Zawgyi
တံခါးကိုအသာလေးဖွင့်..ခြေလှမ်းဖွဖွ နင်းပြီး
ဝင်လာသော လူတစ်ယောက်အဝတ်အစားက All back နဲ့ သူခိုးလိုလို
ကြမ်းပိုးလိုလို ကုပ်ချောင်းကုပ်ချောင်း ဝင်လာသည်..
အိမ်ရှေ့ဧည့်ခန်းကိုဖြတ်ပြီး ကိုယ့်အိပ်ခန်းအတွင်း
ဝင်မယ်လုပ်ရုံရှိသေး.."ဦးဦး..!!!"
ဗုဒ္ဓေါ 😩
Oh Sehunခင်ဗျာ ကျောတောင့်သွားရရှာသည်..
နဖူးကဘူးသီးလုံးလောက်ထွက်လာသောချွေးတွေကို အသာသုတ်ပြီး ဟန်ကိုယ်ဖို့ မျက်နှာကိုအချေစတိုင်ပြောင်းကာလှည့်ကြည့်လိုက်တော့...အညိုရောင်အရုပ်လေးတွေပါသော ညဝတ်ဝတ်စုံ
အဝါနုလေးဝတ်ထားပြီးဆံပင်ပျော့လေးတွေ
မျက်လုံးကိုအုပ်လုနီးပါးနဲ့ မျက်လုံးမပွင့်တပွင့်ရှိနေေ
သော ပူတူးကိုတွေ့လိုက်ရသည်"ဦးဦး..."
အိပ်ချင်မူးတူး မှိတ်လုနီးပါး မျက်လုံးတွေနဲ့ပဲ
လက်ကိုဆန့်တန်းကာ ရင်ခွင်ထဲ တိုးဝင်လာတယ်..အိပ်ချိန်မို့ မျက်မှန်ဝိုင်းလေးချွတ်ထားတာနေမှာ..
လှလိုက်တာ..ဟမ်..ဘုရားရေ.. ရင်ဘတ်ထဲကဒိန်းကနြဲကားလိုက်ရတယ်..
အမှောင်ထဲမှာ ရုတ်တရက် လူတွေ့လိုက်ရလို့
လန့်သွားတာပါ..
ဟုတ်ပါတယ်..သေချာပေါက် အဲ့ဒါကြောင့်ဒီကလေးမနက်ကျောင်းသွားရမှာကို အခုထိ
မအိပ်သေးဘူး.."သွားအိပ်တော့လေ..ပူတူး.
ဒါဘာလုပ်တာလဲ""...."
"ပူတူး...သွားတော့နော်..ဦးဆယ်လည်း
အိပ်တော့မှာ..""ဦး..ကို ကျနော်စောင့်နေတာ ..ဦးရ"
၁၅နှစ်အရွယ် အထက်တန်းကျောင်းသားလေးက
ဘွဲ့ရ အရိုးဆွေးနေပြီဖြစ်တဲ့ကြီးကောင်ကြီးမားကို
ညအိမ်စောင့်နေတယ်ဆိုတာက နည်းနည်းတော့..
ŞİMDİ OKUDUĞUN
Perfect Lo❤e 👬(completed)
Hayran Kurguအဲ့ကလေးကို ကျွန်တော် ကြောက်တယ်😖 အဲ့ကလေးကို ကျွန်တော်ကြောက်တယ်😖 #sekai #xingho #chanbaek Both Unicode and Zawgyi.