"ဘယ်လိုလုပ်မလဲ။ ကျနော်က ဒီနှစ်အသစ်ထွက်မဲ့ကားတွေကို ကိုရီးယားမှာအရင်ဆုံး
ထုတ်ပြချင်တာ။ "အင်တင်တင်ဖြစ်သွားတဲ့ Mr.Burton ရဲ့ရုပ်ကိုမထိတထိကြည့်ရင်း ရယ်ချင်စိတ်ကိုထိန်းလိုက်သည်။ တစ်ခါတစ်လေတော့လဲ ကိုယ့်တန်ဖိုးကို
သိအောင် နဲနဲတော့ အသိပေးသင့်သည်မဟုတ်လား။" Mr.Park ပြောသလိုလဲ သင့်တော်ပါတယ်
Daddy ။ ဒီစာချုပ်ချုပ်ဖို့ ကျနော်တို့က အရင်ဖိတ်ခေါ်ခဲ့တာမလား။ အဲ့တော့ စိုးရိမ်စရာမရှိတဲ့ Mr.Park ရဲ့အခြေနေကိုလဲ သိထားရလို့ ပထမဆုံးဦးစားပေးရင် သင့်တော်ရာကျမှာပါ"မျက်နှာချင်းဆိုင်က သူ့မွေးစားသားက အရိပ်အချေကြည့်ရင်း ဖြေဖျန်လေတော့ ကျနော် ခေါင်းတ
ငြိမ့်ငြိမ့်နဲ့သာ Mr.Burton ကိုမျက်ခုံးပင့်ပြလိုက်သည်။ ဆုံးဖြတ်ရခက်နေတဲ့ သူက ရှေ့လျောက်အောင်မြင်တွေကို မျှော်မှန်းရင်း စိတ်ရှုပ်ထွေးနေဟန်တူပါရဲ့။ ကျနော် ဘေးက ရေခွက်ကိုမော့သောက်ပြီး" ကျနော် Park Seo Joon ကို ကိုရီးယားခေါ်သွားမဲ့ အကြောင်းရင်းကလဲ ဒီဆုံးဖြတ်ချက်အတွက်ပဲ။ ကိုရီးယားဘက် ဦးစားပေးခိုင်းထားလို့
အမြတ်ကိုကျနော်ကပဲ ရာခိုင်နှုန်းများများရယူမယ်လို့ မပြောရသေးဘူးနော်။ ကျနော်ဆိုလိုတာက
ထုတ်ကုန်အသစ်ကို ကျနော်ကပဲစကိုင်ချင်တာ။
ရှယ်ယာကတော့ ခင်များငြင်းပယ်လို့မရအောင် ကျနော့ဘက်က လုံလောက်ပြီးသား။ နောက်ပြီး ကျနော် ဒီအလုပ်တစ်ခုထဲ ရှိတာလဲမဟုတ်ဘူး။
ခင်များသားကို ကျနော်နဲ့အတူ ကိုရီးယားမှာ နှစ်နှစ်လောက် အခြေချခိုင်းတယ်ဆိုတာနဲ့တင် ဒီ project ရဲ့ profit က ခင်များအတွက် ဘယ်လောက်ထိရောက်တယ်ဆိုတာ သိသင့်တယ်။ ကနဦးစစချင်းမှာတော့ အလွန်အကျွံကြီး ခင်များမတွေးထားသင့်ဘူးလေ Mr.Burton။ လက်ရှိဒီစာချုပ်အရ ကျနော့ရှယ်ယာ အခြေနေကို ခင်များသိပါတယ်။ ဟက်...လုပ်ငန်းတစ်ခုအတွက် စကားအများကြီးပြောမိတာ ဒီတစ်ခါဘဲရှိသေးတယ်"