*ဒါဆို...နောက်ဆုံးအနေနဲ့ ဥက္ကဋ္ဌ Park ရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မေးမြန်းချင်ပါတယ်**ရပါတယ်*
*တနင်္လာနေ့က ညစာစားပွဲမှာ ဖြစ်ခဲ့တာလေးပါ။ ဥက္ကဋ္ဌတို့စုံတွဲရဲ့ ကြည်နူးစရာကောင်းတဲ့ အတူတွဲကနေတဲ့မြင်ကွင်းလေးလေ။ ဒါက သာမန်ဆိုပေမဲ့ ဥက္ကဋ္ဌရဲ့စိတ်ရင်းကြောင့် အတော်လေးကို ချီးကျူးစရာဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ဥက္ကဋ္ဌအနေနဲ့ Do Kyungsoo အပေါ်ထားတဲ့ အချစ်ကို လူတိုင်းလိုလို အားကျနေကြတယ်။အထူးသဖြင့် လူငယ်ပိုင်းတွေပေါ့*
*အာ....အဲ့လိုလား။ ဒီခေတ်ကလေးတွေကိုတော့ ကျနော်နားမလည်နိုင်တော့ဘူး။ ကျနော်လက်ခံထားတဲ့အချစ်က လူတိုင်းလက်မခံနိုင်ကြဘူးလေ။ ဒါပေမဲ့ အခုလိုကြားရတော့ သိပ်ကိုကျေးဇူးတင်မိတယ်။ နောက်ပြီး အသေအချာပြောချင်တာက ကျနော် Kyungsoo အပေါ်ထားတဲ့အချစ်က သူများတွေကိုအားကျစေချင်တာမျိုးမဟုတ်ခဲ့ဘူး။ တစ်ခြားသူတွေ ချီးကျူးခံရအောင် လုပ်ယူခဲ့တာမျိုးမဟုတ်ဘူး။ ကျနော်သူ့ကိုချစ်ခဲ့တာ ရိုးရိုးလေးဘဲ။ သူမိန်းကလေးဖြစ်ခဲ့လည်း ကျနော်
ချစ်မိမှာဘဲ။ အခု သူကယောကျာ်းတစ်ယောက်ဖြစ်နေခဲ့တော့လည်း....ဒါပဲပေါ့...သူဖြစ်နေခဲ့လို့ကို ချစ်မိတာ။ ဒါကြောင့်ဘဲ အခက်အခဲတွေအများကြီးထဲက သူ့ကိုရအောင် လက်ထပ်ယူခဲ့တာဘဲလေ။ အဓိကက ကျနော်သူ့ကို ချစ်မိတာရိုးရိုးရှင်းရှင်းလေး။ လုပ်ယူခဲ့တာမျိုးလုံးဝမရှိခဲ့ပါဘူး။**ဝါး...တကယ်ကို ကြားရတာ ကြည်နူးဖို့ကောင်းလိုက်တာ။ ဥက္ကဠpark ရဲ့အချစ်ကိုတော့ ဂုဏ်ယူလေးစားပါတယ်။Kyungsoo ကတော့ အရမ်းကိုကံကောင်းတဲ့သူပဲနော်။ ဥက္ကဋ္ဌကြီးရဲ့ တစ်ဦးတည်းသော လူတစ်ယောက်ဖြစ်ခဲ့တယ်*
*ဟ..ဟ..ဟ...ကျနော်လဲ သူ့ရဲ့တစ်ဦးတည်းသော လူတစ်ယောက်ဖြစ်ခဲ့လို့ တကယ်ကိုဂုဏ်ယူမိပါတယ်*
ည ရှစ်နာရီသတင်းက လာနေသော ဦးရဲ့အင်တာဗျူးကိုကြည့်ရင်း ကျနော်ပြုံးနေမိသည်။ အဖြစ်အပျက်တွေက ကျေနပ်စရာကောင်းခဲ့ရင် ဦးပြောသည့်စကားတွေက ကျနော့လိုလူတစ်ယောက်အတွက် ဘယ်လောက်တောင် တန်ဖိုးရှိလိမ့်မလဲ။ တည်ငြိမ်အေးဆေးလွန်းတဲ့မျက်နှာထားနဲ့ ကျနော့အပေါ်ထားတဲ့အချစ်ကို စာတွေကဗျာတွေမဖွဲ့နွဲ့ဘဲ လှလှပပလေး ဖော်ပြသွားခဲ့တာ။ အမှန်တရားတွေသာဖြစ်ခဲ့ရင် ကြည်နူးလွန်းလို့နေစရာ နေရာတောင်ရှိတော့မှာမဟုတ်ဘူး။ နောက်ထပ် မေးဖြေလုပ်နေသော ထိုအင်တာဗျူးကိုကြည့်ရင်း ထိန်းမရအောင် ပြုံးနေရာမှ တိုးတိုးလေးရယ်မိတော့သည်။ ထုံထိုင်းနေပြီဖြစ်တဲ့နှလုံးသားက ကြာလာတော့ သိပ်ကြီးတောင်မခံစားတတ်တော့ဘူးထင်ပါရဲ့။