(Zawgyi)ကျွန်းကြီးတစ်ခုဟု ယူဆနိုင်သော်လည်း
အမှန်စင်စစ်က ထိုသို့မဟုတ်ပြန် လူသားများမမြင်နိုင်အောင် အစီအရင်များပြုလုပ်ထားဟန်တူသည်။ဘေးပတ်လည်တွင် ပြာနုနု ပင်လယ်ရေ တို့ကဝန်းရံထားသည့် ဤကျွန်းကြီးက သာမန်မျှတော့မဟုတ်ပါ။ ထိုကျွန်းပေါ်၌ ရဲတိုက်ကြီးများနှင့် တိုင်းပြည်ကြီး တစ်ခုရှိသည်။
တိုင်းပြည်သား များသည်လည်း သူတို့ အမှတ်အသားပါ ခေါင်း၌ ဦးချိုအသီးသီး စီရှိသည့်အပြင် အရွယ်ရောက်သူတိုင်း ပျံသန်းနိုင်သော အနက်ရောင် တောင်ပံများပါရှိ၏။နတ်တော့ နတ်ပါပဲ။ သို့သော် ကောင်းကင်ပေါ်က ဖြူစင်တဲ့ နတ်ကောင်းနတ်မြတ်တွေမှမဟုတ်ပေ။ ထို့ကြောင့် ဤအရပ်သည် သူတို့၏ ကျက်စားရာနေရာဖြစ်ဟန်တူ၏။
သူတို့မှာ နတ်များနည်းတူ အစွမ်းရှိသော်လည်း ကောင်းမြတ်ခြင်း သဘောတရားမဆောင် ၊ လူတို့အား အဆိုးတွေကို တွန်းအားပေးတတ်ကြသည်။
ဒါ့ကြောင့် သူတို့က လူသားတွေရှိတဲ့ ကမ္ဘာမြေပေါ်မှာ လျို့ဝှက်နေထိုင်ကြသည်။ယခု နတ်ဆိုးတိုင်းပြည်သည် ထင်ထားတာထက်ပိုပြီး ကျယ်ဝန်းပြီး ဟိတ်ဟန်များလွန်းသလို အလွန်ကြောက်မက်ဖွယ်ရာ သားကောင်မျိုးစုံလည်းရှိ၏။ သို့သော် အမြဲတမ်းမှောင်မိုက်နေကာ မီးတုတ်တိုင်များအား အမှီသဟဲပြုလျက်သာရှိသည်။
ယင်းတိုင်းပြည်၌ နေ့အချိန်ကာလရှိသော်လည်း အများစုက အမှောင်ကိုနှစ်သက်ကြပုံပေါ်သည်။
ဒါပေမယ့် ထူးခြားသည်က သူတို့ကိုယ်စီ ကိုယ်နှစ်သက်ရာ ရာသီဥတုနှင့် အလင်းအမှောင်ကိုဖန်တီးလို့ရသည်လေ ။သူတို့ကိုယ်တိုင် အမျိုးမျိုးဖန်တီးနိုင်သည်က ဤမြေတွင်သာဖြစ်သည်။ ဤသည်က သတ်မှတ်ချက်တစ်ခုပေါ့ ။အကယ်၍အားကြီးလျှင်တော့ အခြားဒေသများတွင်ပါ မိမိစိတ်တိုင်းကျ ပြောင်းလဲ၍ ရနိုင်သည်။
ကြီးကျယ်ခမ်းနားသည့် ရဲတိုက်ကြီးအတွင်းတွင်မူ ကိစ္စတစ်ခုကြောင့် သက်ဆိုင်သူအားလုံး စုဝေးလို့နေကြပါသည်။သူတို့၏ မျက်နှာတွေကတော့ မကြည်မလင်ဖြစ်နေကြပြီး တစ်စုံတစ်ခုအားမကျေနပ်ဟန်ရှိနေသည်။
YOU ARE READING
𝕄𝕣.𝕃𝕖𝕖 & ℍ𝕚𝕤 𝕋𝕠𝕪 [NOMIN✔]⚠
Fanfiction#NoMin #Mature #Drama #Raped #Romance #Myanmar 🔞⚠⚠ [ part1 idea credited from other . Most are my owned idea ] Just Fanfiction✔️ မထင်မှတ်တဲ့ တွေ့ဆုံမှုကြောင့် မဖြစ်သင့်တဲ့ အမှားတွေကို ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်နဲ့ ကျူးလွန်ခဲ့တယ်...