက်ပါသွားရတော့သည်
(ရေချိုးခန်း ထဲကဘေစင်မှာမျက်နှာသွားသစ်ကြတာပါနော် အတွေးတွေလွဲမနေနက်ဦး ဟီး)
YOU ARE READING
ကျွန်တော့်ချစ်သူ k-popper လေး(completed)
Fanfictionတည်ငြိမ်အေးဆေးစွာနေတတ်လွန်းသော Mean တစ်ယောက် စပ်စလူးစိန်kpopperလေး planနက်တွေ့ဆုံခြင်းကသူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သောအခါ