21(meets in Busan again)

666 31 2
                                    

(Zawgyi)


လေပြေ လေညင်းတို့က ခရီးလမ်းတစ်လျှောက်တိုးဝှေ့တိုက်၍လာပါသည်။
မနက်ခင်း အချိန်တွင် ဖြစ်သော်လည်း
နွေရာသီ ဖြစ်တာကြောင့် သဘာဝလေအေးအေးတွေရအောင် ကားမှန်ကိုဖွင့်ထားမိသည်။

ဘူဆန်ကို အလုပ်ကိစ္စနှင့် သွားစရာရှိသည်မို့ စိတ်ကော ကိုယ်ပါ ပင်ပန်းနိုင်ပါသည်။ သို့သော် ထက်မြတ်သော ဤ အမျိုးသမီးက ထိုသို့မဟုတ်ပါ။
သူမ သည် သူမ ချစ်သော ခင်ပွန်းနှင့် နှစ်နှစ်သား သားငယ်နှင့်အတူ ထိုခရီးအား လိုက်ပါလာသည်။
အကြောင်းက အလုပ်ကိစ္စရော အနားယူဖို့ကိုပါ သူမကြိုတွေးထားပုံပါပဲ။

ဒါပေမယ့် Driver seat မှာ ထိုင်နေလျက် ကားမောင်းနေသော အမျိုးသား ဖြစ်သူသည်
မျက်နှာမရွှင်မပြ ဖြစ်နေသည်။  ချောမောလှပတဲ့ ဇနီးသည်အား ကြည့်၍ စိုးရိမ်နေပုံပေါ်၏။

ကံကောင်းစွာ အရှေ့၌ မည်သည့်ကားမှ မရှိ၊
လမ်းရှင်းနေသည်မို့   auto driveကို ပြောင်းလဲလိုက်သည်။ ထို့နောက် သူ အလျှင်အမြန်အနှင့် အနောက်ဘက် က kid seatမှာ အိပ်ပျော်နေတဲ့ သားလေးအား ကြည့်မိလိုက်၏။
သားလေး အပူအပင် ကင်းစွာ အိပ်ပျော်နေသည်ကိုတွေ့တော့Renjun သည် သက်ပြင်းချ၍  ဇနီးသည်အား လှမ်းကြည့်သည်။

သို့သော် သူ့ဇနီးသည် Chunhua က ခပ်ပြုံးပြုံးနှင့်သာကြည့်၍ စကားစလာသည်။

" ဘာမှမဖြစ်ဘူး ။  သားသား က အဆင်ပြေပါတယ်  ဘူဆန်ရောက်အောင်အရင်သွားရအောင်။ "

" ဒါပေမယ့် ချစ်လည်း မပင်ပန်းဘူးလား။ "


Renjun က ရိုမန့်တစ်ဆန်တဲ့ အမျိုးအစားထဲ မပါတဲ့ ပွင့်လင်းသမားကြီးပါ။ သို့သော်
ကလေးရပြီးနောက်ပိုင်းမှာ  အချေကိုယ်တော်က ပို၍ပင်ထူးဆန်းလာခဲ့သည်။
အကြောင်းက သူ့ဇနီးကို ပို၍ တန်ဖိုးထားတတ်ခဲ့ပြီလေ။

အရင်ကလည်း ဂရုစိုက်ခဲ့ပါတယ်။ ဒါပေမယ့် chunhuaရဲ့ ရောဂါအခြေအနေကို သိခဲ့ရတဲ့နောက် renjunတော်တော်ပြောင်းလဲသွားပါပြီ။ သူ ထိုမိန်းကလေးကို အဆုံးရှုံးမခံနိုင်မှန်း သိသာလွန်းသည်။

jenoတို့ ရဲ့ စိတ်မကောင်းစရာ အချစ်ဇာတ်လမ်းလို သူလည်းဖြစ်သွားမှာ renjunကြောက်နေမိသည်။ လူတိုင်းက အချစ်နဲ့မကင်းဘူး ဆိုတာ သူ တကယ်ယုံကြည်လာပြီလေ။
ဒါ့ကြောင့် jenoတို့လို အဆုံးသတ် မလှမှာ သူစိုးရိမ်၍  chunhua ကို သားလေး ထက် ဂရုစိုက်ပေးကာ အချစ်ပိုပေးခဲ့သည်။

𝕄𝕣.𝕃𝕖𝕖 & ℍ𝕚𝕤 𝕋𝕠𝕪 [NOMIN✔]⚠Onde histórias criam vida. Descubra agora