နားလည်မှု

702 111 20
                                    

တိတ်ဆိတ်နေတဲ့ ကားတွင်းဝန်းကျင်က
နည်းနည်းစိမ်းသက်နေသည်။

ပေါက်ပေါက်ဖောက်နေတတ်တဲ့အသံလေးကို
မကြားရတော့ နေရတာ အဆင်မပြေပြန် ၊

Kaiက ခေါ်တဲ့အတိုင်းလိုက်လာပေမယ့်
ကားမှန်ကိုမှီပြီးသာ အပြင်ကိုငေးကြည့်နေ၏။

မဲမှောင်နေတဲ့ကောင်းကင်မှာ
ကြယ်ရောင်ပျောက်နေသည်။
လခြမ်းကွေးလေးက
ကောင်းကင်ပြင်ထက် အထီးကျန်စွာ
တကိုယ်တည်း မျောလွင့်နေသည် ။

သူ့မျက်ဝန်းလေးတွေကလည်း
မှိုင်းညို့နေသည်။

Kaiနဲ့သူ့ဦး clubထဲ ရုန်းရင်းဆန်ခတ်ဝင်လာတာကို Taemin တွေ့လိုက်တော့ အခြေအနေကိုစောင့်ကြည့်နေခဲ့တာ ...

မှောင်ရိပ်ကျနေတာမို့ အသေးစိတ်ကိုမမြင်လိုက်ပေမယ့် မျက်ရည်တွေနဲ့ပြေးထွက်သွားတဲ့ Kaiကြောင့် စိုးရိမ်စိတ်တွေအပြင် ဒေါသတွေအုံကြွလာရသည်။

Kaiကို ဆယ်ဟွန်းက ကျနော့်ထက်
ပိုချစ်ပေးနိုင်တယ်ထင်လို့...

ကျနော်ချစ်ရတဲ့ကောင်လေး သူချစ်ရတဲ့သူအနားမှာနေရင် ပျော်ရွှင်ရမယ်ထင်လို့ ...

ကျနော် သူ့ကိုလွှတ်ထားပေးခဲ့တာ..

"Kai ..."

"..."

"Kai!"

Taeminက Kaiလက်ကိုတို့လိုက်မှ
အိပ်မက်ယောင်သူလို ထူးသည် ။

သူ့အသိစိတ်က ဒီနေရာမှာမရှိပုံပါပဲ ၊
ဟို့လူ့အကြောင်းတွေ မင်းမတွေးလို့
မရဘူးလား ။

Taemin အံကြိတ်လိုက်မိတယ် ။

"အင်း "

"အန်ကယ်Chanyeolတို့စီမပြန်ချင်ရင်
ငါ့အိမ် လိုက်ခဲ့မလား "

"...."

Kaiက Taeminအမေးကို ချက်ချင်း
မဖြေဘဲ တစ်စုံတစ်ခုကို အလျင်အမြန်
စဥ်းစားနေပုံရသည် ။

မျက်ရည်တွေ အိ ခနဲ့ ပြိုကျလာပြန်သည်။

"ဟင် Kai "

"ဖြစ်နိုင်မယ်ဆို ငါအခု သွားချင်တဲ့နေရာတစ်ခုက သူ့စီပဲ ~"

"မသွားရဘူး "

Taemin ဒီကောင်လေးကို
ဘယ်လိုလုပ်ပေးရတော့မလဲ ၊
ကားကို ဘေးတစ်နေရာထိုးရပ်လိုက်ကာ
မျက်ရည်တွေကိုသုတ်ပေးရသည် ။

Perfect Lo❤e 👬(completed)Where stories live. Discover now