ဦးနှင့်အစပြုခဲ့သော 19(ZawGyi&Unicode)

10.6K 587 88
                                    


မှန်ရှေ့ရပ်နေသော ခန့်ညားချောမောတဲ့ လူကြီးတစ်ယောက်ဟာ ကျနော့ကမ္ဘာကြီးလို့ပဲ ပြောရမလား။ ကျနော်တစ်ဦးတည်းသာပိုင်တဲ့...ဘုရားသခင်က ကျနော့အတွက် သီးသန့်ပါလို့သတ်မှတ်ပေးထားတဲ့....ကျနော့အသည်းအသက်ပေါ့။

နက်ခ်တိုင်ချည်ပေးတာကို စောင့်နေတဲ့ ဦးကို ခဏပြစ်ထားပြီး ကိုယ့်အင်္ကျီကိုယ်ပြီးအောင်ဝတ်လိုက်သည်။ အသက်ကြီးလာတော့ ဦးက အရင်ကထက် ပိုပျင်းလာတယ်။ အခုလိုပေါ့...နက်ခ်တိုင်ချည်တာကအစ ဘယ်လောက်ကြာကြာ ကျနော့ကိုစောင့်ပြီးနေတာမျိုး။ မုဆိတ်ရိတ်တာဆိုလဲ ကျနော်ကသတိဖော်ပြီး ဂရုတစိုက်လုပ်ပေးမှ ရိတ်ဖြစ်သွားတာမျိုး။ ကျနော်သာ တခါတလေ မေ့မေ့လျော့လျော့နေကြည့်...အဖိုးကြီးတစ်ယောက်လိုဖြစ်အောင်ကိုနေပြစ်တာ။

အဲ့လိုအချိန်တွေဆို ကျနော်က အမေလိုတစ်မျိုး အဖေလိုတစ်မျိုး ဗြစ်တောက်ဗြစ်တောက်နဲ့ ဆူရတယ်။ မေ့လဲမေ့တတ်လွန်းလာလို့ စိတ်မရှည်တဲ့ အခါမျိုးတွေဆို သတိမထားမိပဲတောင် ငေါက်ငမ်းမိတာမျိုးတွေ ကျနော့်ပါးစပ်က ထွက်ထွက်သွားတတ်သေး။

ဦးကတော့ ကျနော်ပြောသမျှ ပြုံးပြုံး ပြုံးပြုံးနဲ့
"ကိုယ်နောက်ခါမမေ့အောင်နေပါ့မယ် ကလေးရယ် " ဆိုတာကလွဲပြီး ဘာမှပြန်မပြော။

ဒီတော့လဲ ကျနော့မှာ ဦးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ပြီး ကိုယ်ကသာ ပိုပြီးအလိုလိုက်မိသွားတာတွေ ရှိခဲ့ရသည်။

တစ်ခါက ကျနော်နေမကောင်းဖြစ်တော့ ဦးက သူကိုယ်တိုင်ဆန်ပြုတ်လုပ်ပေးချင်တယ်ဆိုပြီး တတ်သမျှမှတ်သမျှလေးနဲ့ ကျနော့ကို ဆန်ပြုတ်လုပ်ကျွေးရှာတယ်။ လူက အိပ်ယာထဲက မထနိုင်လောက်အောင် နှုံးချိနေလို့ မီးဖိုချောင်ထဲ လိုက်
ပြီးမကြည့်ပေးလိုက်နိုင်ဘူး။

ဒီလိုနဲ့ ကျနော့ရှေ့ရောက်လာတဲ့ ဆန်ပြုတ်လေး။
ဦးက တယုတယလာတိုက်ပေးတဲ့ ဆန်ပြုတ်ကို ကျနော်ထွေးထုတ်ပြစ်လိုက်သည်။ ဘာအရသာမှ မပါတဲ့ဆန်ပြုတ်က ဖျားနေတဲ့ကျနော့လျှာဖျားမှာ အော့အန်ချင်မိသည်အထိဖြစ်စေတော့ ကျနော်မထိန်းနိုင်။

ဦးနှင့်​အစပြု​ခဲ့​သော(Completed)Where stories live. Discover now