" မင်းသေချာ ကြည့်ပေးလိုက်ပါ။ ""......... "
"တစ်ခုခုထူးခြားတာရှိရင် ချက်ချင်းဖုန်းဆက်ဖို့ မမေ့နဲ့။ "
"......."
" အင်း။ ငါ ဒီနေ့ Seo Joon နဲ့ မြင်းစီးကြဖို့ ပြောထားလို့ ။"
မနက်အစောကြီး ၀ရံတာဘက်ထွက်ကာ ဖုန်းပြောနေတဲ့ ဦး။ ညအိပ်ဝတ်အင်္ကျီနဲ့တောင် ကြည့်ကောင်းနေတဲ့ ကျောပြင်ကျယ်ကြီးကို ငေးကြည့်ရင်း ပြုံးလိုက်မိသည်။ ခံစားချက်က အခုမှညားကာစ လင်မယားတွေလို။ မနက်နှိုးနှိုးချင်း ကိုယ့်ယောက်ျားရဲ့ နောက်ကျောကို အိပ်ယာထလာတဲ့ မိန်းကလေးက ရှက်သွေးကြွယ်စွာ ကြည့်နေရသလိုမျိုးပေါ့။
.
.
.
.
.
.
ကျောပြင်ကိုဖိကပ်လာသော ပါးအိအိလေးနဲ့အတူ ခါးကိုသွယ်ဖက်လာသော လက်ကလေးကို ကြည့်ရင်း ကျနော်နောက်ပြန်လှည့်ကြည့်လိုက်သည်။
အိပ်ရာစထမို့ နဖူးပေါ်ဖြစ်ကတတ်ဆန်းကျထားတဲ့ ဆံနွယ်လေးတွေ တစ်စစီလွှင့်လို့။" နှိုးလာပြီလား "
သူ့ခါးလေးကို တပြန်ပွေ့ပိုက်လိုက်ပြီး နဖူးထက်
ကြင်နာစွာ အနမ်းခြွေတော့ ကျေနပ်စွာပြုံးပြနေသော ကလေးလေး။"အွန်း။ ဦးပဲ မြင်း...မြင်း...စီးမလားဆို။ အာ့ကြောင့်...စောစောနှိုးလာတာ။"
အကြည့်တွေ ရှောင်ဖယ်ရင်း ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့မျက်နှာလေးကို ဆွဲယူမော့စေတော့ မနက်စောစောမှာ လန်းဆန်းနေတဲ့ ချယ်ရီပွင့်လေးလို ပန်းရောင်သန်းနေသည်။
" ဒါပေမဲ့ အခုချိန်က အရမ်းစောသေးတယ်လေ။
ခုနစ်နာရီလောက်မှပါ။ အိပ်ယာထဲ ပြန်မှိန်းချင်မှိန်းနေပါလား။ အပြင်မှာအေးတယ်။"" ဦး အခုလိုဖက်ထားပေးရင် မအေးတော့ဘူး ဟီး။ ဒါနဲ့ ဦးက အစောကြီးထပြီး ဖုန်းဆက်နေတာက အလုပ်ကိစ္စရှိနေလို့လား။ မအားရင်လဲ တမင်သက်သက်ကြီး...ဒါကို မနက်အချိန် မရွေးပါနဲ့လား။ ကုမ္ပဏီစောစောဆင်းတဲ့အချိန်ကျမှဆိုလဲ....အဆင်ပြေပါတယ်။ "
ဘာတွေရှင်းပြနေသည်မသိ။ နှုတ်ခမ်းလေးလှုပ်စိလှုပ်စိ ဖြစ်တာတောင် ချစ်ဖို့ကောင်းနေတဲ့ ကလေးက ရှက်သွေးဖြာနေတဲ့ အမူအယာနဲ့ရှင်းပြနေတော့ ကျနော်နားမရှင်းလဲ ဒီအတိုင်းလေး နားထောင်နေမိသည်။