Sweet Night

1.4K 44 10
                                    

P- 15

(Zawgyi)





ဆိုးလ်မြို့၏ ညဘက် အလှဟာ မီးရောင်စုံဖြင့်ထိန်းလင်းကာ တောက်ပလျက်ရှိနေသည်
ထို့အတူ ချစ်သူနှစ်ဦးကလည်း
City view ကို ပြည့်ပြည့်ဝဝ ခံစားနိုင်ဖို့ အလို့ငှာ
Luxury restaurant တစ်ခုမှာ
မျက်နှာချင်းဆိုင်လျက် ညစာသုံးဆောင်နေ၏

ဤအတွဲသည်ကား မကြာသေးခင်ကမှ ချစ်သူရည်းစားတွေဖြစ်ခဲ့ကြသော Mark lee နှင့် Haechan

စားသောက်ရင်းပင် စကားများလျက်ရှိနေသော
ချစ်သူလေးအား တစ်စိမ့်စိမ့်ကြည့်ရင်း Markထောက်ခံပေးသည်
သူသိသည် အချစ်လေးက သူ့သူငယ်ချင်း Jenoတဲ့ရဲ့ မရှင်းလင်းသော relationshipအကြောင်းဖွတော့မယ်ဆိုတာလေ
ဟုတ်ပါသည် Marklee ထင်သလိုပါပဲ
သူ့ဘေဘီစွာစိလေး က စကားစလာသည်

" ကိုကို သိလား "

" အင်း ဘာပြောမလို့လဲ သည်းငယ် "

ချစ်ရသော ချစ်သူလေးရဲ့ အမေးကို သူကျေနပ်စွာဖြေရှာသည်
မငြီးမညူဘဲနှင့် အမြဲတမ်း နားထောင်ပေးတတ်သေးသည် အဲ့လောက်အထိ ချစ်သူလေးကို အလိုလိုက်ကာ အရာရာလိုက်ရောပေးထားသည်
သို့သော်လည်း အဆိုးအပေလေးက ထုံးစံအတိုင်းဆိုးမြဲ
ဒါပေမယ့်လည်း သူတို့နှစ်ဦးဟာ အမြဲတမ်းလိုက်ဖက်ညီခဲ့ပါသည် အသွင်မတူ ဝါသနာမတူပေမယ့်လို့ပေါ့

သူ့ကိုကို က သူ့စကားဆို အားလုံးထောက်ခံပေးတတ်တယ် မှားရင်လည်း ဘယ်တော့မှ မဆူပူတာမို့ Haechannieလေး အချစ်ပိုရတာ မမှားပါဘူး
အဲ့လို အမြဲတမ်းအလျော့ပေးတဲ့ ကိုကို့ ကိုသာ သူချစ်သည်
တွဲလာတဲ့ချစ်သူသက်တမ်းက တစ်ပတ် ပင်မပြည့်သေးသော်လည်း
ယခင်ကတည်းက သိနေသလိုလိုခံစားချက်ကြီးကြောင့် အရင်ဘဝကတည်းက ဖူးစာလားလို့ထင်ရသည်


ဘေးပတ်ဝန်းကျင်က ညအလှကို တစ်ချက်ကြည့်မိရင်း haechan စားသောက်ခြင်းအားရန့်တန့်လိုက်ပြီးနောက်

" ဒီချိန်ဆို ဘူဆန်မှာ jaeminတို့ အဆင်ပြေပါ့မလား ဒီကောင်က jeno hyung ကိုကြိုက်နေရဲ့သားနဲ့ မရဲတရဲနဲ့ "

" အော် သည်းငယ်ရယ် သူတို့လည်း ကိုယ်တို့လိုတစ်နေ့တော့ အဆင်ပြေကြမှာပါ
ဘာမှပူမနေနဲ့ သိလား "

𝕄𝕣.𝕃𝕖𝕖 & ℍ𝕚𝕤 𝕋𝕠𝕪 [NOMIN✔]⚠Donde viven las historias. Descúbrelo ahora