တဖြေးဖြေးနဲ့သိလာခဲ့တာတော့ wu yifan ဟာအရမ်းကို သန်မာတယ်ဆိုတာပဲ။
တစ်ခါတစ်လေတော့လဲ သူကကျနော့်ကိုအရှက်ရစေတယ် သူ့ကိုသာကျနော့်အကိုတစ်ယောက်အနေနဲ့စသိခဲ့ရင် ကျနော်အလေးစားရဆုံးအကိုဖြစ်နေမှာပါ wu yifan ကျနော်တို့သာဒီလိုမဆုံတွေ့ဖြစ်ခဲ့ရင်ပေါ့။
အခုလဲ wu yifan အရံသင့်ထုတ်ပေးထားတဲ့အဝတ်လေး ကိုဝတ်ပြီး ထမင်းစားခန်းထဲမှာနက်စာပြင်ပေးပြီးကျနော်ရောက်လာတဲ့အချိန်ထထထွက်သွားတတ်တဲ့ wu yifanစီကိုဆင်းလာခဲ့လိုက်တယ် ။ပထမစစချင်းတော့အဝတ်အစားထုတ်မပေးပင်မယ့်အခုနောက်ပိုင်းကျနော် တစ်နေ့ တစ်နေ့တွဲဝတ်တဲ့ အဝတ်စားတွေကိုမှတ်ထားတယ်ထင်ပါရဲ့ ကျနော်တွဲဝတ်နေကျပုံစံမျိုးလေးပဲထုတ်ပေးထားတတ်တယ် ခင်ဗျား ကstrong ဖြစ်လွန်းတယ် wu yifan ရုပ်ကလေးနဲ့မှမလိုက် ဘဝပေးအခြေနေနဲ့မှမလိုက် ခင်ဗျားသန်မာနေလိုက်တာ။
ကျနော်ထမင်းစားခန်းထဲဝင်လာလိုက်လိုက်တယ် ကျနော့်ခြေသံကြားတာနဲ့ မီးဖိုးခန်းထဲကထွက်ဖို့ပြင်နေတဲ့ခင်းဗျားရယ်ပါလေ မှတ်မှတ်ရရသူလုပ်ပေးတဲ့မနက်စာသွန်ပြစ်လိုက်ကတည်းက ကျနော်နဲ့မျက်နှာခြင်းမဆိုင်တော့တဲ့ wu yifan ။
ခင်ဗျားဘယ်သူ့အားကိုးတွေနဲ့ မာနကြီးနေနိုင်တာလဲ wu yifan ကျနော်ကခင်ဗျားယောကျာ်းရယ်ပါ ခင်ဗျားအဲ့ လောက်မာနတွေခေါင်ခိုက်မနေသင့်ဘူးလေ ကျနော်မနက်စာလေးသွန်မိခဲ့ယုံတင်ပါ။
ထွက်သွားဖို့ပြင်နေတဲ့ wu yifan ကိုလက်မောင်းကနေဆွဲထားလိုက်တယ်။
"ခင်ဗျားကျနော်နဲ့ဝေးဝေးနေ wu yifan" ကျနော်ပြောလိုက်တော့ငုံ့ကျသွားတဲ့မျက်နှာလေး နီရဲလာတဲ့နှာခေါင်းထိပ်လေး ကျနော်ကလေ ခင်ဗျားရဲ့ အခုလိုအားငယ်နေတဲ့ ပုံလေးကိုသိပ်အူယားတာ ယုန်လေးလိုဖြူစင်တဲ့ ခင်ဗျား ယုန်လေးလိုတုန်ယင်ပြီးကြောက်နေရင်လဲ သိပ်ချစ်ဖို့ကောင်းတယ်ဆိုတာ ခင်ဗျား မသိလေရော့သလား။
"ကိုယ် ကိုယ် အခုပဲထွက်သွားမလို့ပါ"
ခေါင်းလေးငုံ့ပြီး တိုးတိုးလေးနဲ့ တုန်တုန်ယင်ယင်ထွက်လာတဲ့ခင်ဗျားအသံလေး
ရပြီ ကျနော့်တစ်နေ့တာအတွက်ပြည့်စုံပြီ wu yifan ။
YOU ARE READING
Blind
Fanfictionမျက်စိမမြင်တဲ့ကောင်လေးနဲ့ လူကြီးတွေအတင်းစီစဉ်လို့ လက်ထပ်ရတဲ့ အတွဲဟာ အဆင်ပြေနိုင်ပါ့မလား