တဖြောက်ဖြောက်ကျနေသော မိုးရေစက်တို့နှင့် အပြိုင်ကျနေသော မျက်ရည်များကိုသုတ်ရင်း ရေးနေကျ ဒိုင်ယာရီ စာအုပ်လေးကိုဆွဲထုတ်ကာ ခပ်သော့သော့လက်ရေးတွေနဲ့အတူ ခံစားချက်များသည် ထိုစာရွက်ပေါ်ဆီသို့ရောက်သွားလေ၏။မြန်မာ ပြက္ခဒိန် ပေါ်က အနီရောင်မှင်ဖြင့်ခြစ်ထားတဲ့အမှားခြစ်ရာတွေကိုငေးရင်း ထပ်မံဝေ့ဝဲလာတဲ့ မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းသုတ်မိလိုက်တယ်....။
သို့.....
ဟန်...မြတ်နိုးစွာပေးထားသောအမည်နာမလေးကို စာရွက်ပေါ်ချရေးရင်း နာကျင်မှုတွေကို ဖွင့်ချပြလေတော့သည်။
ဟန် ...ခင်ဗျား မလာတာ ဒီနေ့နဲ့ဆိုရင် ၁ပတ်ပြည့်တော့မယ်။phထဲက ခင်ဗျားပေးထားတဲ့no.လေးကိုကြည့်ရင်း ခေါ်လိုက်ရင်ကောင်းပါ့မလားလို့ တွေဝေမိတယ် ။အရမ်းလွမ်းတယ်..ဟန် ။ကျွန်တော် မပိုင်ဆိုင်တဲ့ ခင်ဗျားကို ဆွဲမထားချင်ပေမဲ့ စိတ်က ခင်ဗျားနာမည်ကိုဘဲရေရွတ်နေမိတာ ဘယ်လိုလုပ်ရမလဲတောင်မသိတော့ဘူး ဒီနေ့ဆိုရင် ကားသံကြားတိုင်း ခင်ဗျား လို့ထင်ပြီးအပြေးထွက်ကြည့်မိတာ ခဏခဏဘဲ တိုက်ခန်းပေါ်တက်လာသမျှ လူတွေကို ခင်ဗျား လာတယ်ထင်ပြီး ပွင့်လာမဲ့တံခါးလေးကို ခေါင်းထောင်ကြည့်မိတယ်။ဟက်...ကျွန်တော် တော့ ဆေးမမှီတော့ဘူး ထင်ပါရဲ့။
ရုတ်တရက် ကြားရသောကားသံကြောင့် ပြတင်းပေါက် ဆီကို လူက ချက်ချင်း ရောက်သွားတယ်။
ဟန်...တကယ်ဘဲ..ဟန် ရောက်လာခဲ့တယ်။ရေးလက်စ စာအုပ်လေးကို ကုတင်အောက်ဆီအသေအချာသိမ်းပြီး ပွင့်လာမဲ့တံခါးလေးကို ရင်ခုန်စွာ စောင့်နေခဲ့တယ်။
"ကျွီ...""ရင်းမိုင်း....ကိုယ်မရှိတုန်းအဆင်ပြေလား.."
ကျွန်တော့် နာမည်ကိုခေါ်ပြီး အိမ်ထဲဝင်လာတဲ့သူဟာ ခန့်ငြားပြီး စိတ်ထားကောင်းတဲ့ ကျွန်တော် ချစ်ရတဲ့ စိုင်းဆင့်ဟန် ။ခင်ဗျားမရှိတဲ့အချိန် ကျွန်တော့်မှာ ငရဲကျနေသလိုခံစားရတယ်ဆိုတာ သိပါ့မလား လို့စိတ်ထဲကပြောနေပေမဲ့ လက်တွေ့မှာတော့ ပြုံးပြပြီးခေါင်းညိမ့်ပြခဲ့တယ်လေ။
YOU ARE READING
သို့....ဟန်
Kısa Hikayeအချစ်ဆိုတာ ပေးဆပ်ခြင်းလို့ မှတ်ယူထားတဲ့ ကျွန်တော်က ခင်ဗျား အတွက်ဆို အသက်တောင် မနှမျောခဲ့ပါဘူး...ဟန်။