Missions

784 95 42
                                    

"ကျွန်တော် ဒီမှာနေမလို့ "

အထုတ်တွေဆွဲ ဝရုန်းသုန်းကား
ရောက်လာတဲ့ ကောင်လေး ၊

"ဘာလာလုပ်တာလဲ "

"လာမြူဆွယ်တာ "

ဆယ်ဟွန်း မကြောက် ၊
ဆယ်ဟွန်းရဲ့ ညီလေး မကြောက် ။
ဟုတ်တယ် ဆယ်ဟွန်းညီလေးဆိုတာ
မင်းတို့ထင်တဲ့ဟာပဲ <3

"သွားပြန်တော့ "

"ဟာ ဘာလဲ ဇွတ်တွေနှင်နေတာ
နေမှာပဲ နေမှာပါဆို "

"မင်း ကိုယ့်ကိုမကြောက်ဘူးလား "

"ဘယ်နေရာက ကြောက်စရာကြီးမို့
ကြောက်ရမှာလဲ ဦးက ဒီလောက်
ချစ်ဖို့ကောင်းတာကိုမကြောက်ပါဘူး "

ဇမ္ဗူမှာ ငါ့ဦးလောက် ဘယ်သူမှ
ချစ်ဖို့မကောင်း။
ဦးဆယ်ဟွန်းချစ်ဖို့အကောင်းဆုံးပဲ...
Kaiခေါင်းလေးကို မော်ချီပစ်လိုက်တယ် ။

"ရှိတယ် မင်းကြောက်ရမယ့်နေရာ :)))"

သူကြောက်ရမယ့်နေရာကို ပြလိုက်ရလို့
ဦးက အကြီးကြီးဆိုပြီးလန့်အော်သွားမယ် ။

မင်းတို့အတွေးတွေရပ်စမ်း!

ငါပြောမယ် လက်သီးထောင်ပြလိုက်လို့
ကြောက်ပြီးပြေးမှာကိုပြောတာ..

ပြောတာမယုံလည်းဆက်စပ်ပြီး
တွေးကြည့်ပေါ့ ။
မှောင်တာ အခွန်မှမဆောင်ရတာ  ..

"မသိဘူး မသိဘူး
အရင်ကလည်း တူတူနေတာပဲကို"

အရင်ကနဲ့အခု တူ မလား ၊
ဖွင့်ပြောထားတဲ့လူနဲ့ ဖွင့်မပြောရုံတမယ်
ချစ်နေမိတဲ့လူနဲ့ အတူတူ နေကြမှာကို ..

အမှန်ဝန်ခံရရင် ဆယ်ဟွန်း ရှက်နေတာ..
playboyပေမယ့် ဆယ်ဟွန်းက
အကန့်အသတ်နဲ့လူစားမျိုး...
အပြင်မှာပဲနန့်နန့်ထမယ်
အိမ်ထဲတော့ဘယ်ရည်းစားကိုမှ
အဝင်မခံခဲ့ဘူး။

တစ်သက်နဲ့တစ်ကိုယ်
တူစုံတွဲမနေဖူးပါဘူးနော် ..

သဘောဖြူအူစင်းလေးကို
ဖျက်စီးနေတဲ့ ကောင်စုတ်လေး ၊

ပြီးတော့ ဆယ်ဟွန်းမှာ

ဒီကောင်လေးကို အူယားလွန်းလို့
ကောက်ဝါးမိနေရင် ဘယ်လိုလုပ်ကြမလဲ။

Perfect Lo❤e 👬(completed)Where stories live. Discover now