သံသရာ (ဇာတ်သိမ်း)

17.5K 1.6K 171
                                    

"နောက်က ထိုင်မသိမ်းစကို
အဲ့လိုမြှောက်ကိုင်လိုက်။ဖြာနေတဲ့ပုံလေး..
ငါလွှတ်ဆိုတာနဲ့လွှတ်နော်။
သတို့သမီးက သတို့သားကိုကြည့်မယ်။
သတို့သားက
ခါးကိုကိုင်ထား...ဟုတ်ပြီ။ ကောင်းတယ်။ ရိုက်မယ် ရယ်ဒီ...၀မ်း တူး …”

မန္တလေးရဲ့ကျုံးမြို့ရိုးဘေးမှာ Pre-Wedding ဓာတ်ပုံရိုက်နေကြခြင်းပါ။ ရိုက်တဲ့ ဓာတ်ပုံဆရာက မိန်းကလေး။ သူတကယ့်ကို စိတ်ပါလက်ပါနဲ့ရိုက်နေခြင်းပင်။

“နေရာပြောင်းမယ်ဟေ့။ အိအိ သတို့သမီးကို ကူပေးလိုက်အုန်း ...”

“ဟုတ် အစ်မ”

“ဟိုတံတားပေါ်သွားမယ် မန်း‌‌လေးတောင်နောက်ခံ လိုချင်လို့”

ထိုစဉ်သတို့သမီးက
ဓာတ်ပုံဆရာနားရောက်လာပြီး..

“ပင်ပန်းနေပြီလား သီရိ။ ငါက ငါ့ပုံတွေကို နင်နဲ့ပဲရိုက်ချင်လို့ပါဟ ဟီးဟီး”

“အမလေး ခုမှလေပြေထိုးနေတယ် ဒေါ်ဝတ်ရည်။
မပင်ပန်းပါဘူး ။ငါရှယ်ရိုက်ပေးမှာမို့ နင်စိတ်သာချ”

“တကယ်ပဲ ငါ့သူငယ်ချင်းအကောင်းဆုံး”

ဟုတ်ပါတယ် သတို့သမီးက သီရိသူငယ်ချင်း။
တကယ်တော့ သီရိကPre Wedding ရိုက်ရတာ မကြိုက်ပါဘူး။ တခြားလွတ်လွတ်လပ်လပ်  ပေါ့ပေါ့ပါးပါးလေးတွေပဲ ရိုက်ချင်တဲ့သူလေ။ ဒါပေမဲ့ တက္ကသိုလ် ပထမနှစ်ကတည်းက တွဲလာတဲ့ သူငယ်ချင်းမက ဂျီတော့လည်း မနေသာ။ လိုက်ရိုက်ပေးရသည်။

“သတို့သားကလမ်းလျှောက်တဲ့ပုံလေးရှေ့က....ဟုတ်ပြီ သတို့သမီးကလက်ဆွဲထား...ပြန်လှည့်ကြည့်မယ် သတို့သား.....ရပြီ...ရိုက်ပြီ....အိုခေတယ်”

“အိအိ ဆံပင် ဆံပင် သွားလုပ်ပေးလိုက်အုန်း...”

ကင်မရာကြီးတကားကားဖြင့် ကုန်းလိုက်ကွလိုက် သီရိအကောင်းဆုံးသော ဓာတ်ပုံများကို ဖန်တီးနေမိသည်။ လူကသာ အင်ဂျင်နီယာဘွဲ့ရတာ ဝါသနာက ဓာတ်ဖမ်းခြင်း။ ဒါ့ကြောင့် အိမ်နဲ့အတိုက်အခံလုပ်ကာ ဓာတ်ပုံလောကထဲခြေစုံပြစ်ဝင်ထားတာ သိပ်မကြာသေး။ ယခု Team Bဆိုသော ဓာတ်ပုံတိုက်တွင်ဝင်လုပ်နေသည်။  တက္ကသိုလ်ကတည်းက ကင်မရာတလုံးနဲ့ ရိုက်နေသူဆိုတော့ အတွေ့အကြုံကရှိပြီးသား။ ဒါ့အပြင် ဦးလေးအရင်း ဓာတ်ပုံတိုက်မို့ အဆင်ပြေသည်။

“ဒါပြီးရင် ကုသိုလ်တော်ထဲ ရွေ့မယ်နော်။ ပြီးရင် နေ့လည်စာစားမယ် ....ဝတ်စုံနောက်တစ်စုံလဲပြီးတာနဲ့ ဦးပိန်ကို သွားမယ်”

သီရိ သူ့အစီအစဉ်များကို ပြောပြနေခြင်း။ Preရိုက်ရတာ တကယ်ပင်ပန်းတာ....တနေကုန်....တစ်ခါတစ်ရံ နှစ်ရက်။

နဖူးကချွေးကို သုတ်ပြီး သက်ပြင်းချလိုက်၏။
မန်းလေးနွေက ပြင်းလိုက်တာ။ ဒီလိုနေပြင်းတဲ့နွေမှ လင်ယူတဲ့ ဝတ်ရည်မကို ကျိန်ဆဲမိ၏။ နင်မင်္ဂလာဆောင်ရင် ငါဓာတ်ဖမ်းပေးမယ်ဆိုသော ကတိကြောင့်သာ.....

“သီရိ ပဲခူးလိုက်ခဲ့အုန်းနော်”

“ဟမ်”

“မင်္ဂလာက နှစ်ပွဲလေ ....ကို့ မိဘတွေရှိတဲ့ ဒီမန်းလေးမှာကော....ငါတို့အမျိုးတွေရှိတဲ့ ပဲခူးမှာကော”

“ဝတ်ရည်မ...အဲ့ထိ ငါ့ကိုဓာတ်ပုံလိုက်ရိုက်ခိုင်းမှာလား”

သီရိရဲ့ခပ်စူစူနှုတ်ခမ်းပုံကြောင့် သတို့သမီးဖြစ်သူ သူငယ်ချင်းမက ရယ်သည်။မရိုက်ချင်ဘူး ဘယ်လောက်ငြင်းငြင်း သူတောင်းဆိုရင် လိုက်လျောပေးမဲ့ သီရိအကြောင်းကိုသိတာမို့။ပါးစပ်ကသာ ပွစိပွစိပြောပေမဲ့ စိတ်ထားက အသိဆုံးအရင်းနှီးဆုံးတွေမလား။

“ဟဲ့ မဟုတ်တာ...အထူးဧည့်သည်အနေနဲ့ ဖိတ်တာ။ အေးဆေးတည်းပြီးမှပြန်။ နင်တင်မဟုတ်ဘူး ငါတို့ကျောင်းတုန်းက မဆုံဖြစ်တဲ့ကောင်တွေကော အကုန်ဖိတ်ထားတယ်။ အကုန်လာကြမှာ။ လိုက်ခဲ့ပါနော်”

“အေးပါ မလိုက်လည်း ရမှာမှမဟုတ်တာ”



“ထမင်းအရင်စားလို့မရဘူးလားဟဲ့...ငါဗိုက်ဆာလို့။ မနက်ကတည်းက ဗိုက်ပူမှာစိုးလို့ ဘာမှစားမထားတော့ ခုတဂွီဂွီမြည်နေပြီ”

“ဟုတ်ပြီ ဟုတ်ပြီနားမယ်......အကုန်ကားပေါ်တက်ကြတော့။ ဘိုကင်လုပ်ထားတဲ့ ထမင်းဆိုင်သွားမယ်”

သီရိ အားလုံးစီမံပြီး ကားပေါ် ခြေပြစ်လက်ပြစ်ထိုင်လိုက်သည်။ အလုပ်ကမပြီးသေးတော့ စိတ်မပေါ့သေး။

ပဲခူး  ဦးနှောက်ထဲဝင်လာတာ ဟိုမမ။ ။ ဒုတိယနှစ်ဖြေပြီး ဝတ်ရည်တို့ အိမ်ကို ပထမဆုံး လိုက်လည်တုန်းကပေါ့

ဘယ်ချိန်မျက်စိမှိတ်မှိတ်
ခုထိပြန်မြင်ယောင်တုန်း..

ရွှေမုဓောဘုရားပေါ်မှာ ကင်မရာတစ်လုံးနဲ့ ဟိုစမ်းရိုက် ဒီစမ်းရိုက် လုပ်နေသောအချိန်။ မြင်ကွင်းထဲဝင်လာတဲ့သူ။ နီရင့်ရင့်ကြက်သွေးဝမ်းဆက် နက်မှောင်ထူထဲသော ဆံပင်များ။ သီရိ ချိန်နေရင်းကို ငေးသွားရတယ်။ ဒါတောင် မျက်နှာကိုတည့်မြင်တာ မဟုတ်။ ဘေးစောင်းတင်။

သတိတောင်မထားမိပဲ ဆက်တိုက်ရိုက်မိသွားတယ်။ ဘေးစောင်း နောက်ကျော။ရှေ့ကနေ မျက်နှာလေးကို သွားရိုက်ဖို့ကျမရဲ။ အဲ့တုန်းက ပေါက်စဆိုတော့ ကင်မရာအယူအဆတွေ နားမလည်သေး။ တကယ်ဆို ရိုက်လို့ရသည့် အခွင့်ရေးများစွာရှိသည်ဆိုတာ နောက်မှပြန်သိခဲ့သည်။

ဘုရားပေါ်တင်ပဲ သူငယ်ချင်းတွေ လာခေါ်၍ မျက်ခြေပျက်ခဲ့ရ၏။ လူများကြား ဟိုဟိုဒီဒီ ရှာခဲ့သော်လည်း အရိပ်တောင်မတွေ့တော့။ အိမ်မက်လိုပင်။

ဒါပေမဲ့ သီရိခုထိ သူ့ဓာတ်ပုံလေးများကို သိမ်းထားတုန်း။ သူမ၏နောက်ကျော ဘေးတိုက်မျက်နှာထား အကုန်အလွတ်ရနေပြီ။ မျက်နှာပေါက် ခန္ဓာကိုယ်အနေအထား ဆင်သူတွေ တွေ့ဖူးသော်လည်း ထိုမမ မဟုတ်ကြောင်း သီရိသိနေသည်။

ဒီတစ်ခါ ပဲခူးသွားရင် ဆုံချင်မိသည်။ ။ သူကပဲခူးက ဟုတ်မဟုတ်မသိ။တကယ်ကတော့ ကောက်ရိုးပုံထဲက အပ်လိုပင်။။ဖြတ်ခနဲ့‌ တွေ့ခဲ့သော ဓာတ်ပုံထဲမှာသာရှိသော ထိုအမျိုးသမီးကို မြတ်နိုးမိခဲ့သည်။အနည်းငယ် ကြောင်တောင်အထူးဆန်းနိုင်လိမ့်မည်။

ပဲခူးမရောက်တော့တာလည်း ငါးနှစ်ခြောက်နှစ်ခန့် ရှိပြီ။ ခုထိ နာမည်မပြောနှင့် မျက်နှာတောင် သေသေချာချာမသိလိုက်တဲ့သူကို စိတ်ထဲစွဲတုန်း။

ဖုန်းထဲ အမြဲထည့်ထားတက်သည့် သူမပုံလေးတွေကို သီရိထုတ်ကြည့်လိုက်တယ်။ ရေစက်ရှိရင် ဆုံပါရစေလို့တွေးရင်းပေါ့။

ထိပ်ထားDonde viven las historias. Descúbrelo ahora