ခရီးဆောင်အိတ်လေးဆွဲကိုင်ကာ ထွက်လာတဲ့ Seo Joon ကိုမြင်ရင်ပဲ ကျနော် အခန်းထဲဝင်ဖို့
ခြေလှမ်းတွေကို နောက်ဆုတ်လိုက်သည်။ ဒီနေ့က Seo Joon တိုက်ခန်းတစ်ခုကိုပြောင်းမဲ့နေ့။ ဦးရဲ့ရုတ်တရက် ပြောင်းရွေ့ပေးတဲ့ အစီစဉ်ထဲ Seo Joon ကို အားနာပေမဲ့ ကျနော်လဲ ဘာမှမတတ်နိုင်ပဲကိုး။"ခဏနေပါအုံး Kyungsoo "
အခန်းတံခါးကို ဆွဲဖွင့်မည်အပြု ပခုံးကိုဆွဲလာတဲ့ လက်ကြောင့် ကျနော်အားတုံ့အားနာစွာ ခေါင်းငုံ့အရိုအသေပေးလိုက်သည်။
"ဒီမှာနေတဲ့ အတောအတွင်း Kyungsoo နဲ့တောင် ကောင်းကောင်း စကားမပြောဖြစ်ခဲ့ဘူး။
အခု ဦးလဲ ဒီအိမ်ကနေ ပြောင်းရတော့မှာဆိုတော့
ခဏပဲ ဖြစ်ဖြစ် စကားပြောကြရအောင်။""ဦးက..."
"စိတ်မပူပါနဲ့။ Mr.park က ဦးနေမဲ့တိုက်ခန်းကို ရုံးဆင်းတာနဲ့ အတွင်းရေးမှူးKim နဲ့သွားစောင့်နေမယ်ပြောတယ်။ "
ဦးဆိုတဲ့ သူ့ရဲ့အသုံးနှုန်းမှာ ကျနော်အရင်ကထက် အနေခက်လာသည်။ Seo Joon ရဲ့ရိုးရိုးသားသား အသုံးနှုန်းမှာ ဦး ကိုသာ မြင်ယောင်မိရင်း...
ထိုနာမ်စားက သူနဲ့ကျနော့ကြား ပြဿနာ
ကြီးစေနိုင်သည်လေ။
နောက်ဆုံး သူပြောတဲ့အတိုင်း ဦးလဲ ပြန်မလာနိုင်သေးလို့ ခေါင်းငြိမ့်လက်ခံလိုက်သည်။
ဦးကြောင့် မျက်နှာပူခဲ့ရတာတွေလဲရှိခဲ့သည်မို့
နောက်ဆုံးအနေနဲ့ စကားတော့ကောင်းကောင်း ပြောပေးသင့်သည်မဟုတ်လား။ညနေစောင်းရောက်နေသည်မို့ ခြံဝင်းထဲ နေရောင်ညို့ညို့သာ ရှိနေပြီး ရေကူးကန်ထဲက ရေတွေက နီညိုရောင်သန်းနေကြသည်။
ဇိမ်ခံကုလားထိုင်တစ်ခုဆီမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း Seo Joon ရဲ့စကားကိုသာ နားစွင့်နေမိသည်။ ကျနော့ဘက်မှ ပြောစရာစကားဆို သူ့အတွက် တောင်းပန်စကားကလွှဲ ဘာမှမရှိပဲ။