ကိုယ့်ပူတူးလေးအဖြစ်ပဲနေပါ_2

1.5K 130 22
                                    


"အရက်ကိုကြိုက်လို့မသောက်ပါ..
ဒဏ်ရာတွေဆေးတာ အေ့
ပြီးတော့ ဘာတဲ့ လခွမ်း အသည်းကွဲချင်တာတောင် စာသားမရတဲ့ငါ့ဘဝပါလား "

ဟန်မြစ်ဘေးက ခုံတန်းတွေနား
ရောက်နေကြတဲ့ သူငယ်ချင်းနှစ်ကောင်။
မူးမူးနဲ့ခုံပေါ် သီချင်းတွေအော်ဆိုနေတဲ့
အညိုဆင်လေးက ရုပ်လေးချောလို့သာ
သည်းခံချင်စရာကောင်းတာ...

ဘယ်အချိန်မြစ်ထဲ ဒိုင်ပင် ထိုးပြီး
ဘိုင်ဘိုင့်မလဲလို့  ဖြတ်သွားတဲ့လူတိုင်း အသည်းတယားယားနဲ့ကြည့်သွားကြတယ်...ပုလင်းတွေတော့ပုလင်းတွေပါပဲ
မူးလည်းမူးနေကြတာတော့မှန်ပါတယ်။

ဒါပေမယ့် တစ်လုံးတည်းသော
ဆိုဂျူပုလင်းလေးကထောင်ရက်လေး
ကျန်တာက အချိုရည်ပုလင်းတွေလေ 🙃

"ဟေ့ရောင် သောက်သူငယ်ဂျင်းကောင်ရေ
အသည်းကွဲလို့မသေဘဲ
မြစ်ထဲပြုတ်ကျသေမယ်နော် ဟေ့ရောင် Bffဆိုပြီးငါ့ကိုအဖော်ညှိမယ်မကြံနဲ့
ငါ မိန်းမတောင်မရသေးဘူးကွ "

ဟုတ်တယ် တော်တို့ ပူတူးကောင်ကို
အော်တယ်ဆိုပြီးလူကိုလာပြောမနေကြနဲ့။
အရက်လေးလက်တစ်ဆစ်လောက်ကို
အချိုရည်ဒလဟောရောပြီးမူးနေတာ
အရက်သမားသိက္ခာကျစရာ၊
ရိုးရိုးမူးတာတောင်မဟုတ်ဘူး။

ဟန်မြစ်မှာမူးမှာဆိုပြီး လူကို
ဆက်တိုက်ဖုန်းခေါ်တယ်။
ဒီကလူကမှဟိုတစ်ရက်က
မာတာမိခင်မားမားဆီမှာ ကလပ်သွားတာ
မိထားလို့ ရာဇသံပေးခံပါတယ်ဆိုမှ။

မသွားတော့ဘူးလုပ်ထားပေမယ့်
ပက်ကျိပက်ကျိအသံလေးကြားတော့လည်း မနေနိုင်ပြန် ။

အရေးထဲ ပြောတဲ့စကားကိုက
ငိုကြီးချက်မနဲ့ဦးကငါ့ကိုခွဲတယ်ဆိုလို့
ဘာကိုခွဲလိုက်လို့
ငါ့သူငယ်ချင်းလေးဘာပြဲသွားလဲလို့စိုးရိမ်တကြီးလာကြည့်တာ ....
ခုတော့ သူက အရည်လေး
လက်တစ်ဆစ်လောက်နဲ့မူးပြဲနေတာ
ကောင်းကြသေးရဲ့လား!!

နရင်းလေးတစ်ချက်လောက်
အုပ်လိုက်ရရင်တော့....ငါနော်။
သနာတော့သနားပါတယ်
နှပ်ချေးတွေထွက်လို့ နှာကတရှုံ့ ရှုံ့ ။
Taeminက အင်္ကျီအောက်နားစလေးကို
ကိုင်လိုက်ပြီးkaiက်ိုခေါ်သည်။

Perfect Lo❤e 👬(completed)Onde histórias criam vida. Descubra agora