ယုံကြည်မှု ?

738 101 32
                                    

ရုပ်ရှင်တွေထဲ မင်းသားနဲ့မင်းသမီး
စောင်တစ်ထည်တည်းကိုကပ်စီးကုပ်ပြီး
အတူတူ ခြုံတယ် ပြောခဲ့တဲ့ဆယ်ဟွန်းဟာ
သူ့ပိုင်ဆိုင်မှုလေးကိုရင်ခွင်ထဲ သိမ်းထုပ်လို့
ပိုင်စိုးပိုင်နင်း အလွတ်မပေး။

ဗီရိုထဲ သိမ်းထားတဲ့စောင်အထူကြီးက
ပုတ်ပြနေတယ် မြင်လား...

စောင်တစ်ထည်ကို နှစ်ယောက် မျှဝေ
သုံးနေရတဲ့ခံစားချက်က တကယ်ကို
ကောင်းတာ...

မင်းတို့ သိလား ..

မေးခွန်းကို ဒီမှာပဲ ရပ်လိုက်ပါ့မယ် ။
ဆယ်ဟွန်းလို ပူပူနွေးနွေး rsရှိလူတန်းစားလေးကမနှိမ်တတ်ပါဘူး။

အခု သူတို့နှစ်ယောက်က ကြယ်ကြည့်နေကြတာတော့ မဟုတ်ဘူး။

ဧည့်ခန်းထဲက မှန်တွေအပြည့်ကာထားတဲ့
ရှေ့ထိုင်ပြီးမိုးရွာတာကြည့်နေကြတာ ...

မိုးစက်တွေက ပြတင်းမှန်ကို ဖြည်းဖြည်းမှန်မှန် ရိုက်ခတ်သည် ။
ခဏလေးတင်ကျန်ခဲ့ပြီး ပြန်စီးဆင်းသွားတဲ့
ရေစက်လေးတွေ၊
တသိမ့်သိမ့်ခံစားချက်ကို ပေးသည်။

ဆယ်ဟွန်း ပင်ပန်းလာတိုင်း ရှုခင်းကြည့်ရအောင်လို့ မှန်တွေနဲ့ပဲ လုပ်ထားခဲ့တာ
အဆင်ပြေသွားတယ် ..

ဆယ်ဟွန်းက တဘတ်တထည်နဲ့
အလုပ်ရှုပ်နေပြန်သည်။

တစ်ခါ သုတ်ပြီးရင် တစ်ခါ နမ်းတယ် ၊
အခု official skinshipလို့ရပြီလေ။
ဆယ်ဟွန်း ပီတိတွေဖြာ အီးအီးတွေပါ ..

သူက ပီတိဖြာနေပေမယ့် ဟိုကလေးက
ပေစောင်းစောင်းဖြစ်နေပြီ။
မျက်နှာကိုတမွတ်မွတ်နဲ့ ၊

"ဦး နှုတ်ခမ်းမွေးတွေက စူးတယ်
ယားတယ် "

"အခုတလော မရိတ်ဖြစ်ဘူး
ထင်တယ် "

"ဘာလို့လဲ ပဲများချင်လို့မရိတ်တာမလား"

Kaiက ဆယ်ဟွန်းရဲ့မေးစေ့တဝိုက်ကို
လက်ချောင်းလေးတွေနဲ့ဆော့နေရင်း
စူပုတ်ပုတ်မေးသည်။

သူများတွေ မုတ်ဆိတ်ကျင်စွယ်တွေထွက်ရင်
လူရိုင်းကြီးလိုဖြစ်သွားလောက်ပေမယ့်
ပူတူး ဦးကတော့ မေးရိုးချွန်ချွန်က ပိုယောကျ်ားပီသလာပြီး အဝေးက ကြည့်ရင်
စိမ်းမြနေတယ် ။

Perfect Lo❤e 👬(completed)Tempat cerita menjadi hidup. Temukan sekarang