အဲ့က​လေးကို ကျ​နော်​​ကြောက်​တယ်​ 😖

1.7K 175 22
                                    


Zawgyi


ကိုယ်​​ပေါ်ပြိုကျလာ​သော ခပ်​​နွေး​နွေး ကိုယ်​လုံး
လေးနှင့်အတူ​​ ​​ရနံ့သင်းသင်း​လေးတစ်​မျိုးကိုပါ
ခံစားလိုက်​ရ၏..။
စူးစူးရှရှ အရိုင်းဆန်​ဆန်​ ​မွှေးပျံ့ချိုအီ
မ​နေ​သော်​ငြား ​ခေါင်းထဲရီ​ဝေမူး​ယစ်​​စေဖို့​တော့
လုံ​လောက်​သည်။

ကတ္တီပါသားမြ​သွေး​ရောင်​ အခင်းထက်​မှာ
သူရယ်
သူ့ရင်​ခွင်​ထဲ​ရောက်​​နေတဲ့အိစက်​စကိ
ခပ်​​နွေး​နွေးအရာ​လေး ရယ်

အချစ်​ဘယ်​ကစ ဆိုတဲ့ သီချင်းလို
ရနံ့ဘယ်​ကစ ဆိုပြီး သူ့ဘာသာ
Logicထုတ်​ပစ်​လိုက်​တယ်​..

ဟောသည်​​နေရာ​လေးကလား

Sehunက ထို သူ့လည်​ပင်း​လေးကို
နှာ​ခေါင်းဖျား​လေးတိုး​ဝှေ့ကာ
မွှေးကြူသည်

သည်​​နေရာ​လေးက​မွှေး​နေတာပဲလား..

ပြီး..​ဦးထိပ်​​လေး

နှဖူးထိပ်​​လေး

ပါးပြင်​​လေးပါမချန်​..

ဘယ်​​နေရာ​မွှေးလိုက်​ ​မွှေးလိုက်​ ခပ်​သင်းသင်း
ရနံ့​လေးကို ရ၏..

ကာယကံရှင်​​လေး မျက်​နှာမ​ထောက်
သူလုပ်​ချင်​ရာကို သူလုပ်​ပစ်​​နေတာ..။

တော်​ကြာ Sehunဆီကထွက်​​ပြေး​နေမှ..

Sehunက​​ရောထွက်​​ပြေးခံမယ်​တဲ့လား

မရပါဘူး​နော်

စိုးရိမ်​စိတ်​​တွေ​ကြောင့်​ လွတ်​ထွက်​သွားမှာ
စိုးလို့ တင်းတင်းဖက်​ထားမိသည်​ ။
Sehun​​သတိထားမိလိုက်​တဲ့အချိန်​မှာ
သူ့ခန္ဓာသည်​ကား ထိုရနံ့ရှင်၏ ​ထိန်းချုပ်​မှု​အောက်
ရောက်​မှန်းမသိ ​ရောက်​​နေခဲ့ပါ၏။

ဖြား​ယောင်းသူ အရှင်​ငယ်​၏ မျက်​နှာ​လေးကို
မော်​ဖူးမိ​တော့ ပြုံး​ယောင်​​ယောင်
နှုတ်​ဖူးအစုံက ကြိုလင့်​သည်​ ။
ပွင့်​အာရန်​ အရှိန်​ယူ​နေ​သော နှင်းဆီ ပွင့်​လွှာ
များသဖွယ်​ ခပ်​ဟဟနှုတ်​ခမ်း​လေး​များက
သူ၏စိတ်​ကစုန်​ကို အရိုင်းဇာတ်​သွင်း၏ ။

Perfect Lo❤e 👬(completed)Where stories live. Discover now