19

486 28 6
                                    


(Zawgyi)



အေးချမ်းလှသည့် ညအချိန်၌  ဟန်မြစ်အနီးနားတွင် အနက်ရောင် ကား သုံး၊လေး စီးလောက် ဖြတ်သွားခဲ့လေသည်။
အချိန်အားဖြင့် အတော့်ကို နောက်ကျနေပြီဟု ဆိုရမလားပဲ ။ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်လျက်ရှိနေပြီး  လူ သူ ကင်းမဲ့စွာရှိနေပါသည်။

ထိုကားများသည်  ဟန်မြစ်၏  လူသူကင်းမဲ့သော နေရာ အရပ်သို့ရောက်သည်နှင့် ချက်ချင်း စက်ရပ်လိုက်သည်။
ထိုထဲမှ  ခပ်ထွားထွားလူကြီးများက ထွက်လာခဲ့သည်။

ဘေးပတ်ဝန်းကျင်နှင့်  လက်ထဲက နာရီအား မီးရောင်ဖြင့်ကြည့်နေမိ၏။ ဘေးတွင် လူသူမရှိတော့မှ  သူတို့က အချက်ပြလိုက်သည်။
ထိုသည်နှင့် နောက်တစ်စီးမှ  လူနှစ်ယောက်ထွက်လာသည် ။ ထို့နောက်  ကောင်လေးငယ် တစ်ယောက်ကို ပွေ့ချီထားတဲ့ လူဝကြီးတစ်ယောက်လည်း ထွက်လာပါသေးသည်။

ထိုလူဝကြီး က အခြားသူတွေလိုအနက်ရောင် ဝတ်စုံအပြည့်ဝတ်ထားပေးမယ့် သူ့လက်ထဲက
ကောင်လေး ကတော့ မျက်နှာမှာ နီမြန်းနေသောအရှိုးရာတွေ ရိုက်ရာများစွာဖြင့်ရှိနေသည်။
ထို့ပြင် သူ့၏ hoodie အဖြူရောင်လေးသည်လည်း အနီရောင်သွေးများစွာ စွန်းပေနေပါ၏။

ယင်း လူဝကြီး၏ လက်ထဲက ကောင်လေးငယ် သည် သတိလစ်နေတာလား အသက်မဲ့နေလား မသိရတော့ပေ။ ငြိမ်သက်၍နေလေသည်။

အရှေ့က လူကြီးတွေ၏ အနောက်သို့ လူဝကြီးလည်းလိုက်သွားမိပါသည်။
မီးရောင်များကင်းမဲ့နေသော ညနက်အချိန်ဖြစ်လို့နေပေမယ့်  ထိုလူကြီးကတော့ ကောင်လေးကို ချီထားရင်းပင် မျက်ရည်ဝဲမိလို့နေပါ၏။

သူတို့လည်း ဘာစကားတစ်ခွန်းမှမဟ ပဲ
အားလုံးက တိတ်ဆိတ်စွာလုပ်ဆောင်နေကြပါသည်။ လူဝကြီးရဲ့ လက်ထဲကနေ ထိုအနက်ရောင်ဝတ်စုံအပြည့်နှင့် လူတစ်ယောက်က
အသက်ယဲ့ယဲ့သာရှိတော့သည့် ကောင်လေးအား ပြောင်းချီမ ရင်းဖြင့်   မြစ်ထဲသို့ ပစ်ချလိုက်တော့သည်။

ထိုလူတစ်စုအား  လက်မထောင်ပြလိုက်သူကတော့  lee groupရဲ့ အားကိုရဆုံးသော
အထွေထွေအတွင်းရေးမှုးဖြစ်မည်။
သူသည် ကားရပ်ထားသည့်နေရာမှာသာ ရှိနေ၍ လက်ထဲ၌ ဖုန်းကိုင်ထားလျက်ရှိသည်။

𝕄𝕣.𝕃𝕖𝕖 & ℍ𝕚𝕤 𝕋𝕠𝕪 [NOMIN✔]⚠Where stories live. Discover now