[Zawgyi]ဘူဆန်မြို့၏ သာယာလှသော မနက်ခင်းအချိန်တွင်မူ အရာရာတိုင်းက စိတ်ကြည်နူးဖွယ်ကောင်း၍ အေးချမ်းလှပါ၏။
ညတုန်းက မိုးရွှာထားတဲ့ အရှိန်ကြောင့် အေးစိမ့်ခြင်းတို့ကို ခံစားရပေမယ့်
အရာရာက အဆင်ပြေပါတယ်။ စိတ်ချမ်းမြေ့ခြင်းတို့ စုံလင်၍ အပန်းဖြေဖို့ အကောင်းဆုံးဖြစ်ပေလိမ့်မည်။မနက်ခင်း၏ ပတ်ဝန်းကျင်အလှက အေးချမ်းသာယာလျက်ရှိနေသလို
ကျန်းမာရေးအတွက် မနက်ခင်းလမ်းလျောက်ကြတဲ့ စုံတွဲကလည်း ပျော်ရွှင်နေပုံပါပဲ။
သူတို့မျက်နှာတွင် ပျော်ရွှင်ခြင်းကိုတွေ့မြင်နိုင်သည်။ အပြုံးများကလည်း ဟန်ဆောင်ခြင်းကင်းမဲ့ကာ သဘာဝကိုဆောင်၍နေပါ၏။အိမ်ကြီးများကိုကျော်ဖြတ်ကာ လမ်းမပေါ်မှာ လက်ချင်းတွဲလျက် လမ်းလျှောက်လာတဲ့ ဒီစုံတွဲက အရမ်းလိုက်ဖက်လွန်းနေတယ်။ ဒါကတော့ ဒေါက်တာ parkနဲ့ သူ့၏ ချစ်သူကောင်လေး ဖြစ်ပါလိမ့်မည်။
အကျင့်စရိုက်တွေ မတူပေမယ့်လည်း
အတူတူ ရေရှည် ရင်ဆိုင်ဖို့ရန်အတွက်တော့
ဆွေးနွေးတိုင်ပင်ကြရတာချည်းပါပဲ။ထို့အတူ အစတုန်းက chenle သည် မနက်ခင်းတိုင်းလမ်းလျှောက်ဖို့ အမြဲတမ်းတတ်ကြွနေပေမယ့် jisung က PC room မှာသာ အချိန်ကုန်လေ့ရှိနေပြန်သည်။
တကယ်တမ်းဆို jisungက ဆရာဝန်တစ်ယောက်ဖြစ်သည့် အလျောက် ကျန်းကျန်းမာရေးကို လိုက်စားရမယ်လေ။သို့သော် လက်တွေ့မှာမူ တစ်ခြားစီပါ။
chenle ကသာ နေ့တိုင်းလမ်းလျှောက်ထွက်ဖို့ ကြိုးစားတိုက်တွန်းခဲ့ရတော့သည်။
မည်မျှပင် ခေါင်းမာစေပါဦး။
နောက်ဆုံးတော့ အချစ်လေးကြောင့် တစ်ခါမှမလုပ်ဖူးတဲ့ ကျန်းမာရေးတွေကို လိုက်စားနေပြန်ပြီလေ။မနက်စောစော ထရတဲ့ အခက်အခဲတွေရှိပေမယ့် ကိုကို့ရဲ့ အနမ်းတွေကြောင့်
jisung အတွက်တန်တယ်လို့ပြောရမလား။
အမြဲတမ်း ရုပ်တည်ကြီးနဲ့ တည်ငြိမ်အေးစက်စွာ ပြုမူနေခဲ့ပေမယ့် တကယ်တော့ jisung က chenleအပေါ် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတတ်ပါတယ်။အခြားသူရှေ့မှာ သက်တောင့်သက်သာမရှိပေမယ့် chenleနဲ့တော့ သူက တကယ့်ကို အဆင်ပြေပါတယ်။ ဤအချက်တွေကြောင့်
သူ chenleရွှေးချယ်ခဲ့သည် မဟုတ်။
အဓိက အချက်က ' အချစ်' ဟုဆိုရပေမလား။
အချစ်မပါဘဲ ကိုယ့်အကြိုက်တိုင်း တွဲကြမယ်ဆိုရင် အစကတည်းက မတွဲကြရင်ကောင်းမှာပေါ့။
ESTÁS LEYENDO
𝕄𝕣.𝕃𝕖𝕖 & ℍ𝕚𝕤 𝕋𝕠𝕪 [NOMIN✔]⚠
Fanfic#NoMin #Mature #Drama #Raped #Romance #Myanmar 🔞⚠⚠ [ part1 idea credited from other . Most are my owned idea ] Just Fanfiction✔️ မထင်မှတ်တဲ့ တွေ့ဆုံမှုကြောင့် မဖြစ်သင့်တဲ့ အမှားတွေကို ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်နဲ့ ကျူးလွန်ခဲ့တယ်...