(Zawgyi)
တိတ်ဆိတ်ငြိမ်သက်သော ညတစ်ညဖြစ်လိမ့်မည်ထင်ပါသည်။အရင်လိုတော့ ပျော်စရာကောင်းလှသည့် ညချမ်းအချိန်လေးတော့ မဟုတ်ပြန်ပေ။
ဤကား နာကျင်စရာများစွာနှင့် ပြည့်နှက်နေပြီး
စိတ်မကောင်းစရာ ညချမ်းလေးဖြစ်ပါလိမ့်မည်။သို့သော်လည်း ကောင်းကင်ယံ ကတော့ ကြယ်တွေစုံလင်စွာဖြင့် ကြည်နူးဖွယ်ကောင်းလှပါသည်။ ည၏ ရာသီဥတုနှင့် လေပြေအေးတို့က သာယာလျက်ရှိကြောင်းဖော်ပြလျက်ရှိပါ၏။
ဒါပေမယ့်လည်း ချစ်သူနှစ်ဦးကတော့ အရင်လိုပျော်ရွှင်နိုင်မယ်မထင်ပါ။တမင်ရည်ရွယ်ထားခြင်းမရှိခဲ့သော်လည်း ခွဲခွာခြင်းကား အစချီလာပြီလေ။ ကာယကံရှင်တွေကမှ မခွဲခွာချင်သေးပေမယ့် ကံကြမ္မာက ဖန်တီးလာခဲ့ပြီ။ လူတိုင်းက ကိုယ့်ချစ်သူနှင့် မဝေးချင်ကြသလိုပဲ jeno လည်းထိုနည်းတူ ခံစားမိမယ်ထင်တယ်။
ခေတ်မီလှသည့် အဆောက်အအုံကြီးကတော့ တိတ်ဆိတ်လျက်ရှိနေဆဲပါ။ မီးရောင်တို့ ထွန်းညှိထားသော် နွေးထွေးခြင်းမရှိပဲ အေးစက်စက် ခံစားမိလိမ့်မည်။
heater အကူအညီတွေကလည်း ဒီအချိန်မှာ သက်ရောက်မှုမရှိတော့ဘူး ထင်ပါရဲ့။အရင်တုန်းကလို ချစ်ကြည်နူးခဲ့ကြသလို ဖြစ်ချင်ပေမယ့်လည်း ယခုအခြေအနေမှာတော့ ခက်ခဲလွန်းပါသည်။
ဆိုးလ်မြို့ကြီးကတော့ သာယာသည့်ညချမ်းကို မီးရောင်စုံတို့ဖြင့်ဖော်ပြနေကြသော်လည်း
ဧည့်ခန်းဆောင်ထဲက ကောင်လေးအတွက်တော့ ဘာမှမဟုတ်ခဲ့ပြန်ဘူး။
နဂိုကတည်းက ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့လူစား ဆိုပေမယ့် အခု သူ့ခေါင်းထဲမှာ jaemin ကသာ အဓိကဖြစ်နေ၏။jenoရဲ့ မျက်ဝန်းတွေက ငိုထားလို့ နီရဲနေသော်လည်း သူက ဘာမှမဖြစ်သလိုဟန်ဆောင်ခဲ့သည်။ စိတ်ထဲမှာ မကောင်းဘူးဆိုတာတော့သေချာပါ၏။
ဒါပေမယ့် သူအကြောက်ဆုံးက jaemin သူ့နဘေး က ထွက်ပြေးသွားတယ် ဆိုတာပါပဲ။
ကျန်တဲ့ အရာမှန်သမျှ စွန့်လွှတ်နိုင်ပေမယ့် jaemin က သူ့ ဘဝတစ်ခုလုံးဖြစ်တဲ့အတွက် ဒါဟာ လုံးဝ မဖြစ်နိုင်ဘူးထင်ပါတယ်။
YOU ARE READING
𝕄𝕣.𝕃𝕖𝕖 & ℍ𝕚𝕤 𝕋𝕠𝕪 [NOMIN✔]⚠
Fanfiction#NoMin #Mature #Drama #Raped #Romance #Myanmar 🔞⚠⚠ [ part1 idea credited from other . Most are my owned idea ] Just Fanfiction✔️ မထင်မှတ်တဲ့ တွေ့ဆုံမှုကြောင့် မဖြစ်သင့်တဲ့ အမှားတွေကို ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်နဲ့ ကျူးလွန်ခဲ့တယ်...