ဦး

777 106 35
                                    

"စိတ်မဆိုးပါနဲ့တော့ Junရာ"

Yixingက ရှေ့ကနေ ဇတ်တောက်တောက်နဲ့သွားနေတဲ့ယုန်ပုလုံးနောက်ကို ​အမှီလည်းလိုက်ရင်း ပါးစပ်ကလည်း ချော့ရပါ၏။
ခြေထောက်တိုတိုလေးတွေက
မြန်တာဆိုတာ ကလန်ကလားYixingမှာဟောဟဲလိုက် ၊

"ငါ ရဲ့ဘယ်နေရာကစိတ်ဆိုးနေတယ်လို့
မင်းက ပြောနိုင်ရတာလဲ
ဘာမဟုတ်တာကိုစိတ်ဆိုးမနေဘူး
ငါက ငါနဲ့မပတ်သက်ဘူးလို့ သတ်မှတ်ထားတဲ့ အရာပေါ် လုံးဝ စိတ်မဝင်စားတာ "

ပြောတော့ စိတ်မဆိုးပါဘူးတဲ့
လုပ်နေတာက လက်ကြီးပိုက်
မျက်နှာကြောကြီးက တင်းလို့
Yixingက ကန်းနေတာမှ မဟုတ်တာ ..

မျက်နှာဖြူဖြူလုံးလုံးလေးက 
နီနေတာများငရုတ်သီးလေးကျလို့ ၊
သူများတွေငရုတ်သီးစားရင်
နှုတ်ခမ်းတွေ ဝမ်းဗိုက်တွေပဲ
ပူတာ ဒီယုန်ငရုတ်သီးလေးကတော့ Yixingနှလုံးသားလေးကိုပါ အပူမိစေတဲ့
အရာလေး၊

နှုတ်ခမ်းလုံးလုံးလေးက ရှေ့တလန်
လောက်ထွက် လို့ နေပြီ။

မြောက်ကိုရီးယားသမ္မတကို
သွားခိုးပြေးတာမှ လွယ်အုန်းမယ်

Junmyeonဒေါသ လေပင့်လို့ကတော့
Yixingတစ်ယောက် အတောင့်လိုက်လေးတောင်ကျန်ပါ့မလား။

မင်းစိတ်မဆိုးဘူး ၊
ငါပဲ ကန်းပေးလိုက်ပါမယ် ။

Yixingကန်းသွားပြီ ။
Junmyeonကသူ့ကို စိတ်ဆိုးနေတာ
မဟုတ်ဘူး...

"ပြော မင်းက ငါစိတ်ဆိုးနေတယ်လို့
ဘာကြောင့်ထင်ရတာလဲ ပြော....!!
ငါဘာတွေများလုပ်မိခဲ့လို့ မင်းက
စိတ်ဒုက္ခလိုက်ပေးနေရတာလဲ!!
ငါတောင်းပန်တယ် !!ဒီလိုတောင်းပန်တယ်! ကျေးဇူးပြုပြီး ငါ့ကိုမင်းဦးနှောက်ထဲက ထုတ်ပစ်ပေးပါ!! "

Xingရှိရာ အနောက်ကို ရုတ်တရက် လှည့်လာပြီး Junmyeonဟာ အော်သည်။

စိတ်အလိုမကျတာတစ်ဝက် ဒေါသတစ်ဝက်
နဲ့မျက်နှာလေးက ဝမ်းနည်းမှုလေး အနည်းငယ်ကိုလည်းတွေ့ရသည်။

အမြဲတမ်းတွေ့တာနဲ့ ကိုက်နေကြတဲ့သူတို့နှစ်ယောက်က ကမ္ဘာမကြေ ရန်သူတော်တွေလိုနေလာကြရာက အိပ်မိသွားလို့ရုတ်တရက် ချစ်လှပါချည်ရဲ့ဆိုပြီးနောက်ကတကောက်ကောက် လိုက်နေတာကို Junmyeonဘယ်လိုမှ နားမလည်နိုင် ၊

Perfect Lo❤e 👬(completed)Where stories live. Discover now