ဦးနှင့်​အစပြုခဲ့​သော 11(ZawGyi&Unicode)

13.4K 940 271
                                    


Baekhyun ​​ဘေးအိတ်​​လေး​ကောက်​လွယ်​ရင်း အခန်းထဲက ထွက်​လာ​တော့ ပိတ်​ရက်​မို့ ဦး​လေး  Hojunက ဧည့်​ခန်းထဲထိုင်​ကာ အသစ်​စက်​စက်​ TVကို ​ငူငူငိုင်​ငိုင်​ကြည့်​​နေသည်​။

"ကျ​နော်​ သွား​ပြီ ဦး​လေး။ "

"ခဏလာထိုင်​အုံး Baekhyun။ အချိန်​ရရင်​ ​ပြောစရာ​လေးရှိလို့။"

မျက်​နှာချင်းဆိုင်​မှာ ဝင်​ထိုင်​လိုက်​ရင်း သူ့အိတ်​​လေးကို ​ပေါင်​​ပေါ်တင်​ရင်း ဦး​လေးကို​ကြည့်​​တော့ မျက်​နှာကသိပ်​မ​ကောင်း။ တစ်​ခုခု​ပြောဖို့ သက်​ပြင်း​တွေ အကြိမ်​ကြိမ်​ချရင်း တွန့်​ဆုတ်​​နေတဲ့ ဦး​လေးကို သူကပဲအရင်​စပြီး

"​ပြောစရာရှိရင်​​ပြော​လေ ဦး​လေးရဲ့။ ဘာဖြစ်​​နေတာလဲ။"

"မင်းအ​မေကို ကတိ​ပေးခဲ့ဖူးတယ်​။"

တော်​​တော်​တန်​တန်​ သူ့မိဘ​တွေနဲ့ ပတ်​သတ်​ပြီး စကား​ပြောတာမျိုးမရှိခဲ့တဲ့ ဦး​လေးက ဒီ​နေ့မှထူးဆန်းစွာ ​ထိုစကားကိုအစပျိုးလာသည်​။

"Baekhyun ကို လူလိမ္မာတစ်​​ယောက်​ဖြစ်​​အောင်​ ​စောင့်​​ရှောက်​ပါ့မယ်​ဆိုပြီး။ ငါ့​ယောက်​ဖ မင်းအ​ဖေ​သေ​တော့ အမက တစ်​​ယောက်​ထဲ မင်းကို
စောက့်​​ရှောက်​ပြီး ဖြတ်​သန်းရင်း....မိဘ​တွေ သ​ဘောမတူတဲ့အိမ်​​ထောင်​​ရေးမို့ သူမတစ်​​ယောက်​ထဲ
အပြင်းအထန်​​ပေါ့။ အချိန်​ပိုင်း အလုပ်​​တွေလုပ်​ရင်း မင်း​ကျောင်းတက်​ဖို့အတွက်​ မနားတမ်းကြိုးစားတယ်​။ ဒါ​တွေထားပါ မင်းငယ်​ငယ်​ကဆို​တော့ မှတ်​မိသလို မမှတ်​မိသလိုဖြစ်​​နေမှာပဲ။ မင်းအ​မေဆုံး​တော့ မင်းကအထက်​တန်းစတက်​ရမဲ့အချိန်​...။
ဒုက္ခ​တွေမှ မနည်းမ​နောမင်းကြုံခဲ့ရတာ။အဲ့တုန်းက ငါ့အ​ခြေ​နေလဲ မင်းမှတ်​မိမှာ​ပေါ့ Baekhyun။"

သိပ်​ကို မှတ်​မိတာ​ပေါ့ ။ ​မေ​မေက နှလုံး​ရောဂါနဲ့ ကျ​နော်​ အထက်​တန်းစတက်​မဲ့ နှစ်​မှာပဲ ဆုံးတယ်​။
မေ​မေဆုံး​တော့ ကမ္ဘာကြီးတစ်​ခုလုံး ​ဗြောင်းဆန်​သွားသလိုပဲ....အိမ်​ငှါးနဲ့​နေရတဲ့ ကျ​နော့်​ဘဝက ဘာမှမလုပ်​တတ်​မကိုင်​တတ်​နဲ့။ အဖွားတို့ကလဲ က​လေက​ချေနဲ့ရ​တဲ့​ကောင်​ဆိုပြီး လှည့်​​တောင်​မ
ကြည့်​တဲ့ အချိန်​​တွေ​ပေါ့။ အဲ့အချိန်​ ဦး​လေး Hojun က ကျ​နော့ကိုလာ​ခေါ်တယ်​။ ​မေ​မေ့ဘက်​က တစ်​ဦးတည်း​သော ကျ​နော့်​ကိုဂရုစိုက်​လာသူမို့ ဝမ်းသာအားရနဲ့ သူ့​နောက်​လိုက်​မိ​ပေမဲ့ သူ့အ​ခြေ​နေကလဲ ကျ​နော့လို အိမ်​မရှိယာမရှိ။ 
ဆေးစွဲပြီး အိမ်​​ပေါ်က နှင်​ချခံထားရတဲ့ သားဆိုးတစ်​​ယောက်​။
ဒါ​ပေမဲ့ ဘယ်​သူမှ မရှိတာထက်​စာရင်​ ဦး​လေးရှိ​နေ​တော့ ကျ​နော်​ အားရှိပါတယ်​။ဒီလိုနဲ့ပဲ ဦး​လေးနဲ့အတူ တိုက်​ခန်းတစ်​ခုငှါးရင်း ​နေခဲ့ကြတယ်​။
ငက်​တလှည့်​ပြတ်​တလှည့်​​ပေါ့။ ​ကျောင်းလဲဆက်​မတက်​နိုင်​ပဲ နားခဲ့ရပြီး အချိန်​ပိုင်းအလုပ်​ဝင်​လုပ်​ရတယ်​။ ​ကောင်းကံစွာပဲ ဦး​လေးက ကုမ္ပဏီကြီးတစ်​ခုမှာ ဧည့်​ကြိုအလုပ်​ရတယ်​တဲ့​လေ။ ကျ​နော်​တို့အတွက်​ ထမင်းစားလက်​မှတ်​အတည်​တကျ
ရပြီမို့ အရမ်း​ပျော်​ခဲ့ကြတာ။ ဟက်​...အဲ့ဒီ​နောက်​ပိုင်း ဦး​လေးရဲ့ တိုက်​တွန်းမှု​ရော ကျ​နော့မနူးမနပ်​အချစ်​ဆိပ်​တက်​တဲ့အရွယ်​​ကြောင့်​​ရော အခုလို​နေနိုင်​လာရခဲ့ရသည်​။ သိပ်​​တော့ကြားမ​ကောင်း​ပေမဲ့လို့ ကျ​နော့်​အတွက်​လုံးဝကို အဆင်​​ပြေခဲ့ရတယ်​​လေ။
Baekhyun အ​တွေးတစ်​ချို့နဲ့ ခပ်​ရွဲ့ရွဲ့ပြုံးရင်း ဦး​လေးကို ​ခေါင်းငြိမ့်​ပြလိုက်​သည်​။

ဦးနှင့်​အစပြု​ခဲ့​သော(Completed)Where stories live. Discover now