Final

878 32 2
                                    

[Zawgyi]


မြို့ကြီးပြကြီး ပေမယ့် ဆင်းရဲချို့တဲ့လူ တွေနဲ့ ဘဝပေးအခြေအနေအရ ဖြတ်သန်းနေရတဲ့ လူများစွာလည်း ရှိနေတုန်းပဲ။
ဒါဟာ နိုင်ငံတိုင်း၊နေရာတိုင်းမှာ တွေ့နေကျ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ လူတစ်ချို့က ဒီအရာတွေနဲ့ ပတ်သက်ရင် ဖော်ပြလေ့မရှိကြဘူး။

ခေတ်မီဖွံ့ဖြိုးတိုးတက်မှု ကိုသာ တီဗီဖန်သားပြင်ပေါ်မှာ ဖော်ပြလေ့ရှိတယ်။ ဇိမ်ခံကားတွေ၊ အဆောက်အအုံတွေနဲ့ပေါ့။ ဒါပေမယ့်
အခုလို အခြေခံကျတဲ့ လူတန်းစားများကိုလည်း မေ့လို့မရပါဘူး။
ဖြစ်နိုင်ရင် သူတို့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးရဦးမယ်။ ဥပမာ- ပညာရေး၊ကျန်းမာရေးတို့လို့ပေါ့။

အရင်တုန်းက ရွှေပေါ်မြပေါ်မှာ နေထိုင်ခဲ့ပြီး အပြင်လောကကြီးကို အသေချာ မသိရတဲ့ jeno အဖို့ ဒီတစ်ခါ သူတော်တော် သဘောပေါက်လာပါပြီ။ ဤ အရာအားလုံးက jaemin ကြောင့်ဖြစ်မှာပါ။

လျှင်မြန်လှသော အချိန်နာရီများကြောင့် jaemin နဘေးနားမှာရှိနေရတာ နည်းနေသလို ခံစားနေရတုန်းပါ။ ဒီထက်ပိုပြီး ကောင်းတဲ့ အရာတွေလုပ်သွားချင်တယ်။
အများကို အကျိုးပြုဖို့တောင် စိတ်အားထက်သန်နေပြီလေ။

နေ့လည်ခင်းအချိန်ဖြစ်ပုံရသည်။ တည်နေရာကတော့ သာမန်ဘုရားကျောင်းတစ်ခုပါ။ သို့သော် မြို့နဲ့ဝေးတဲ့ နေရာတစ်နေရာပေါ့။ သစ်ပင်တွေ အများကြီးရှိပြီး အေးချမ်းသာယာတဲ့ နေရာတစ်ခုဖြစ်သည်။
ဖုန်းလိုင်းတွေ အင်တာနက်ကွန်ယက် သိပ်မကောင်းတဲ့ နေရာပေါ့။

ဤကား ဝေးလံတဲ့နေရာကို ညွှန်းဆိုနေမှန်း သိသာလှပါသည်။ အုတ်တွေဖြင့် စီမံဆောက်လုပ်ထားတဲ့ ဘုရားကျောင်းဆောင် ဟောင်းပေမယ့် ယခုတော့ မိဘမဲ့ကလေးတွေရဲ့ မှီခိုရာ ဌာနီဖြစ်လာပါတယ်။
မြို့နဲ့ အခက်ခဲများပုံရသည်။
သို့သော်လည်း တာဝန်ရှိသူတွေကတော့ ပူပန်သောကမရှိပေ။ စိတ်အေးလက်အေးနှင့် အခက်ခဲကို စုပေါင်းဖြေရှင်းကြတယ်။

ဤအချက်ကိုတွေ့တော့ jeno ဆိုးလ်က အိမ်ကို သတိရမိသည်။ ငယ်ငယ်တုန်းကဆိုရင် အိမ်မှာ တကျက်ကျက်ရန်ဖြစ်သံ၊ ဆူပူသံတွေနဲ့ ဖြတ်သန်းခဲ့ရတာလေ။
ဒီလောက်ဆို jeno နားလည်ပါပြီ။ ချမ်းသာသူနဲ့ ဆင်းရဲသူတွေကြားထဲက သောကတွေကိုလေ။

𝕄𝕣.𝕃𝕖𝕖 & ℍ𝕚𝕤 𝕋𝕠𝕪 [NOMIN✔]⚠Donde viven las historias. Descúbrelo ahora