အမှောင်ကျနေတဲ့ အိမ်ကြီးထဲမှာ
ဆယ်ဟွန်းတစ်ယောက်သာ တညလုံး
မအိပ်နိုင်ဘဲ မိုးလင်းခဲ့သောနေ့တွေက
ထိုကလေးထွက်သွားတဲ့နေ့က
စတင်ခဲ့သည် ။Kaiကတော့ ဆယ်ဟွန်းကို တခြားသူတွေနဲ့
မတူဘဲ လက်ခံနိုင် ...နားလည်ပေးနိုင်မယ်လို့ ယူဆခဲ့သည် ။တလောကလုံးကလူတွေ ဆယ်ဟွန်းဖက်မှာ
မရှိတောင် အဆင်ပြေပေမယ့်
သူတစ်ယောက်မရှိတာတော့
လုံးဝအဆင်မပြေပါ ...။ဆယ်ဟွန်းတစ်ဘဝလုံးကို ထိုကလေးလက်ထဲ ပုံအပ်ချင်ခဲ့သည် ၊
ပုံအပ်ပြီးချစ်ချင်ခဲ့သည် ၊
ဆယ်ဟွန်းမှားခဲ့တဲ့အချိန်တွေ
ရှိခဲ့တာသိပေမယ့် ဆယ်ဟွန်းကို
ထိုမျှဆိုးရွားသော အရာတွေလုပ်မယ့်သူလို့
Kai သတ်မှတ်လိမ့်မည်လို့ မထင်ထားခဲ့ဘူး။ထိုကလေးအတွက် စိတ်ယုံကြည်လုံခြုံမှုကို လုံလုံလောက်လောက် မပေးနိုင်ခဲ့ဘူးထင်သည် ..။
ဆယ်ဟွန်းကို မလိုချင်လို့စွန့်ခွာသွားသူတွေအတွက် ဆယ်ဟွန်းဖက်က အရင်စဖြတ်တောက်ခဲ့သော်ငြား Kaiဆိုသောကြိုးလေးကိုတော့ ပြတ်တောက်သွားခဲ့ရင်တောင် အထပ်ထပ်အခါခါ ပြန်ဖာထေးလို့
ဆက်ချင်မိပါသည် ။အသက်အရွယ်ကြီး၊ အတွေးအခေါ်
ရင့်ကျက်နေတဲ့လူတွေတောင်
ရှေ့အမြင်နဲ့ဆုံးဖြတ်ကြတာပဲ ...
ဒီ ၁၆ ၁၇အရွယ် ကလေးလေးက
ဆယ်ဟွန်းကို ဘယ်လိုနားလည်
ပေးနိုင်လိမ့်မလဲလေ ..ကလေးငယ်ရဲ့ စိတ်ကလေး ရှုပ်ထွေးသွားရသည့်အတွက် အားနာရပြန်သည် ။
ဆယ်ဟွန်းနဲ့ပတ်သက်လို့ ကောင်းလာနိုင်တာမရှိလို့ ကြိုတင်တားမြစ်ခဲ့တာတွေက
အချစ် ဆိုသော နာမ်က သူနှင့်ကျနော့်ကို
ရစ်ပတ်နှောင်တွယ်သည် ၊ကျနော်တို့ သိပ်ချစ်ကြပါသည် ။
အနာဂတ်တချိန်ကို ဘယ်လိုရှေ့ဆက်ကြ
မလဲ ဆိုတာတော့ ခက်ခဲနေခဲ့၏။ဆယ်ဟွန်းလည်း အသက်ကြီးလာတော့ ပူပန်တတ်လာပုံပါပဲ ...
............
"ကျွန်မ တောင်းပန်ပါတယ် ဆရာ "
ရှေ့က တငိုငို တရီရီနဲ့တပည့်မလေးကို
ကြည့်ပြီး ဆယ်ဟွန်း စိတ်မချမ်းသာ။
YOU ARE READING
Perfect Lo❤e 👬(completed)
Fanfictionအဲ့ကလေးကို ကျွန်တော် ကြောက်တယ်😖 အဲ့ကလေးကို ကျွန်တော်ကြောက်တယ်😖 #sekai #xingho #chanbaek Both Unicode and Zawgyi.