14

1.1K 48 0
                                    















နေ့လည် ဆိုတဲ့ အချိန်လေးလဲရောက်လို့လာပြီ
ထို့အတူ ပတ်ဝန်းကျင်က လေပြေလေညင်းတို့က တိုက်ခတ်လို့ရယ်

သို့သော်လည်း အဓိကဇာတ်ဆောင်နှစ်ယောက်ကတော့
ကျောင်းပတ်ဝန်းကျင်မှာ ရှိမနေတော့ဘဲ
နေ့လည်စာ စားဖို့အတွက် Jeno ရဲ့ ဖိတ်ခေါ်မှုကြောင့်
Jaemin ကြည်ဖြူ စွာ သဘောတူရင်း လက်ခံလိုက်မိသည်

ဘယ်နေရာတွေသွားမယ် ဘယ်ဆိုင်ကိုသွားတယ် ဆိုတာတွေ
မသိဘူး အေးအေးဆေးဆေးလေးသာ
အရှေ့ခန်းမှာ တောင်ငေး မြောက်ငေးနဲ့
ငြိမ်ငြိမ်လေး ဘေဘီNaNa ထိုင်နေသည်

စိတ်ထဲမှာ တစ်ခုခုတော့ မကျေနပ်ပုံဘဲ
ဒါပေမဲ့ ထုတ်မပြောသေး စိတ်ထဲမှာသာ သိမ်းထားခဲ့သည်
အကြောင်းအရာ က ဘာစကားမှ မစလာတဲ့ ဒယ်ဒီကြောင့်နေမယ်
ဘာလို့မှန်း မသိ ဘာမှမဟုတ်တဲ့ အရာလေးကို
စိတ်ဆိုးချင်မိတယ်
အမှန်တကယ်တော့ သူ စိတ်မကောက်သင့်ဘူး
စိတ်ဆိုး၊ စိတ်ကောက် ရအောင် ချစ်သူတွေလည်း မဟုတ်ပြန်
သူငယ်ချင်း ဖြစ်ရအောင်ကလည်း သက်တူရွယ်တူ လည်းမဟုတ်ကြဘဲ

ဒါဆို ဆက်ဆံရေးက ဘာကြီးလဲ??
မသိဘူး... ဒါပေမယ့် NaNa ဒယ်ဒီ့ကိုဘဲချစ်တယ်
မဖြစ်နိုင်ဘူးဆိုရင်တောင် ချစ်မိနေပြီထင်တယ် ဒယ်ဒီjen

ရင်ထဲက သိသိသာသာပြောင်းလဲပြီး ချစ်နေတာတောင်
ဖုံးကွယ်ထားနေတုန်း...
ဘာကြောင့်လဲ ကလေးလေးရယ်
မြန်မြန် အမှန်တိုင်းပြောသင့်တာကို

ဒါပေမယ့် ဘေဘီလေးက အခုထိရှက်နေသေးတယ်နဲ့တူတယ်
ထို့ကြောင့် ရင်ထဲကခံစားချက်တွေကို မဖော်ထုတ်ဘဲ
အရင်လို တိတ်ဆိတ်စွာ နေတုန်းလေ

ရာသီဥတုက နေ့လည်ပိုင်းမို့ အရမ်းပူနေတာမျိုးတော့ မဟုတ်ပေ
နေလို့ထိုင်လို့ရသေးသည်
ဒါပေမယ့်လည်း ကားထဲမှာမို့ ဘေးပတ်ဝန်းကျင်ရဲ့ အခြေအနေကို အသိအကျမသိနိုင်
သို့သော်လည်း အမြင်နဲ့ခန့်မှန်းမိသလောက်ပေါ့

နေ့လည်စာစားဖို့ Chinese foodကိုဘဲ jenoရွှေးမိလိုက်တယ်
ဒါကို သူ့ဘေဘီလေးကြိုက်မယ်ထင်တယ်
ဘာမှမပြောပြခြင်းက ချစ်ရသူအတွက် supriseဖြစ်စေချင်လို့ တမင်ရည်ရွယ်ပြီး လုပ်ရခြင်းသာ
ကြိုပြောထားခြင်းက ရင်မခုန်စေဘူးလေ
ဟုတ်တယ်မလား သူက ဘေဘီလေးကို ရင်ခုန်စေချင်တယ်၊
ပျော်စေချင်တယ်
ထို့အပြင် ထူးခြားတဲ့ပျော်စရာအစီအစဉ်လေးလည်း ရှိသေးတာမို့
ဒီတစ်ခါ ဘေဘီနာနာလေး ပျော်ရွှင်မယ်ဆိုတာ အတိအကျ
အာမခံရဲသည်

𝕄𝕣.𝕃𝕖𝕖 & ℍ𝕚𝕤 𝕋𝕠𝕪 [NOMIN✔]⚠Where stories live. Discover now