16

830 33 5
                                    


(Zawgyi )



ရာသီဥတု သာယာလျက်ရှိသော နေ့လည်ခင်းအချိန်ပင်ဖြစ်၏
နေ့လည်ခင်း ဆိုသည့်အလျှောက်  Hwang အိမ်တော်၏ ဂုဏ်သရေရှိ ဧည့်ခန်းမဆောင်ထဲဝယ် အချေအတင် ဖြစ်နေကြတဲ့
လူငယ်နှစ်ဦး ရှိနေကြသည်

ဆိုဖာပေါ်တွင် ထိုင်နေတဲ့ မိန်းကလေးအား
Renjun မကျေနပ်စွာမေးမြန်းလိုက်သည်
ထိုသူမ က သူနှင့် ဆွေမျိုးမတော်စပ်တဲ့ မိထွေးဖြစ်သူ၏ သမီးဖြစ်သည်မို့
အစကတည်းက သူအမြင်မကြည်တာ မဆန်းကျယ်ပါ
သို့သော်လည်း အခုလိုကိစ္စလူသားမဆန်တဲ့ကိစစကတော့ အတော့်ကိုဆိုးရွှားသည်မို့
မျက်စိရှေ့မှာ ပေကပ်စွာထိုင်နေတဲ့ မိန်းကလေးအား  စူးစိုက်ကြည့်နေသည်

"  Yeonmi အခုမင်းလုပ်လိုက်တဲ့ ကိစ္စ က
ဘာဖြစ်နေလဲဆိုတာ သိရဲ့လား  "

စာရွက်စာတမ်းကြောင့်သာ အစ်ကို တော်စပ်သည့် Renjun ကို မော့ကြည့်ရင်း
သူမ အထင်မဲ့မြင်ပြုကာ  ရယ်မောလိုက်သည်
ပုံမှန်ဆို သူတို့နှစ်ယောက်က တစ်အိမ်တည်း အတူနေသော်လည်း  စကားမပြောဖြစ်တဲ့ လူတွေပဲလေ
လမ်းမှာတွေ့ရင်တောင် မသိချင်ယောင်ဆောင်ပြီးနေကြသည်ကများသည်
ဒါပေမယ့်  ဘာကိစ္စကြောင့် Renjun က
Yeonmi အား မကျေနပ်စွာ လာပြောရသနည်း

အကြောင်းကတော့  Yeonmi က Jaeminရဲ့ မိသားစုအကြောင်းတွေအလုံးစုံကို သိသွားလို့ဖြစ်မှာပေါ့

ထိုင်နေရာမှ သူမ ထလိုက်ပြီး  မတ်တပ်ရပ်နေသည့် Renjunအနားသို့ တိုးကပ်သွားကာ
မဲ့ပြုံးပြုံးလိုက်သည်

"  အဲ့တော့ ဘာဖြစ်လို့လဲ
ငါက နင့်လို သူများရဲ့ ဘဝ ကိုဖျက်ဆီးတဲ့လူမဟုတ်ဘူး
ငါ သိချင်တာကို ငါ့ဘာသာစုံစမ်းတာကနင်နဲ့ဆိုင်လို့လား  "

ထို့နောက် သူမပြောချင်ရာပြောခဲ့ပြီး အိမ်ထဲမှထွက်သွားခဲ့သည်
သူမ ဘယ်ကိုသွားသလဲတော့ အတိအကျမသိရပေမယ့် ဒါဟာကောင်းတဲ့ကိစ္စတော့မဟုတ်ပြန်ပါ

ယခု ဧည့်ခန်းမဆောင်မှာ ကျန်ရစ်နေခဲ့သည့် အမျိုးသားကတော့
လက်သီးကျစ်ကျစ်ဆုပ်ထားရင်း မျက်မှောင်ကျုံ့ထားသည်မို့ သူဟာ အလွန်အမင်းဒေါသထွက်နေပုံပေါက်သည်
အချိန်တွေ အတော်ကြာကြာပြောင်းလဲသွားသော်လည်း အတိတ်ကအမဲစက်ကြီးက အရိပ်လိုလိုက်လာသည်က
အတော့်ကို စိတ်ပျက်ဖို့ကောင်းသည်

𝕄𝕣.𝕃𝕖𝕖 & ℍ𝕚𝕤 𝕋𝕠𝕪 [NOMIN✔]⚠Où les histoires vivent. Découvrez maintenant