ပူတူးကို ​ချော့ပါ ဦး 😗

1.9K 202 4
                                    

Zawgyi

ဖုန်းဆက်​တယ်...!

မအား​သေး..😟

ထပ်​ဆက်​တယ်​...!

မအား​သေး..😕

ထပ်​ဆက်​တယ်​...!

စက်​တပ်​ဆင်​ထားခြင်းမရှိပါတဲ့..😐

ပူတူး​ကောင်​ 
လူကို သွေးတိုး​အောင်​လုပ်​တယ်​..

ကျ​နော်​ဖုန်းဆက်​ရင်​တန်းကိုင်​တဲ့က​လေးက..
ဒီက​လေး ဖုန်းနဲ့လူ​မကပ်​တာ​တော့မဖြစ်​နိုင်​..

ဂိမ်းသရဲ​ပူတူး​ကောင်​က ဖုန်းကို
လက်​ကမချတတ်​တာ ကျ​နော်​သိသည်​..

ပုံမှန်​ နေ့လည်​ဆို အဲ့က​လေးက
ဖုန်းဆက်​​နေကြ...ဦး ကျ​နော်
ဘာဂါစားချင်​တယ်​..ပီဇာ ပီဇာ..လာပို့​ပေးပါ
ကျောင်းထမင်းကမာတယ်​ ​တွေဘာ​တွေ
အိညှက်​ညှက်​အသံ​သေး​သေး​လေးနဲ့
ပတ်​ချွဲနှပ်​ချွဲလုပ်​တတ်​သည်​..

မနက်​က စိတ်​​​ကောက်သွားတာ​ဆို​တော
သူ့ဆက်​မှာမဟုတ်​..
မကြားရမ​နေနိုင်​ အကျင့်​ဖြစ်​သွားတဲ့ ကျ​နော်​ကပဲ
ဆက်​ရတယ်​..

အသက်​ကြီးလာရင်​ သံ​ယောဇဉ်​​တွေ
ွများလာတယ်​ဆိုတာ မှန်​တယ်​..
ကြာရင်​ကျ​နော့်​​​တော့ခက်​ပြီ..

ဒီကလူက တဖြည်းဖြည်းနဲ့အိုမင်းလာ​မှာပဲရှိတာ..

ဒါပဲရှိ​တော့တာ​ပေါ့
ဟိုစွာကျယ်​ယုန်​လုံး​ကောင်​ကိုပဲ ဆက်​ရ​တော့မယ်

"ဘာတုန်း "

တွေ့လား ထူးသံက..
ဒါ​ကြောင့် ​အဲ့ယုန်​နဲ့စကားမ​ပြောချင်​တာ

"​ဘေးနားမှာ ပူတူးရှိလား"

"ရှိရင်​ ခင်​ဗျားက ဘာလုပ်​မှာတုန်း"

အောင်​မာ..ခိုး​ပြေးမလို့​ဟေ့..😒
ဘွာ​တေး..စတာ

"ဖုန်းမကိုင်​လို့ကွ..တစ်​ခုခုများဖြစ်​​နေလားလို့.
မင်းတို့ရန်​​တွေဘာ​တွေ​တော့ မဖြစ်​နဲ့​နော်​..
ရှိရင်​လည်း ​ဖုန်း​ပေးလိုက်​"

"ဟိုဘိုး​တော်​ဖုန်း..ကိုင်​လိုက်​အုန်း
ပူညံပူညံနဲ့..ပူတူးရာ..ငါနားမခံနိုင်​ဘူး"

Perfect Lo❤e 👬(completed)Where stories live. Discover now