ခြေပြစ်လက်ပြစ်အိပ်နေသော ဦးကို မနှိုးသွားအောင် အသာလေးထရင်း ခေါင်းရင်းက တစ်ချက်ချက်မြည်နေသော နာရီလေးကိုကြည့်လိုက်သည်။5 နာရီ....
နာရီဝက်အတွင်း ရေအပြီးချိုးရမည်။
7 နာရီဆို စားသောက်ဖို့ အဆင်သင့်ဖြစ်နေရမည်။
7 နာရီမခွဲခင် ဦးကိုနှိုးပြီး ရေချိုးဖို့ပြင်ဆင်ပေးရမည်။
8 နာရီဆို ဦးရဲ့မနက်စာက စားပွဲပေါ်အသင့်ရှိနေရမည်။
8 ခွဲဆို ဦးအလုပ်သွားချိန်။ အဲ့ဒီအချိန်မှ ကျနော်စားသောက်ပြီး တစ်နေကုန် အိမ်သန့်ရှင်းရေး လုပ်ရတော့သည်။
ဒါကျနော့ရဲ့ တစ်နေ့တာ ဖြစ်စဉ်တွေ။ အရင်ဦးနဲ့ မတွေ့ခင်ကထက်စာရင် နှိုင်းယှဉ်လို့မရအောင်
ကျနော်သက်သာသွားလို့ ဦးထင်ထားသလို ကျနော်က ထိုအလုပ်တို့မှာ စိတ်ပျက်ခြင်းမရှိခဲ့ပါ။ဒီနေ့မှ ပိုပြီးညောင်းကိုက်နေလို့ ရေချိုးရင်းစိမ်ခံမိသွားတာ 6 နာရီထိုးသွားပြီ။ တစ်နာရီကြီးများတောင် အချိန်ယူလိုက်မိသည်မို့ အလျင်အမြန်အပြီးသပ်ရင်း ဘေးက bathrobe လေးပဲကောက်ဝတ် အောက်ထပ်ကိုဆင်းကာ တစ်နာရီအတွင်း အဆင်သင့်ဖြစ်အောင် ပြင်ရတော့သည်။
အကုန်ချက်ပြုတ်လို့အပြီး စားပွဲပေါ်အသင့်ဖြစ်အောင်ချထားခဲ့ကာ အပေါ်ထပ်ပြေးတက်ရပြန်သည်။ 7: 10 မိနစ်သာရှိသေးလို့ လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း အခန်းထဲဝင်ခဲ့လိုက်တော့
ဒီအထိ ဦးကအဝတ်ဗလာနဲ့ အိပ်ရာပေါ် အတုံးအရုန်း။ခန္ဓာကိုယ်ချင်းနှီးနောမှုတွေ အကြိမ်ပေါင်းများစွာဖြစ်ခဲ့ဖူးပေမဲ့ ဒီလိုဘာမှမဖြစ်တဲ့အချိန်တွေဆိုရင်တော့ ဦးကိုစေ့စေ့တောင်မကြည့်ရဲ့ပါ။
ယောက်ျားတစ်ယောက်အနေနဲ့ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ ဦးရဲ့ပုံစံက ကျနော့ကို မျက်နှာပူအောင်အမြဲလုပ်သည်။