Part-26

449 71 17
                                    

Plan~P'earth ရယ် ပြောပြပါနော် ကျနော်ကိုကို့ ကို
ပြန်မပြောပါဘူး ဒီတိုင်းသိချင်ရုံပဲဟာ နော်
ကျောင်းကပြန်ရောက်ကတည်းက Plan တစ်ယောက်
Earth နောက်တစ်ကောက်ကောက်လိုက်ကာ နားပူနားဆာ
လုပ်နေခြင်း P'earthတို့ကဒီအလုပ်သမားဝန်းထဲမှာ
နေလာတာကြာပြီဆိုတော့ ကိုကိုတို့မိသားစုအကြောင်း
ကောင်းကောင်းသိနိုင်တယ်လေ P'titleတို့P'earth
တို့က ကိုကို့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေပဲမလား
ဟိုနေ့ကMeanကကိုယ့်ကိုအခေါ်အဝေါ်တွေပါ ပြောင်းလဲ
ရလောက်အောင်ဒေါသထွက်နေပြီး အခန်းထဲရောက်မှ
သူဒေါသပြေသွားတာကြောင့် ကိုယ့်မှာသူဒေါသဖြစ်ရတဲ့
အကြောင်းရင်းနဲ့ သူ့အတိတ်ပုံရိပ်တွေကိုသိချင်လာမိတယ်
ဒါကြောင့် P'Earthကိုမရမက လိုက်မေးနေခြင်း

Earth~ဟာ တော်ပါကွာ Plan မျောက်စုတ်ရာတော်ကြာ
Meanကသိရင်ငါ့ကိုပြောနေဦးမယ် ဘာတွေလျှောက်ပြော
ပြနေတာလဲဆိုပြီးတော့
Plan~လျှောက်ပြီးမပြောပြနဲ့ဗျာ ထိုင်ပြီးပြောပြလေ နော်
P'earthနော် ကိုကိုမသိစေရပါဘူး ကတိဗျာ နော်
Earthတို့Planမှ ကတိဆိုတဲ့ပုံစံမျိုး လက်ဖြင့် ပြသည်ကို
ကြည့်ကာ မျောက်စိန် Planအားယုံသင့်မယုံသင့် စဉ်းစားနေသေးသည် ပြီးမှသာ ကောင်းပြီကွာဆိုပြီး
Plan လက်သန်းကိုပြန်ချိတ်ကာ လက်မချင်းထိလျက်
ကတိနော်ဆိုပြီးလုပ်လိုက်တယ်
Plan~ရေး ဒါမှ တို့P'earthကွ!!!
Earth~ဟျောင့် အပိုတွေလုပ်မနေနဲ့ ငြိမ်ငြိမ်နေTinနဲ့
Sonနိုးသွားမယ်
Plan~ဟုတ်ကဲ့ ကျနော်အငြိမ်နေမယ် P'earth ပြောပြတော့လေ

Earth~ဒီလိုကွာ Meanရဲ့ အဖေက Meanရဲ့အမေကို မချစ်ပဲလက်ထပ်ခဲ့ရတာ လူကြီးတွေစီစဉ်
မှုကြောင့်ပေါ့ကွာ နောက် Meanကိုမွေးလာခဲ့တယ် Meanကို မွေးပြီး Mean 5နှစ်အရွယ်မှာသူ့အမေက မွေးကာစကလေးတစ်ယောက်ကိုအိမ်ခေါ်လာခဲ့တယ် အဲ့ကလေးလေးကMarkဆိုပါတော့ MarkလေးကMeanတို့အမေရဲ့
ရည်းစားဟောင်းရဲ့သားလေးလေ သူ့အဖေကဆုံးသွားတာ
ကြောင့် Meanအမေကအိမ်ကိုခေါ်လာခဲ့တာကိုMean
ရဲ့အဖေကအထင်လွဲခဲ့တယ် ဒါကြောင့် Mean အမေနဲ့
အဖေ ရန်ဖြစ်စကားများကြတယ် ပြီးတော့နောက်ပိုင်း
Meanအဖေက အိမ်ပြန်မအိပ်တဲ့နေ့တွေများလာသလို
Meanတို့အပေါ်လည်းအရင်လိုဂရုမစိုက်ပဲနေခဲ့တယ်
Mean အမေကလည်း နဂိုရှိတဲ့ရောဂါအခံကပိုဆိုးလာပြီး
အဲ့ရောဂါနဲ့ပဲ ဆုံးသွားခဲ့တယ် Mean အမေက Meanကို
မှာသွားခဲ့တယ် Markကိုသူ့ညီအရင်းလိုစောင့်ရှောက်ဖို့နဲ့
သူအဖေကအကယ်၍နောက်အိမ်ထောင်ပြုခဲ့မယ်ဆိုရင်
MeanကMarkကိုခေါ်ပြီး ထိုင်းနိုင်ငံမှာသွားနေချင်နေနိုင်
တယ်ဆိုပြီးတော့လေ ဒါကို ငယ်ငယ်ထဲက ဥာဏ်ရည်ထက်မြက်တဲ့ Meanက 5နှစ်အရွယ်ဦးနှောက်
သေချာမှတ်ထားခဲ့ပြီး အဲ့အတိုင်းတစ်သွေမတိမ်း လိုက်လုပ်ခဲ့
တယ် Markကိုလဲသူ့ညီအရင်းလိုစောင့်ရှောက်ခဲ့ပြီး
ခုသူ့ရဲ့မိသားစုမျိုးရိုးဂုဏ်တွေကိုမပျက်ဆီးရလေအောင်
သေချာလုပ်ခဲ့တယ် တစ်ခုပဲသူကခုချိန်ထိသူ့အဖေအပေါ်
ခွင့်မလွှတ်နိုင်သေးတာပဲ သှူ့စိတ်ထဲမှာ သူ့အဖေရဲ့အပြင်မှာ
ဖောက်ပြန်မှုတွေကြောင့်သူ့အမေကအဲ့စိတ်နဲ့သေသွားရတာလို့ထင်နေသေးတာ

ကျွန်​​တော့်​ချစ်​သူ k-popper ​လေး(completed)Where stories live. Discover now